Border News Agency
ထိုင်း၊စက်တင်ဘာ ၂၆။
မြန်မာနိုင်ငံရဲ့ပဋိပက္ခကို မြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီး ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ်အနုတင်ချာန်ဝီရကူးလ်က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ မြန်မာဦးဆောင်တဲ့ဖြေရှင်းချက်တွေကို ထောက်ခံကြောင်းနဲ့အာဆီယံအဖွဲ့ဝင်တေ၊နိုင်ငံတကာမိတ်ဖက်တွေနဲ့ပူးပေါင်းကာ မြေပြင်တိုးတက်မှုတွေရရှိအောင် အပြုသဘောဆောင်ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ငြိမ်းချမ်းရေးဆိုတာဟာ စစ်ပွဲမရှိရုံမျှမဟုတ်ဘဲသဘောထားကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းတာဖြစ်ကြောင်း အနုတင်ကမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့တာပါ။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေတိုက်ဖျက်ရေးအတွက်လည်း နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ်အနုတင်ဟာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံသို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သူတဦးလည်းဖြစ်ပါတယ်။










