Border News Agency
ကျောက်တော်၊ ဇူလိုင် ၈ ။
ကျောက်တော်မြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာမို့ သရက်တပင်နဲ့ညောင်ချောင်းကျေးရွာရေနစ်မြုပ်နေပါတယ်။
ကျောက်တော်မြို့နယ်က ကျေးရွာတချို့မှာ ဇူလိုင်လ ၇ ရက်၊မနေ့ကစပြီးရေနစ်မြုပ်နေတာပါ။
အဲဒီကျေးရွာတွေ လမ်းတွေအပါအဝင်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေလည်း ရေနစ်မြုပ်နေပါတယ်။
အဲဒီအပြင်နေအိမ်တွေလည်း ရေနစ်မြုပ်သွားတာမို့ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။