Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

ကြိုးနီနှင့်ဗြူရိုကရက် စုန်း၊ကဝေများ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ ဇွန် ၁။

ဗြူရိုကရေစီနှင့်အချုပ်အခြာအာဏာ

နိုင်ငံတည်ဆောက်ခြင်း(State Building)သည် အချုပ်အခြာအာဏာအား တည်ဆောက်ခြင်းဖြစ်သည်။ အချုပ်အခြာအာဏာတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ်အရတည်ဆောက်ရခြင်းဖြစ်သည်။

လူ့ဘောင်တခုတွင် အချုပ်အခြာအာ ဏာအားတည်ဆောက်ခြင်းနှင့်အချုပ် အခြာအာဏာမှ ဝန်ဆောင်မှုပေးခြင်းသည် ဒွန်တွဲနေသည်။

အချုပ်အခြာအာဏာမှ ပြည်သူလူထုအားဝန်ဆောင်မှုပေးခြင်းတွင်  သက် ဆိုင်ရာလုပ်ငန်းနယ်ပါယ်များအလိုက် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနများကို ဖွဲ့စည်းကြသည်။ထိုဝန်ကြီးဌာနများတွင် လုပ်ငန်းခေါင်းစဉ်အလိုက် ပြည် သူလူထုအား ဝန်ဆောင်မှုပေးရန်တာဝန်ခွဲဝေထားသော ဌာနများရှိသည်။ တာဝန်ခွဲဝေထားသောဌာနများ၏ဖွဲ့စည်းပုံနှင့်လုပ်ငန်းစဉ်များမှာလည်း တခုနှင့်တခုမတူညီတတ်ကြပေ။

ထိုကဲ့သို့တာဝန်ခွဲဝေထားသော ဌာနများ၏လုပ်ငန်းစဉ်များတွင် ပါဝင်နေသူများကို “ဌာနဆိုင်ရာဝန်ထမ်းများ” များဟုခေါ်သည်။

သို့ဖြစ်၍ “ဌာနဆိုင်ရာဝန်ထမ်းများ” ဟူ သည် ပြည်သူလူထုအားဝန်ဆောင်မှုပေးရန်အတွက် လုပ်ငန်းနယ်ပါယ်အလိုက် ခွဲဝေထားသောတာဝန်များကို ထမ်းဆောင်နေသူများသာဖြစ်သည်။

ပြည်သူလူထု၏လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် “ဌာနဆိုင်ရာဝန်ထမ်းများ” အပေါ်တွင် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များသည် အမြဲတန်းချမှတ်ပေးနေရသည်။

ထိုသို့ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များကိုချမှတ်ရာတွင် ယေဘူယျအားဖြင့် ပုံစံနှစ်မျိုးရှိသည်။ “မည်သည့်ကိစ္စရပ်အား မည်သို့လုပ်ဆောင်ရမည်” ဆိုသောပုံစံနှင့် “မည်သို့ရှင်သန်လည်ပတ်ရမည်” ဆိုသောပုံစံဖြစ်သည်။ “ဌာန၏ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အားချမှတ်ခြင်း” နှင့် “ဌာန၏ယန္တရား၊ ဝန်ထမ်းယန္တရားအား လည်ပတ်ရန်ချမှတ်ခြင်း” ဖြစ်သည်။

သို့ဖြစ်၍ ဗြူရိုကရေစီဆိုသည်မှာ “ပြည် သူလူထု၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် “ဌာနဆိုင်ရာဝန်ထမ်းများ” အပေါ်တွင်…။

၁။”မည်သည့်ကိစ္စရပ်အား မည်သို့လုပ် ဆောင်ရမည်” ။

၂။”ဌာန၏ယန္တရား၊ဝန်ထမ်းယန္တရား
အား မည်သို့ရှင်သန်လည်ပတ်ရမည်” ကို လမ်းညွှန်ချက်များ၊ညွှန်ကြားချက်များ၊အမိန့်များ၊လုပ်ငန်းစဉ်များအား အမြဲတန်းချမှတ်ပေးခံရမှုအောက်တွင် ရှိနေရသည့် ဝန်ဆောင်မှုလုပ်ငန်းစဉ်ဆိုင်ရာ အင်စတီကျူးရှင်းဖြစ်သည်။

ဗြူရိုကရေစီသည် အချုပ်အခြာအာ ဏာမဟုတ်ပေ။အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည့်အရာလည်းမဟုတ်ပေ။ပြည်သူလူထုသာလျင် အချုပ်အ ခြာအာဏာ၏ပိုင်ရှင်ဖြစ်သည်။အချုပ် အခြာအာဏာသည် ပြည်သူလူထုကို အလုပ်အကျွေးပြုရသည်။အလုပ်အ ကျွေးပြုရန်လည်း ပြည်သူလုထုမှ လု ပ်ပိုင်ခွင့်ကို ပေးအပ်ထားခြင်းဖြစ်သ ည်။ဗြူရိုကရေစီသည် ပြည်သူလူထုအားအလုပ်အကျွေးပြုရန်အတွက် အ ချုပ်အခြာအာဏာမှ စေခိုင်းနေသော ယန္တရားသာဖြစ်သည်။

ဤအချက်များမှာ ဗြူရိုကရေစီ၊အချု ပ်အခြာအာဏာနှင့်ပြည်သူလူထုကြားက ကွဲပြားချက်လည်းဖြစ်သည်။

ဗြူရိုကရေစီသည် ဥပဒေအား ရေးဆွဲထုတ်ပြန်ပိုင်ခွင့်အပြည့်အဝရှိသော ယ န္တရားလည်းမဟုတ်သကဲ့သို့ အမိန့်အာ ဏာများနှင့်စီရင်ဆုံးဖြတ်မှုများကို အ ပြည့်အဝကျင့်သုံးခွင့်ရှိသော ယန္တရားလည်းမဟုတ်ပေ။

သို့သော် ဗြူရိုကရေစီအား ဥပဒေ၊အမိ န့်အာဏာများကိုလည်း ထုတ်ပြန်ခွင့်အား ဘောင်အကန့်အသတ်(Quasi Power)ဖြင့် ပေးထားရသည်။

  • ၁။ ထိုဗြူရိုကရေစီမှ ထုတ်ပြန်သော ဥပဒေ၊ အမိန့်အာဏာများသည် ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အကန့်အသတ်အား ကျော်လွန်ခြင်းရှိ၊ မရှိ။
  • ၂။ ထိုဥပဒေ၊ အမိန့်အာဏာများကြောင့် ထိခိုက်နစ်နာမှုများရှိ၊ မရှိ။
  • ၃။ထိုဥပဒေ၊ အမိန့်အာဏာများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ်အ ပါအဝင် အခြားပင်မဥပဒေများကိုကျော်လွန်မှုရှိ၊မရှိကို တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်များက ဝင်ရောက်ဆုံးဖြတ်နိုင်သည်။

ဗြူရိုကရေစီဆိုသည်မှာ ”ပြည်သူလူထု၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်” ဌာနဆိုင်ရာဝန်ထမ်းများ “အပေါ်တွ င်…။

  • ၁။“မည်သည့်ကိစ္စရပ်အား မည်သို့လုပ် ဆောင်ရမည်”။
  • ၂။”ဌာန၏ယန္တရား၊ဝန်ထမ်းယန္တရားအား မည်သို့ရှင်သန်လည်ပတ်ရမည်” ကို လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များအား အမြဲတန်းချမှတ်ပေးမှုအောက်တွင် ရှိနေရသည့် ဝန်ဆောင်မှုလုပ်ငန်းစဉ်ဆိုင် ရာအင်စတီကျူးရှင်းသာဖြစ်သည်။

ဤတွင် “မည်သည့်ကိစ္စရပ်အား မည်သို့လုပ်ဆောင်ရမည်” ဆိုသည့်အပိုင်းသည် မူဝါဒအပိုင်းဖြစ်သည်။ ထိုအပိုင်းကို ပြည်သူလူထုမှ ရွေးချယ်ထားသောအစိုးရအဖွဲ့မှများသောအားဖြင့် ချမှတ်လေ့ရှိသည်။

ထိုမူဝါဒအား အကောင်အထည်ဖော်ရန် ဌာန၏ယန္တရား၊ ဝန်ထမ်းယန္တရားအား မည်သို့ရှင်သန်လည်ပတ်ရမည်”ကို လမ်းညွှန်ချက်များ၊ညွှန်ကြားချက်များ၊ အမိန့်များ၊လုပ်ငန်းစဉ်များအားချမှတ်မှုတွင်လည်းများသောအားဖြင့် အစိုးရအဖွဲ့မှ ချမှတ်ကြသည်။

ထိုသို့ချမှတ်ရာတွင် ဥပဒေအဖြစ်ပြဋ္ဌာန်းခြင်း၊ ဥပဒေသဘောသက်ရောက်ခြင်းတွင် ပြည်သူလူထုမှရွေးချယ်ပေးထားသော ဥပဒေပြုရေးအာဏာအား ကျော်လွန်၍မရသကဲ့သို့ အမိန့်အာဏာ၊ တရားစီရင်ရေးသဘောသက်ရောက်ခြင်းတွင်လည်း တရားစီရင်ရေးအာဏာကို ကျော်လွန်၍မရပေ။ ဤကား ဗြူရိုကရေစီ၏ သဘောသဘာဝဖြစ် သည်။

ဗြူရိုကရက် သို့မဟုတ် ဌာနဆိုင်ရာဝန် ထမ်းများ၏ သဘောသဘာဝအရ ၎င်းတို့သည် မိမိ၏လုပ်ငန်းနယ်ပါယ်နှင့် ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိသည်။ မိမိ၏လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းအထာကို သာမန်လူထက်ပိုသိသည်။ မိမိလုပ်ငန်းနှင့်ပတ်သက်၍ မူဝါဒများ၊ ဥပေဒများ၊ အမိန့်များ၊ စည်းကမ်းများကိုလည်း သာမန်လူထက်ပိုသိသည်။ မိမိကဲ့သို့အသိအမြင်ရှိသော အဝိုင်းအဝန်းလူမှုဝန်းကျင်လည်းရှိသည်။ ၎င်းတို့သည် မိမိ၏ လုပ်ငန်းနယ်ပါယ်တွင် ပရိုဖက်ရှင်နယ်လစ်ဇင်သဘောကိုလည်းသိကြသည်။ ၎င်းတို့သည် မိမိ၏လုပ်ငန်းနယ်ပါယ်ထဲတွင် သာမန်လူများထက် ဘဝ၏အချိန်များကို ပေးထားသည်။

သို့ဖြစ်၍ ၎င်းတို့သည် ၎င်းတို့၏လုပ် ငန်းနယ်ပါယ်များတွင် ဇုဏ (စုန်း/ ပါဠိစကားအရ – ပညာသည်/ပညာတတ်) များဖြစ်ကြသည်။ ပညာရှင်ကဝိ (ကေဝ/ပါဠိစကားအရ- ပညာရှင်) များလည်းဖြစ်ကြသည်။ အခြားနည်းဖြင့်ပြောရပါက ၎င်းတို့သည် ကိုယ်လုပ်ရမည့်တာဝန်ကို လုပ်နိုင်သောနည်းလမ်းများကို ကျွမ်းကျင်သူ (technical expert for for efficient implementation)များလည်းဖြစ်သည်။

၎င်းတို့သည် အလုပ်ဖြစ်ရန် အတွက် ပညာရပ်ဆိုင်ရာ အသိအမြင်ကိုလည်းသုံးတတ်သည်။ အာဏာပါဝါကိုလည်း သုံးတတ်သည်။အသိအမြင်ရှိမှု၊ လုပ်ငန်းသဘောသဘာဝကို ကျွမ်းကျင်မှု၊ ပါဝါအာဏာကို အသုံးချတတ်မှုတို့က ဗြူရိုကရက်များ၏စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်များသည် ကျင့်ဝတ်နှင့်တရားမျှတမှုတွင် အခြေတည်ပါက ကောင်းသည်။

ထိုသို့ကျင့်ဝတ်နှင့်တရားမျှတမှုတွင် အခြေမတည်ဘဲ ပါးနှပ်စွာကိုယ်ကျိုးရှာလိုပါကလည်း ရှာနိုင်ကြသည်။၎င်းတို့တွင်”အသိပညာ၊လုပ်ငန်းကျွမ်းကျင်မှုတို့ကို အခြေခံ၍လှည့်စားနိုင်သော စွမ်းရည်များ”လည်းရှိကြသည်။

ကျင့်ဝတ်နှင့်တရားမျှတမှုမပါသော ပညာရှင်(ဇုဏ/ကဝိ) များသည် လူ့အဖွဲ့အစည်းအတွက် အမှောင်ကိုခွင်းပေးသူများတော့မဟုတ်ပေ။ လူ့အဖွဲ့အစည်းအတွက် ကယ်တင်ရှင်၊ သူရဲကောင်းများလည်းမဟုတ်ပေ။ ကျင့်ဝတ်မရှိ၊ တရာမျှတမှုမရှိသော ထိုသူများသည် လူ့အဖွဲ့အစည်းအတွက် “သွေးစုတ်ကောင်” များသာဖြစ်သည်။

ဗြူရိုကရက်များအတွက် အသိအမြင်ပညာနှင့်လုပ်ငန်းကျွမ်းကျင်မှုရှိသော်လည်း အမိန့်အာဏာအောက်တွင် ဆောင်ရွက်ရသည်ဖြစ်၍ ၎င်းတို့တွင် “လွတ်လပ်သောအတွေးအမြင်” နှင့် “ဖောက်ထွက်သောဆန်းသစ်တီတွင်မှု” သည် အားနည်းသည်။ သီးခြားလွတ်လပ်သော ပညာရှင်များနှင့်ဗြူရိုကရက်များတွင် လုပ်ငန်းနယ်ပါယ်တူသော်လည်း သဘောသဘာဝမှာထိုသို့ခြားနားသေးသည်။ ဗြူရိုကရက်များအတွက် အမိန့်အာဏာသည် တရားမျှတမှုမည်မျှရှိသည်ကို ဝေဖန်ဆန်းစစ်နေစရာလည်းမလိုချေ။ ၎င်းတို့အတွက် ထိုအမိန့်အာဏာအား အကောင်အထည်ဖော်ပေးလျင်ရပြီဖြစ်သည်။

သာမန်ပြည်သူလူထုသည် ဗြူရိုကရက်များထက်စာလျှင် “ဆိုင်ရာလုပ်ငန်းနယ်ပါယ်များ၏ သဘောသဘာဝများနှင့် မူဝါဒများ၊ ဥပဒေများ၊ အမိန့်များ၊ စည်းကမ်းများကို မသိကြပေ။ သာမန်ပြည်သူလူထုအတွက် ထိုကိစ္စရပ်များတွင် ဘဝ၏အချိန်များကို ပေးထားသည်မဟုတ်ချေ။

ထိုသို့ ပေးမထားသည့်အတွက်လည်း ပြည်သူလူထုသည် အချုပ်အခြာအာဏာကို ဖန်တီးကာ မိမိတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အချုပ်အခြာအာဏာအား လုပ်ပိုင်ခွင့်အား ပေးအပ်ထားခြင်းဖြစ်သည်။ ဗြူရိုကရေစီသည် ပြည်သူလူထုအားအလုပ် အကျွေးပြုရန်အတွက် အချုပ်အခြာအာဏာမှစေခိုင်းနေသောယန္တရားသာဖြစ်သည်။ ဗြူရိုကရက်များမှာထိုယန္တရားထဲမှ အလုပ်သမားများသာဖြစ်သည်။

ဗြူရိုကရက်များအတွက် သက်ဆိုင်ရာလုပ်ငန်းနယ်ပါယ်၏သဘောသဘာဝအား သာမန်လူထုထက်ပို၍သိသည်။ ထိုလုပ်ငန်းနယ်ပါယ်ပေါ်တွင် သာမန်လူထုထက်လည်း ဘဝ၏အချိန်များကိုပေးထားသည်။

ထို့ကြောင့် နှိုင်းယှဉ်မှုအရ ဗြူရိုကရက်များမှ သာမန်ပြည်သူလူထုအား “မိမိတို့လောက် ဤနယ်ပါယ်တွင် ဘဝ၏အချိ န်ကိုပေးမထားသူများ”၊ “မိမိတို့လောက် မပေးဆပ်သူများ”၊ “မိမိတို့လောက် အနစ္နာမခံသူများ”ဟူ၍ မိမိတို့၏ပရိုဖက်ရှင်နယ်ကျင့်ဝတ်ကို မျက်ကွယ်ပြုနေ၍မရချေ။ ဥပမာ – ဆရာဝန်သည် ရောဂါဖြစ်သူများကို ဆေးကုရမည့်အလုပ်ကို လုပ်ရမည်ဖြစ်သည်။ အခြားသူများဆရာဝန်ဖြစ်လိုခြင်း၊ မဖြစ်လိုခြင်းမှာ အခြားသူများ၏ဆန္ဒနှင့် အခွင့်အရေးဖြစ်သည်။ ရောဂါဖြစ်သူများကို ဆရာဝန်က
“မိမိလောက် ဆေးပညာနယ်ပယ်တွင် ဘဝနှင့်အချိန်ကို ပေးဆပ်မထားသူများ”၊”သို့ဖြစ်၍ ဆေးပညာအကြောင်းနားလည်ရန် မိမိဆေးခန်းတွင် သူနာပြုလာလုပ်ကြရန် အားလုံးတွင် တာဝန်ရှိသည်” ဟူ၍ သွားပြောနေ၍မရချေ။

ဗြူရိုကရေစီသည် အချုပ်အခြာအာဏာမဟုတ်ပေ။ ဗြူရိုကရေစီသည်အချုပ်အခြာအာဏာ၏ ပိုင်ရှင်လည်းမဟုတ်ပေ။“လူ့ဘောင်တခုလုံးအား ဗြူရိုကရေစီအောက်ထဲသို့ သွပ်သွင်း၍လညည်းမရပေ”။ ဗြူရိုကရေစီသည်အချုပ်အခြာအာဏာ၏အခိုင်းခံယန္တရားသာဖြစ်သည်။

ဗြူရိုကရက်များအတွက် အမိန့်အာဏာတစ်ခုသည် တရားမျှတမှုမည်မျှရှိသည်ကို ဝေဖန်ဆန်းစစ်နေစရာလည်းမလိုချေ။၎င်းတို့အတွက် ထိုအမိန့်အာဏာအားအကောင်အထည်ဖော်ပေးလျင်ရပြီဖြစ်သည်။

သို့သော် ပြည်သူလူထုတွင်တော့ အမိန့်အာဏာတခုမှာ မိမိတို့အတွက် တရားမျှတမှုမည်မျှရှိသည်ကို ဝေဖန်ဆန်းစစ်ရမည့် မူလအာဏာနှင့်မူလတာဝန်သည်ရှိသည်။ ဗြူရိုကရက်များအတွက် “လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ” သည် မလိုအပ်သောအရာ၊ နားခါးစရာအဖြစ် ရှိကောင်းရှိနေမည်။ သို့ရာတွင် “ပြည်သူ လူထုအတွက်တော့” ဒီမိုကရေစီနှင့်လူ့အခွင့်အရေး” သည် အမြဲတန်းချိုမြိန်နေမည်ဖြစ်သည်။

ဗြူရိုကရက် သို့မဟုတ် ဌာနဆိုင်ရာဝန် ထမ်းများ၏သဘောသဘာဝအရ ၎င်းတို့သည် မိမိ၏လုပ်ငန်းနယ်ပါယ်နှင့်ပ တ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိသ ည်။မိမိ၏ လုပ်ငန်းနှင့်ပတ်သက်၍လု ပ်ငန်းအထာကို သာမန်လူထက်ပိုသိသည်။

ဤသဘောသည် အမှန်တွင်တော့ ပြည် သူလူထုနှင့်အသေးစိတ် မဆိုင်သေးချေ။အဘယ်ကြောင့်ဆိုသော် ဌာနဆိုင် ရာဝန်ထမ်းတဦး၏ လုပ်ငန်းကျွမ်းကျင်မှုသည် ၎င်းဌာနဆိုင်ရာနှင့်သာ တိုက်ရို က်သက်ဆိုင်သော ကိစ္စဖြစ်နေ၍ဖြစ်သည်။ ဗြူရိူကရက်များသည် ၎င်းတို့၏လု ပ်ငန်းနယ်ပါယ်များတွင် ဇုဏများ၊ကဝိများလည်းဖြစ်ရာ ၎င်းတို့တွင်”အသိပ ညာ၊လုပ်ငန်းကျွမ်းကျင်မှုများကို အ ခြေခံ၍ လှည့်စားနိုင်သော စွမ်းရည်” များလည်းရှိကြသည်။

ကြိုးနီ (Red Tape)


ဗြူရိုကရက်တဦးသည် ၎င်း၏အကျိုး စီးပွားအတွက် သူ၏ “အသိပညာ၊လုပ် ငန်းကျွမ်းကျင်မှုများ” ကို အသုံးချရန်အတွက် ပထမဦးစွာ ပြည်သူလူထုအ နေဖြင့် “ဆိုင်ရာလုပ်ငန်းနယ်ပါယ်များည၏သဘောသဘာဝများနှင့် မူဝါဒများ၊ ဥပဒေများ၊ အမိန့်များ၊ စည်းကမ်းများ” ကို မသိစေရန်လိုအပ်သည်။ ပွင့်လင်းမြင်သာမှုကို ဖျောက်ဖျက်ရန်လိုအပ်သည်။ ပွင့်လင်းမြင်သာမှုအားနည်းသွားသောအခါ “၎င်းတို့၏အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှုများကို အခြေခံ၍ လှည့်စားနိုင်သောစွမ်းရည်များ” ကို အသုံးချကြတော့သည်။ မူဝါဒတခု၊ အမိန့်တခု၊ ဥပဒေတခုသည် ကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ပြန်လိုက်သည်မှာမှန်သော်လည်း “ဌာန၏ယန္တရား၊ ဝန်ထမ်းယန္တရားအား မည်သို့ရှင်သန်လည်ပတ်ရမည်” ဆိုသော အပိုင်းတွင် ဗြူရိုကရက်များ၏ ဇုဏဉာဏ်၊ ကဝိဉာဏ်များသည် ကွန့်မြူးကြတော့သည်။

ဤသို့ဖြင့် “ကြိုးနီ (Red Tape)” များကို ထုတ်သုံးကြတော့သည်။ ပြည်သူတဦးသည်ကိစ္စတခုဖြင့် ဌာနတခုသို့သွား၍ ချက်ချင်းလက်ငင်းအဆင်ပြေသွားသည်ဆိုပါက ကုသိုလ်ကံကောင်းပေသည်။ အနည်းဆုံးတော့ ဘာအချက်အလက်၊ ညာအချက်အလက်လိုအပ်သည်၊ဘယ် လိုခက်ခဲသည်ဟုသည့်အချက်ကိုတော့ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။အချို့သော လုပ်ငန်းသဘောသဘာဝအရ “ကြိုးနီ (Red Tape)” များလိုအပ်ပေသည်။ သို့ရာတွင် ကြိုးနီ (Red Tape) သည် ပြည်သူလူထုအား ရစ်နိုင်သမျှရစ်ပြီး တိတ်တိတ်နေရန် ပညာပြခံနေရသော “ရစ်တိတ်” များဖြစ်လာကြခြင်းပင်။

Good Rules Gone Bad & Bad Rules Born


ဤသို့ဖြင့် ဗြူရိုကရက် ဇုဏ/ကဝိများ၏လက်ထဲတွင်ကောင်းသောစည်းမျဉ်းတခုသည် ဆိုးဝါးသွားမှု (Good Rules Gone Bad) အဖြစ်ရှိသွားတော့သည်။ ထိုအချက်များကို ထိန်းကျောင်းမှုမပြုနိုင်ပါက(Bad Rules Born)ဆိုးဝါးသော စည်းမျဉ်းစည်းကမ်းများ ဖြစ်ပေါ်လာတော့သည်။

ဗြူရိုကရေစီသည် အချုပ်အခြာအာဏာမဟုတ်ပေ။ အချုပ်အခြာအာဏာ၏အခိုင်းခံသာဖြစ်သည်။ အချုပ်အခြာအာဏာတည်ဆောက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ်ပြဋ္ဌာန်းရသည့်ကိစ္စရပ်ဖြစ်သည်။ ဗြူရိုကရေစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေလူမှုပဋိ ညာဉ်ကို ကျော်လွန်နေ၍မရပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်မဖြစ်ပြီး ဗြူရိုကရေစီသည် အကိုင်းအခက်များထဲမှအကိုင်းခွဲများသာဖြစ်သည်။

မြန်မာလူ့ဘောင်အဖို့ ဗြူရိုကရက် ဇုဏ/ကဝိများ၏ “ရစ်တိတ်” ဒဏ်ကို ကျောကော့အောင်ကို ခံဖူးပြီဖြစ်သည်။ မြန်မာလူ့ဘောင်အတွက် ဗြူရိုကရေစီသည် ဝန်ဆောင်မှုပေးသောယန္တရားမဟုတ်ပေ။ ဖိနှိပ်သည့်ယန္တရားသာဖြစ်နေခဲ့သည်။ ဗြူရိုကရက်များအဖို့ ပြည်သူလူထု၏ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချ က်ချမှတ်ရာတွင် ပါဝင်ခွင့်မျကနားခါးစရာပင်။

ပြည်သူလူထုသည် လုပ်ငန်းဆိုင်ရာနယ်ပါယ်များတွင် စည်းကမ်းကိုမသိသူ၊ လုပ်ငန်းအထာကိုမသိသူ နတ်လပိန်းတုံးများဟုဗြူရိုကရက်များကမြင်၏။ ၎င်းတို့၏ ဇုဏဉာဏ်၊ကဝိကေဝဥာဏ်များက “အသိပညာ၊လုပ်ငန်းကျွမ်းကျင်မှုတို့ကို အခြေခံ၍လှည့်စားနိုင်သောစွမ်းရည်”လည်းရှိကြသည်ပင်။

အာရက္ခလူ့ဘောင်သည်လည်း မြန်မာ့လူ့ဘောင်နှင့်ဆက်စပ်နေခဲ့၍ ဗြူရိုက ရက်များ၏ “ရစ်တိတ်” များဒဏ်ကို ကျောကော့အောင်ခံဖူးသော အစဉ်အလာရှိပေသည်။ပွင့်လင်းမြင်သာမှု၊သ တင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်များအားကောင်းသော အုပ်ချုပ်ရေးစနစ်မျိုးကို အာရက္ခလူ့ဘောင်သည် အား ကောင်းမောင်းသန်ဖြတ်သန်းခဲ့ရသည်တော့မဟုတ်ပေ။

အာရက္ခလူ့ဘောင်အနေဖြင့်ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်များအား တောင်းဆိုနေရသည့် လမ်းကြောင်းပေါ်တွင်သာ ဖြတ်သန်းနေခဲ့ရပေသည်။ State Building ကဲ့သို့ ကိစ္စရပ်မျိုးတွင် ကျင့်ဝတ်နှင့်တရားမျှတမှုကို အခြေတည်သောဗြူရိုကရက်များကို လိုအပ်နေပေသည်။

ဤတွင်ဆိုင်ရာဆိုင်ရာလုပ်ငန်းနယ်ပါယ်များကို တာဝန်ယူလာရသော လူများ၌လည်း တဖြေးဖြေးနှင့်ဗြူရိုကရက်အမြင်များလွမ်းမိုးလာသည်ကိုတွေ့လာရသည်။အရင်းအမြစ်များနည်းပါးသည့်ကြားမှ လတ်တလာ လုပ်ငန်းပြီးမြောက်မှု၊ လုပ်ငန်းအကောင်အထည်ဖော်မှုကိုသာ ဦးတည်လာသောအခါ ထိုသူများကိုယ်တိုင် “ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအား” မျက်ကွယ်ပြုလာကြသည်ကို တွေ့နေရသည်။

အာရက္ခလူထုဘက်မှကြည့်လျင်လည်း ဌာနဆိုင်ရာများထံမှ ဝန်ဆောင်မှုများကို အပြည့်အဝမရသေးချေ။ ထိုသို့အပြည့်အဝ မရနိုင်သေးသောအခြေအနေတွင် မိမိတို့၏ “ဒီမိုကရေစီနှင့်လူ့အခွင့်အရေး” ကိုပါ အမိုက်ပုံးထဲ လွင့်ပစ်ခံထားရသလို ထပ်ဖြစ်လာတော့သည်။

အာရက္ခလူဘောင့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလူမှုပဋိညာဉ်ဆိုင်ရာကတိ ကဝတ်များသည် ဘယ်အချိန်တွင်မှ ရှိလာမည်ကိုမသိနိုင်ပေ။ ဖွဲ့စည်းပုံအခြေခံလူမှုပဋိညာဉ် ကတိကဝတ်များပျောက်ဆုံးနေသည့်ကာလ (ပင်မပျောက်၍ အကိုင်းအခက်ကို စည်ပင်အောင်ပြု လုပ်နေသောကာလ) တွင် “ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာ တွင်ပါဝင်ခွင့်များ” အား မျက်ကွယ်ပြုထားသည့် အုပ်ချုပ်ရေးအဖွဲ့၊ တရားရုံး စသည့် ဗြူရိုကရက်ယန္တရားများကို တ ည်ဆောက်နေသည့်အချက်က အာရက္ခလူ့ဘောင်အပေါ် မည်မျှဟန်ချက်မျှစေမည်ကိုတော့ မသိနိုင်ပေ။

အာရက္ခလူ့ဘောင်တွင် “ဒီမိုကေရစီ၊ ပွင့်လင်းမြင်သာမှု၊သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာ တွင်ပါဝင်ခွင့်” ဟု ပြောပါက စစ်ရေးအခြေအနေကိုသာ လက်ညိုးထိုး၍ပယ်ချနေကြသည်ကများပေသည်။ ခက်သည်က အာရက္ခလူ့ဘောင်သည် စစ်ရေးအခြေအနေတခုတည်းကို ဦးတည်နေခြင်းမဟုတ်ဘဲ State Building ကိုပါတခါတည်းလျောက်လှမ်းနေသည်ဟုလည်း ဟစ်ကြွေးထားပေသည်။

ထိုသို့ဆိုလျှင် စစ်ရေးနှင့်မသက်ဆိုင်သောနယ်ပါယ်များတွင် “ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊သတင်းအချက်အလက်သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင်ပါဝင်ခွင့်များ” အား ဖော်ဆောင်၍ရနိုင်သလောက် ဖော်ဆောင်ရန်ဆိုသည်မှာလည်း သိပ်မရေမရောပေ။အရင်းအ မြစ်နည်းပါးမှု၊စတင်အခြေတည်ရမှု၊ လုပ်ငန်းဆိုင်ရာအသိအမြင်များလိုအပ်မှုတို့ကြားတွင် ဘဝ၏အချိန်များကို ပေးနေရသူများအနေဖြင့်လည်းတဖြေးဖြေးနှင့် အသိအမြင်ရှိလာကာ အာဏာပါဝါ၏ အရသာကိုလည်း မြည်းစမ်းခွင့်ရလာပြီဖြစ်သည်။

ဘဝ၏အချိန်များကို ပေးထားသည့်အ တွက်သာမန်ပြည်သူလူထုအား “မိမိတို့လောက်ဤနယ်ပါယ်တွင်ဘဝ၏အချိန်ကို ပေးမထားသူများ”၊”မိမိတို့လောက် မပေးဆပ်သူများ”၊”မိမိတို့လောက်အန စ်နာမခံသူများ” ဟူ၍ မိမိတို့၏ပရိုဖက် ရှင်နယ်ကျင့်ဝတ်ကို မျက်ကွယ်ပြုကာ နှိုင်းယှဉ်နေ၍လည်း မရကောင်းချေ။

ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်ဖြစ်သည်ကိုလည်း မမေ့ကြရန်လိုသည်။ မိမိတို့သည် ပြည်သူလူထု၏အချုပ်အခြာအာဏာအားပြည်သူကိုပြန်ပေးရန်အတွက်ကိုယ်စွမ်းရှိသလောက် ဆောင်ရွက်နေသူများဖြစ်သည်ဆိုသော “ပရိုဖက်ရှင်နယ်ကျင့်ဝတ်” ကိုလည်း မမေ့ရန်လိုသေးသည်။ပြည် သူလူထုသည် ဗြူရိုကရေစီ၏အနှိုင်း ခံများမဟုတ်ပေ။ ဗြူရိုကရေစီရပ်ဝန်း၏ပြဋ္ဌာန်းခံများလည်းမဟုတ်ပေ။

ကျင့်ဝတ်နှင့်တရားမျှတမှုကို မျက်ကွယ်ပြုသည့် ဗြူရိုကရက် ဇုဏ/ကဝိ ဘက်ကို တဖြေးဖြေးဆန်လာမှုကြောင့် Good Rules Gone Bad သို့မဟုတ် Bad Rules Born များ၏ဒဏ်မှ သက်သာစေရန်အတွက် “ဒီမိုကရေစီ၊ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင်ပါဝင်ခွင့်များ”လည်း လိုအပ်ပေသည်။

ထိုအချက်များရှိပါက “ကျင့်ဝတ်နှင့် တရားမျှတမှု” ကို ကိုင်စွဲသောသူများအတွက် ပြောရေးဆိုခွင့်ရှိလာမည်ဖြစ်သည်။ မိမိတို့လူ့ဘောင်အဖွဲ့အစည်းအတွင်း Good Rules Gone Bad သို့မဟုတ် Bad Rules Born များရှိနေခြင်းသည် “ကျင့်ဝတ်နှင့်တရားမျှတမှု” ကို ကိုင်စွဲသော သူများအား ပါးစပ်ပိတ်နေရန် သံလှောင်ချိုင် (Iron Cage) အခင်းအကျင်းမျိုးများရှိနေခြင်းကြောင့် ဖြစ်သည်ကိုလည်း သတိပြုရန်လိုပေသည်။

PrevPreviousသုံးမြို့နယ်ကိုတိုက်ခိုက်သိမ်းယူသွားကြဖို့ ကြံဆောင်နေကြတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
Nextရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်အစည်းအရုံးညီလာခံကျင်းပNext
Previous Post

သုံးမြို့နယ်ကိုတိုက်ခိုက်သိမ်းယူသွားကြဖို့ ကြံဆောင်နေကြတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

Next Post

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်အစည်းအရုံးညီလာခံကျင်းပ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

March 13, 2026
ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃

တာရှည်ဆွာမကြီးစခန်းက ရဲ ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

March 13, 2026

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

March 13, 2026

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

March 13, 2026

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

တာရှည်ဆွာမကြီးစခန်းက ရဲ ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

Releated Post

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

March 13, 2026
ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃

တာရှည်ဆွာမကြီးစခန်းက ရဲ ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

March 13, 2026

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

March 13, 2026

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

March 13, 2026

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page