Border News Agency
မြိတ်၊ အောက်တိုဘာ ၁၅။
မလေးရှားနိုင်ငံမှာအခက်အခဲကြုံတွေ့နေရတဲ့မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနေသလို အောက်တိုဘာလ ၁၄ မှာ မြန်မာနိုင်ငံသား တရာ့လေးဆယ့်နှစ်ဦး မြိတ်ဆိပ်ကမ်းသို့ရောက်ရှိလာပါတယ်။
နှစ်နိုင်ငံအစိုးရညှိနှိုင်းမှုနဲ့ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူတွေထဲမှ တနင်္သာရီတိုင်းဒေသကြီး ဒေသခံတွေကို စစ်ရေယာဉ်ပြည်တော်အေး (၄)နဲ့ မြိတ်မြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့တာပါ။
အဲဒီပြန်ရောက်လာသူတွေကို တာဝန်ရှိသူတွေက မြိတ်မြို့ ဆိပ်ငယ်ဗောတံတားမှာ ကြို
ဆိုခဲ့ကြပြီး အားကစားခန်းမမှာ ယာယီနေရာချထားပေးကာ ထားဝယ်နဲ့ ကော့သောင်းဘ
က်သို့ ဆက်လက်ပို့ပေးသွားမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံအပါအဝင် နိုင်ငံတကာဖိအားတွေကိုလျှော့ချဖို့နဲ့ သူတို့ရဲ့ ပုံရိပ်ကောင်းအောင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ပေးနေတယ်လို့ အသိပေး ပြောဆိုနေတာပါ။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးနေကြရသလို ပြန်လည်ရောက်ရှိလာသူတွေထဲမှ လူငယ်တွေကိုလည်း စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးစုဆောင်းခံရမည်ကို စိုးရိမ်မှုတွေရှိနေပါတယ်။








