Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၁၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့၊ကြက်စျေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းကို နိုဝင်ဘာလ ၁၂ ရက်၊ ညနေအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူတွေရဲ့ အမည်စာရင်းနဲ့ အချက်အလက် အတိအကျကို ဆက်လက်စိစစ် အတည်ပြုနေဆဲဖြစ်ပါတယ်။
အဲဒီအပြင် စာသင်ကျောင်း အပါအဝင် အနီးဝန်းကျင်ရှိ အဆောက်အအုံတွေလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။










