Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁။
မြန်မာနိုင်ငံအတွင်းက ရခိုင်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုကို ခရီးသွားလာတာတွေ လုံးဝမလုပ်ကြဖို့ ဗြိတိန်နိုင်ငံ ခြားရေး၊ဓနသဟာယနဲ့ဖွံ့ဖြိုးရေးဆိုင် ရာရုံးက စက်တင်ဘာလ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ချင်းပြည်၊ကချင်ပြည်၊ကယားပြည်၊ ကရင်ပြည်၊မွန်ပြည်၊ရခိုင်ပြည်၊စစ်ကို င်းတိုင်းနဲ့မကွေးတိုင်း၊တနင်္သာရီတိုင်း (မြိတ်ကျွန်းစုမြို့နယ်တွေနဲ့ တောင်ပိုင်းမြို့နယ်တွေမပါ)၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့မြောက်ဘက် မြို့နယ်တွေနဲ့ပဲခူးတိုင်းအတွင်းက ရန်ကုန်- မန္တ လေးအမြန်လမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းဒေသတွေကို လုံးဝခရီးမသွားဖို့ သတိပေးထားတာပါ။
မသွားမဖြစ်သွားရမယ့်ခရီးစဉ်တွေကလွှဲလို့ ကျန်ခရီးစဉ်တွေမသွားဖို့ သတိ ပေးထားတဲ့ဒေသတွေကတော့စစ်ကော် မရှင်ရုံးစိုက်ရာနေပြည်တော်ပြည်ထော င်စုနယ်မြေ၊ရှမ်းပြည်တောင်ပိုင်းနဲ့အ ရှေ့ပိုင်း)၊မန္တလေးတိုင်း၊ တနင်္သာရီမြို့နယ်ရဲ့ တောင်ဘက်မြို့နယ်တွေ၊ပဲခူး တိုင်းရဲ့ ကျန်ဒေသတွေနဲ့ ဧရာဝတီတိုင်း ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ ပုသိမ်မြို့နယ်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမိုပြင်းထ န်ပြီးမတည်မငြိမ်ဖြစ်နေတာကြောင့် လုံခြုံရေးအခြေအနေတွေဟာ အချိန်တိုအတွင်းမှာ ရုတ်တရက်ဆိုးရွားသွားနိုင်တယ်လို့လည်းဆိုပါတယ်။
စစ်အုပ်ချုပ်ရေးအစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်တွေကို အချိန်မရွေးထုတ်ပြန်နိုင်တယ်လို့လည်း သတိ ပေးထားပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့မြေ ပြင်နဲ့ဝေဟင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်လိုလိုရှိနေတာပါ။
ရခိုင်မှာတော့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)ကထိန်း ချုပ်ထားပြီး စစ်ကော်မရှင်ကကုန်လမ်းနဲ့ရေလမ်းအားလုံးကို ပိတ်ဆို့ဖြတ်တောက်ထားပါတယ်။