Border News Agency
မင်းတပ်၊ နိုဝင်ဘာ ၁၃။
ချင်းပြည်တောင်ပိုင်း၊မင်းတပ်မြို့နယ်၊တိုက်နယ် ၁၂ ရှိ ကျေးရွာတရွာနဲ့ မင်းတပ်-မတူပီ ကားလမ်းဘေးတနေရာကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ နှစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမတူပီကားလမ်းဘေးတနေရာကို နိုဝင်ဘာလ ၁၂ ရက်၊ ည ၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခြောက်ဆယ်ဝန်းကျင်အရွယ် အမျိုးသားတဦးနဲ့ အသက်သုံးဆယ် ကျော်အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့အပါအဝင် ပြည်သူ့နေအိမ် ဆယ်လုံးကျော် ပျက်စီးသွားခဲ့ပါတယ်။



















