Border News Agency
ဘန်ကောက်၊ စက်တင်ဘာ ၂၆။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၂၆ ရက်၊ ဒီနေ့မနက်ပိုင်းအထိ မိုးနှစ်ရက်ဆက်တိုက်သည်းထန်းစွာရွာသွန်းမှုကြောင့် ရတ်ချ်ဒါ-လတ်ဖရောလမ်းဆုံအနီးမှာ ရေကြီးရေလျှံမှုဖြစ်နေပါတယ်။
ရေအမှတ်မှာ လမ်းဘေးလူသွားလမ်းအထိမြင့်တက်နေတာကြောင့် လမ်းလျှောက်သွားလာသူတွေရေထုအတွင်း ခက်ခဲစွာ ဖြတ်သန်းနေကြရပါတယ်။
အဲဒီအပြင် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေပြီး လမ်းဘေးမှာ စက်ပျက်လို့စွန့်ပစ်ထားခဲ့တဲ့ မော်တော်ယာဉ်အစီးရေပေါင်းများစွာရှိနေတာကြောင့် ဆိုင်ကယ်တွေမှာလည်း ရေထဲတွန်းသွားနေကြရတာပါ။
အဲဒီရေကြီးရေလျှံမှုတွေကြောင့် ယာဉ်ငယ်တွေအနေနဲ့လမ်းကြောင်းကို ရှောင်ကွင်းမောင်းနှင်ကြဖို့အာဏာပိုင်တွေက သတိပေး နှိုးဆော်ထားပါတယ်။
















