(ပေးစာကဏ္ဍ)
Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၇။
အာရက္ခတပ်တော်(AA)ရဲ့ ဗီတာ ၁ စစ်ဒေသမှာဒဏ်ရာရလို့ ဆေးကုသမှုခံယူနေကြတဲ့ တပ်ဖွဲ့ဝင်တွေအပေါ် အရာရှိတချို့ရဲ့ ဆက်ဆံမှု၊ဆေးကုသခွင့်နဲ့ တာဝန်ထမ်းဆောင်ခိုင်းမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေကြားမှာ စိတ်ပျက်စရာနဲ့ ခံစားချက်မကောင်းတာတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဒဏ်ရာရတပ်ဖွဲ့ဝင်တဦးက Border News Agency ကတဆင့် အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆီ ရောက်အောင်တင်ပြပေးပါဆိုပြီး ရင်ဖွင့်စာပေးပို့လာပါတယ်။
အဲဒီစာကို ပေးပို့လာတဲ့ ရခိုင်စကားအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
“ဗီတာ ၁ စစ်ဒေသဟိဆီးနားတပ်ဖွဲ့ဝင်တိကို တာဝန်ယူခရေ ဗိုလ်ကြီးသန်းအောင်ဝင်းမှာ ဆီးနားတပ်ဖွဲ့ဝင်တိအပေါ် ပြုမူဆက်ဆံပုံမှာ အထင်အမြင်သေးနိန်ပါရေ။”
“ဒဏ်ရာနန့်ဆီးနားနေသောတပ်ဖွဲ့ဝင်တိကို ကြည်ဖြူစွာမဟိပါ။ ဆီးနားတိကို အလုပ်လုပ်ဖို့၊တာဝန်ထမ်းဆောင်ဖို့ကိုရာ ဖိအားပီးတိုက်တွန်းပါရေ။”
“တာဝန်ထမ်းဆောင်နိုင်အောင် ဆီးကုသဖို့ကျကေ အလေးထားဆောင်ရွက်ပီးစွာမဟိပါ။ ဆီးနားတိစွာ အလုပ်ကျကေမလုပ်ချင် အခွင့်အရီးကျကေ လိုချင်ကပ်တေဆိုရေစကားကို ပြောလာပါရေ။”
“အမှန်ဆို တပ်ထဲသို့ ဝင်လာစွာ အခွင့်အရီးလိုချင်လို့မဟုတ်ပါ။ ဒဏ်ရာမသက်သာလို့ အနားယူနီစွာမှာ အချိန်မီဆီးကုသမှုမရခါ ဒဏ်ရာကပိုလို့ကြာလားရစွာဖြစ်ပါရေ။”
“ဗိုလ်ကြီးသန်းအောင်ဝင်းမှာတပ်ဖွဲ့ဝင်တိကို အတင်းတာဝန်ကို ထမ်းဆောင်ခိုင်းပြီးကေ ကိုယ်တာဝန်ထမ်းဆောင်ချင်ရေနီရာကို ပြောဆိုပနာတင်ပြကေလည်း အခွင့်အရီးယူရေ ဆိုပြီးကေ အပြောခံရပါရေ။”
“တင်ပြစွာများကေလည်း နိန်ရာတိုင်းမှာ မင်းနာမေဂျေးကာပါလတ်။ ယပြီးက အမြင်ကတ်စိတ်နန့်သူပို့ချင်နီရာကို ပို့လိုက်ပါရေ။ ဆီးနားနီရေတပ်ဖွဲ့ဝင်တယောက်စီ၏ ဒဏ်ရာအခြေအနေကို ဗိုလ်ကြီးသန်းအောင်ဝင်း တခါလေ့မမိန်းဖူးပါ။”
“ယင်းပိုင် မီးမြန်းစစ်ဆီးစွာမလုပ်ဘဲ တာဝန်ထမ်းဆောင်ဖို့ ပို့လိုက်လို့ တာဝန်ထမ်းဆောင်ရေခါဒဏ်ရာကတခုခုဖြစ် လာကေ ယင်းအရာဟိကဇာလို့တာဝန်ယူမှု မဟိကပ်လဲဆိုစွာကို ဗိုလ်ချုပ်ကိုသိစီချင်ပါရေ။”
”ယပြီးကေ ဗိုလ်ကြီးသန်းအောင်ဝင်းက မင်းရို့စွာဆီးနားမှာနီကေ အလုပ်လုပ်ဖို့မလို။ ရီလည်းအဆင့်သင့်။ထင်းလည်းပူစရာမလို အဆင်သင့်ဖြစ်လို့ ဆီးနားမှာနိန်ချင်ကတ်တေဆိုပနာ မညှာမတာပြောပါရေ။”
“ဗိုလ်ကြီးသန်းအောင်ဝင်းစွာ ဆီးနားတပ်ဖွဲ့ဝင်တိကို ယင်းပိုင်ပြောဆိုပြီးကေ သူပို့ချင်ရေဌာနသို့ သူ့စိတ်သဘောနန့် သူပို့ဆောင်ပါရေ။”
“ယင်းတပ်ဖွဲ့ဝင်၏ သဘောထားဆန္ဒကို မိန်းမြန်းခြင်းမဟိပါ။ ဆီးနားကေလည်း ငါလုပ်ပိုင်နီရဖို့ဆိုရေ အာဏာရှင်စိတ်ကို ကိုင်စွဲထားရေ အရာဟိတယောက်ဖြစ်ပါရေ။”
“ယေဇူးနန့် ဗိုလ်ကြီးသန်းအောင်ဝင်းပိုင် ဒဏ်ရာရဆီးနားတိကို အလုပ်မလုပ်ရ ရီအဆင့်သင့် ထင်းအဆင့်သင့်ရလို့ ဆီးနားမှာ နိန်ချင်ကတေဆိုရေ တဖက်သတ်အမြင်ကိုလေ့ တခြားအရာဟိတိ မထားစီဖို့ ဗိုလ်ချုပ်ကို တင်ပြစီချင်ပါရေ။”
“တခါက ဆီးနားတပ်ဖွဲ့ဝင်ရို့ကို သုံးဆယ့်တရဲတပ်ရင်းခန်းမမှာ တွိ့ဆုံရေခါ တပ်ဖွဲ့ဝင်တယောက်က တာဝန်မထမ်းနိုင်ဘဲ တာဝန်ထမ်းဆောင်ခိုင်လို့ ကိုယ့်ကိုကိုယ်ရာသတ်လို့ သီလားချင်ရေလို့ ပြောလိုက်တေစကားကို ဗိုလ်ကြီးသန်းအောင်ဝင်းက မင်းရို့သတ်သီဖို့ ဆိုကေလည်း ငါ့ကိုပြော…ငါ့ပါးက ပစ္စတိုကို ထုတ်လို့ပီးဖို့၊ပြီးကေ စာရွီးပနာတင်ပြလိုက်ကေပြီးယာ ဆိုပနာ ကိုယ်ချင်းစာစိတ်ကင်းမဲ့ရေစကားကို ကြားရခါ စိတ်မကောင်းဖြစ်မိပါရေ။”
“ယင်းပိုင်နန့်ကျနော်ကလည်း ဗိုလ်ကြီး သန်းအောင်ဝင်းပြောရေစကားတိကို ရှက်မိလခလို့ ဆီးနားမှာမနီချင်ဘဲ တာဝန်မထမ်းဆောင်နိုင်ဘဲ ထမ်းဆောင်ဖို့ ရွေးချယ်ခပါရေ။”
“ဆီးကုသဖို့ကျကေ အပြည့်အဝဆောင်ရွက်ပီးခြင်းမဟိပါ။တာဝန်ထမ်းဆောင်နီယင်း ဒေဂုဆိုကေ အတွင်းဒဏ်ရာအခြေအနေမှာ တာဝန်ထမ်းဆောင်ဖို့ ပိုလို့ အဆင်မပြေဖြစ်လာပါရေ။”
“ဆီးနားကေလည်း လက်စုံခြီအစုံ ဟိနီသိမ့်လို့ အမြင်ကတ်စွာခံရပါရေ။ လက်ကလည်းပုံမှန်လူတယောက်ပိုင် လုပ် ဆောင်လို့အားမရဘဲ ကျန်တဖက်ကိုရာ အားပြုလို့လုပ်ရပါရေ။”
“ယေဇူးနန့် ဒဏ်ရာအခြေအနေကို သေ ချာအောင်စစ်ဆီးမီးမြန်းခြင်းမဟိဘဲ ယင်းအရာဟိ၏ သဘောထားအတိုင်း တာဝန်ထမ်းဆောင်ဖို့ ဒဏ်ရာရတပ်ဖွဲ့ဝင်တိကို ဖိအားပီးပနာ ဆုံးဖြတ်ပိုင်ခွင့် မပြုစီချင်ပါ။”
“ပြုခကေလည်း ဖြစ်လာရေအခြေအနီကို တာဝန်ယူမှုတာဝန်ခံမှဟိစီချင်ပါရေ။တာဝန်မထမ်းဆောင်နိုင်သိမ့်ရေအတွက် ဆရာဝန်၏ခွင့်ပြုချက်ကို တောင်းခံပနာ မိဖအိမ်မှာဆီးနားခွင့်ကို ခွင့်ပြုပီးစီချင်ပါရေ ဗိုလ်ချုပ်။”
“ဆီးနားအဖြစ်နီပြီး အလုပ်ကိုမလုပ်နိုင်ခါမှပြစ်တင်ပြောဆိုခံပနာ မနီချင်လို့ပါ။အင်္ကျီဖွတ်၊ထမင်းစား၊ရီချိုးဖို့စာကိုတောင် တယောက်တည်းအားမရစွာကို ယင်းအရာဟိကမသိ ပြစ်တင်ပြောဆိုဖို့လောက်မြင်ရေအရာဟိလက်အောက်မှာလည်း စိတ်မချမ်းသာဖြစ်ရပါရေ။”
“ယင်းပိုင်ဒဏ်ရာအခြေအနီတိကြောင့် တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေသိမ့်ရေတပ်ဖွဲ့ဝင်ကို အပြစ်တင်ပြောဆိုပြီး ဖိအားပီးပနာ တာဝန်ထမ်းဆောင်ခိုင်းဖို့အစား မိဖအိမ်မှာ သက်သောင့်သက်သာ အနားယူခွင့် ပြုစီချင်ပါရေ ဗိုလ်ချုပ်။”
“ဗိုလ်ကြီးသန်းအောင်ဝင်းပိုင် တပ်တော်ထဲမှာ ဒဏ်ရာရလို့ ဆီးနားနိန်စွာကို ဒေါ သနန့်ပြစ်တင် ပြောဆိုစွာကို မခံချင်ပါ။ အလုပ်မလုပ်ချင်လို့ ဆီးနားနီပုံစံမျိုး ပြောရေစကားလုံးတိကို ရှက်မိပါရေ ဗိုလ်ချုပ်။”
“အသုံးမဝင်ရာဆိုကေလည်း တပ်ထဲက ထွက်ခွင့်ပြုစီချင်ပါရေ။ကျနော်ရို့ရ ထားရေဒဏ်ရာသည် မမာ့ချေတိနန့် ခရီးလား။ပျော်ပွဲစားထွက်လို့ ရလာရေ ဒဏ်ရာတိ မဟုတ်ပါ။”
“ယေဇူးနန့်တပ်တော်ထဲမှာ ဒဏ်ရာရလို့ အပြစ်ပြောခံရစွာထက်စာကေ တိုက်ပွဲမှာ သီလားစွာပင် ကောင်းဖို့ဆိုရေ စိတ်တိဝင်လာမိရေ။”
“အမှန်ဆိုကေ ဒဏ်ရာတိမကောင်းသိမ့်လို့ တာဝန်မထမ်းဆောင်နိုင်ရေအချိန်ခါ တပ်ထဲမှာနီပြီး အဆဲအဆိုမခံချင်လို့ မိဖအိမ်မှာ နီချင်ရေ တပ်ဖွဲ့ဝင်တိကို နီခွင့်ပြုပီးနိုင်ဖို့လားလို့ ဗိုလ်ချုပ်ကို ဂါရဝထားလို့ တောင်းဆိုချင်ပါရေ။”
“ဗိုလ်ကြီးသန်းအောင်ဝင်းပိုင် အရာဟိတိကြောင့် ဆီးနားအဖြစ်နီထိုင်ဖို့၊တိုက်ပွဲမှာ ဒဏ်ရာရဖို့စွာတိကို ကြောက်မိပါရေ။ တိုက်ပွဲမှာ တခါတည်းရာ သီလားချင်မိပါရေ ဗိုလ်ချုပ်။”
“ဖြစ်နိုင်ကေ တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သိမ့် ဆီးကုဖို့ လိုအပ်သိမ့်ရေ ဒဏ်ရာရတပ်ဖွဲ့ဝင်တိအတွက် သူရို့၏ဒဏ်ရာအခြေအနေကို စီစစ်ပနာ သဘောထားကို မိန်းပြီးကေ အမိဖအိမ်မှာ နီထိုင်ခွင့် ပြုနိုင်ပါဖို့လား(သို့မ ဟုတ်)ဒဏ်ရာနန့် သင့်တော်ရေအလုပ်၊ လုပ်ကိုင်နိုင်ဖို့ အလုပ်တိကိုရာ ထမ်းဆောင်ဖို့ ခိုင်းစီချင်ပါရေလို့ ဆီးနားတပ်ဖွဲ့ဝင်တိုင်း၏ကိုယ်စား တင်ပြရင်း ဂါရဝပြုပါရေ ဗိုလ်ချုပ်။”
(မှတ်ချက် – ပြည်သူတွေ၊တပ်ဖွဲ့ဝင်တွေဟာ မိမိတို့ရင်ဖွင့်စာ၊အကြံပြုချက်၊တင်ပြလိုတာတွေကိုBorder News Agency (BNA)Page Messenger မှတဆင့်ဖြစ်ဖြစ် ၊bordernewsagency@Protonmail.comကို ဖြစ်ဖြစ် ပေးပို့နိုင်ပါတယ်။
ပေးပို့သူလုံခြုံရေးအတွက် အမည်၊ အချက်အလက်တွေကို လျှို့ဝှက်ထိန်းသိမ်းပေးထားပါမယ်။)







