Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၁၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ကြက်ဈေးရပ်ကွက်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးအပါအဝင်အရပ်သားနှစ်ဦးသေဆုံးပြီးခုနှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ရှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကကြက်ဈေးရပ်ကွက်ရှိ လူနေအိမ်တွေ၊ဘုန်းကြီးကျောင်းနဲ့ မူလတန်းစာသင်ကျောင်းအနီးသို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကြက်ဈေးရပ်ကွက်မှအသက် နှစ်ဆယ့်သုံးနှစ်အရွယ် မနုနုဝင်းနဲ့အသက်နှစ်ဆယ် နှစ်အရွယ်ကိုဇော်ဟိန်းသူတို့သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူရှစ်ဦးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။
အဲဒီအပြင် အသက်ခုနှစ်နှစ်အရွယ် မောင်အောင်သန့်ဟိန်း၊အသက်နှစ်ဆယ်နှစ်အရွယ် ကိုမျိုးနိုင်ထွန်း၊အသက်နှစ်ဆယ့်တနှစ်အရွယ် ကိုမျိုးချစ်မောင်၊အသက်နှစ်ဆယ့်ကိုး နှစ်အ
ရွယ် ကိုမင်းဖြိုးထွန်း၊ အသက်သုံးဆယ်နှစ်အရွယ် ဒေါ်လင်းသု၊ အသက် သုံးဆယ့်သုံးနှစ်အရွယ် ဒေါ်နှင်းဦး၊ အသက်ခြောက်ဆယ့်တစ် နှစ်အရွယ်ဒေါ်နုနုအေး နဲ့ အသက်ခြော
က်ဆယ့်ရှစ်နှစ်အရွယ် ဦးမောင်ဝင်းစိန်တို့ ဒဏ်ရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကိုအာဏာသိမ်းစစ်လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာကြောင်း လေကြောင်းရန်သတိထားကြဖို့ အာရက္ခတပ်တော်ကသတိပေးထားပါတယ်။










