Border News Agency
လောက်ကိုင်၊ စက်တင်ဘာ ၂၇။
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့လောက်ကိုင်မြို့မှာ ပြုလုပ်တဲ့ လမုန့်ပွဲတော်ဆီ အာရက္ခတပ်တော် (AA)၊ တအာင်းတပ်မတော် (TNLA) နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ စက်တင်ဘာလ၂၅ ရက်နေ့ကအတူတကွ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ကိုးကန့်ခေါင်းဆောင်ဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌတာခူးလန်းနဲ့ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်တို့တက်ရောက်ခဲ့တာကို ကိုးကန့်သတင်းပြန်ကြားရေးရဲ့ မှတ်တမ်းဓာတ်ပုံတွေမှာ ဖော်ပြထားတာပါ။
နယ်မြေအငြင်းပွားမှုကြောင့် ပြီးခဲ့တဲ့ မတ်လက MNDAA နဲ့ TNLA တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် နှစ်ဝက်ခန့်အကြာမှာ ယခုလို TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ ပြန်လည်တက်ရောက်လာတာလည်းဖြစ်ပါတယ်။
MNDAA နဲ့ TNLA တို့က အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်ထားပေမဲ့ AA ကတော့ဆက်လက်တိုက်ခိုက်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေကိုလည်း ပြန်လည်ခုခံကာတပ်စခန်းတွေကို သိမ်းပိုက်နေပါတယ်။



















