Borde News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်၊ရဲမနိုင်စုကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ည ၈နာရီအချိန်က အာဏာသိမ်းစစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီမြို့သစ်ရပ်ကွက်ကို ဒီနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်တစီးမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူဆယ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိပါတယ်။
ထပ်မံလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူ ရှိ၊မရှိနဲ့ နေအိမ်အဆောက်အအုံပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်အပါအဝင် အာရက္ခဒေသကမြို့နယ်တွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။






