Border News Agency
မလေးရှား၊ အောက်တိုဘာ ၈။
မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်နဲ့ အောက်တိုဘာလ ၈ ရက်၊ဒီနေ့ မနက်ပိုင်းမှာ ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံးမှာတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ်နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုခိုင်မာရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အခြားကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဒီခရီးစဉ်ဟာ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအတွက် မလေးရှားနိုင်ငံကိုသွားရောက်တဲ့ ခရီးစဉ်တခုလည်းဖြစ်ပါတယ်။











