Border News Agency
ဝက်လက်၊ စက်တင်ဘာ ၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ရပ်တည်နိုင်ရေးအတွက် အသိပေးစာစောင်တွေဖြန့်ဝေခဲ့ကြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပြည်သူ့အသံကို ကိုယ်စားပြုသူဖြစ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒရဲ့အရေးပါမှုကို ဖော်ပြဖို့ ခုလိုစာစောင်တွေဖြန့်ဝေရတာဖြစ်ပါတယ်။
ပြည်သူ့အာဏာ ပြည်သူ့လက်ထဲရောက်တဲ့ အထိ ပြည်သူနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုကြပါတယ်။













