Border News Agency
စစ်တွေ၊ ဇူလိုင် ၈။
စစ်တွေမြို့မှာဆိပ်ကမ်းတည်ဆောက်ထားတဲ့ ကုလားတန်မြစ်ကြောင်း ဘက် စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းကို လာမယ့် ၂၀၂၇ခုနှစ်မှာ အပြည့်အဝလ ည်ပတ်နိုင်တော့မယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။
အိန္ဒိယနိုင်ငံဆိပ်ကမ်း၊ သင်္ဘောနဲ့ ရေကြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန် ကြီး Sarbananda Sonowal က ဇူလိုင် လ ၇ ရက်၊ တနင်္လာနေ့က ပြောတယ်လို့အိန္ဒိယအခြေစိုက် The Stateman သ တင်းမှာဖော်ပြပါတယ်။
“မြန်မာနိုင်ငံက စစ်တွေဆိပ်ကမ်းက တော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံ အိုင်ဇောကိုဆက်သွယ်မယ့်ကားလမ်းမကတော့ ဆောက်လုပ်နေဆဲပါ။” လို့ ဝန်ကြီး Sonowal က ပြောပါတယ်။
အိန္ဒိယနဲ့မြန်မာပူးပေါင်းအကောင်အ ထည်ဖော်နေတဲ့ ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ၊ကာလကတ္တားကနေ မြန်မာနိုင်ငံ၊စစ်တွေဆိပ်ကမ်းကိုပင်လ ယ်ရေကြောင်းနဲ့ချိတ်ဆက်မှာပါ။
အဲဒီနောက် စစ်တွေဆိပ်ကမ်းမှပလက်ဝဆိပ်ကမ်းကို ကုလားတန်မြစ်ကြော င်းကို ရေလမ်းကသယ်ယူပြီးပလက်ဝမှအိန္ဒိယနိုင်ငံ၊ဇိုရိန်ပူဝ်ကို အဝေးပြေးလ မ်းမနဲ့ဆက်သွယ်မှာဖြစ်ပါတယ်။
ဒီလမ်းကြောင်းဟာ ကာလကတ္တားမှအိုင်ဇောကို အိန္ဒိယနိုင်ငံတွင်းက တိုက် ရိုက်ဆက်သွယ်တာထက် ကီလိုမီတာ ၇၀၀ နီးပါးလျှော့ချနိုင်မယ့်မဟာဗျူ ဟာမြောက် ကုန်သွယ်ရေးလမ်းကြော င်းသစ်ဖြစ်ပါတယ်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က စတင်အကော င်အထည်ဖော်ခဲ့တာဖြစ်ပြီး စစ်တွေဆိပ် ကမ်းတည်ဆောက်မှုကတော့ ၂၀၁၇ ခုနှစ်ကတည်းကပြီးစီးနေခဲ့တာဖြစ်ပါတယ်။
စစ်တွေဆိပ်ကမ်းကလွဲပြီး စီမံကိန်းနေ ရာအားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။