Border News Agency
ကျောက်တော်၊ ဇူလိုင် ၈။
အာရက္ခဒေသမှာ မိုးအဆက်မပြတ်ရွာနေလို့ ကျောက်တော်မြို့နယ်က ကျေးရွာတချို့မှာ ရေနစ်မြုပ်နေပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ ခမောင်းတော၊ ချောင်းတူ၊ ရွက်မညှိုးတောင်၊မီးရပ်ပြင်၊ ဝါးတောင်၊ကန်စောက်၊မင်း သားတောင်၊သာယာကုန်း၊စပါးဆိပ်၊မဟာမုနိ၊သရက်တပင်၊ညောင်ချောင်း၊ရွာမပြင်၊လိပ်မစတဲ့ကျေးရွာ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းလို့မြေနိမ့်ပိုင်းတွေ ဖြစ်တဲ့အတွက် ဇူလိုင်လ ၇ ရက်နေ့မှာ ရေနစ်မြုပ်နေတာဖြစ်တာပါ။
အဲဒီကျေးရွာတွေဟာ ဒုတိယအကြိမ်ရေမြုပ်တာဖြစ်ပြီး စားဝတ်နေရေးအ ကူအညီတွေလိုအပ်နေကြတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီလို မိုးအဆက်မပြတ်ဆက်ရွာသွန်းရင်လည်း ရေဆက်တိုးလာနိုင်ပြီးစိုးရိမ်နေကြရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
ကျောက်တော်မြို့နယ်ရှိ မြေနိမ့်ပိုင်းကျေးရွာတွေဟာ ပြီးခဲ့တဲ့ဇွန်လကလ ည်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းလို့ ရေနစ်မြုပ်ခဲ့ပါတယ်။