Border News Agency
မြိတ်၊ အောက်တိုဘာ ၁၇။
ကရင်အမျိုးသားအစည်းအရုံး၊မြိတ်-ထားဝယ်ခရိုင်ရှိ ကစယ်ဒိုမြို့နယ်၊ လှဘောကျေးရွာအုပ်စု၊ တာလေးခိုကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခရစ်ယာန်သာသနာပိုင် အဆောက်အအုံပျက်စီးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အမတ (၃၀၉) တပ်ရင်းဟာအောက်တိုဘာလ ၁၄ ရက်နေ့ မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ခန်းမဆောင်တလုံး ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးတာမရှိခဲ့ပါဘူး။
ဒါပေမယ့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမြိတ်-ထားဝယ်ခရိုင်က အသိပေးထုတ်ပြန်ထားပါတယ်။








