Border News Agency
ဘင်္ဂလားဒေ့ရှ်၊စက်တင်ဘာ ၂၆။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ခ်နက်ဖ်နယ်စပ်မှာ ငါးဖမ်းသမားအဖြစ်ဟန်ဆောင်ပြီး ငါးခြင်းအတွင်းမူးယစ်ဆေးပြားတွေဝှက်ယူလာတဲ့ လူငယ်နှစ်ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)က ဖမ်းဆီးရမိခဲ့ပါတယ်။
ဇီးမ်ဘွန်ခါလီစခန်းနယ်မြေအတွင်း ပုံမှန်ကင်းလှည့်နေစဉ် မြန်မာဘက်မှငါးခြင်းတွေကိုင်ဆောင်ကာ ဝင်ရောက်လာသူနှစ်ဦးကို စက်တင်ဘာလ ၂၅ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စိစစ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေမှာ တက်ခ်နက်ဖ်မြို့၊ ဇီးမ်ဘွန်ခါလီကျေးရွာမှ အသက်နှစ်ဆယ်အရွယ် အမ်ဒီအီမရန်ဟိုစိန်နဲ့အသက်နှစ်ဆယ့်တစ်အရွယ် ရာဆဲလ်မီယာတို့ ဖြစ်ပါတယ်။
သူတို့ကိုင်ဆောင်လာတဲ့ငါးခြင်းတွေကိုစစ်ဆေးရာမှ အပြာရောင်ကတ်ထူဖုံးလေးခုနဲ့ထုပ်ပိုးထားတဲ့ မူးယစ်ဆေးပြားပေါင်းလေးသောင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးတွေကို မြန်မာနယ်စပ်ဘက်မှရယူကာ ဈေးကောင်းရရှိရေးအတွက်သယ်ဆောင်လာတာဖြစ်ကြောင်း ဖမ်းဆီးခံရသူတွေကဝန်ခံထားပါတယ်။
သူတို့ကို ဥပဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။
ဓာတ်ပုံ-BGB
Website –
X (Twitter) – https://x.com/BNABurmese
Telegram – https://t.me/bordernews
#ဘင်္ဂလားဒေ့ရှ်နိုင်ငံ #တက်ခ်နက်ဖ်နယ်စပ် #မူးယစ်ဆေးပြား #BNA
















