Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၂၆။
ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းကို နိုဝင် ဘာလ ၂၅ ရက်၊မနေ့က မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးလေ့ကျင့်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်သုံးစင်းရောက်နေပါတယ်။
အဲဒီဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နဲ့ ထောက်ပံ့ရေးရေယာဉ် Pechenga ဖြစ်ပါတယ်။
အဲဒီစစ်ရေယာဉ်တွေကို မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ရုရှားရေတပ်က ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆေးအနာတိုလီဗစ်ရှ်ကီယာရှ်ကိုနဲ့ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနဲ့ တာဝန်ရှိသူတွေ၊ တပ်မတော်(ရေ)က အရာရှိကြီးတွေ၊ စစ်သည်တွေကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
အဲဒီရန်ကုန်မြို့ရှိ အထင်ကရနေရာတွေကို သွားရောက်လေ့လာလည်ပတ်တာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။







