Border News Agency
မွန်ပြည်၊ စက်တင်ဘာ ၄။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရာမညမွန်တပ်တော်ရဲ့အပတ်စဉ် ၁ CQB သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ် ရာမညမွန်တပ်တော်က စက် တင်ဘာလ ၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းကို ဩဂုတ်လ ၃၁ ရက်နေ့ကလွတ်မြောက်နယ်မြေနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းဆင်းရဲဘော်တွေဟာ အခက်အခဲတွေကို ဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ကျော်ဖြတ်ခဲ့ရပြီး သင်တန်းကာလတ လျှောက်လုံးစွမ်းဆောင်ရည်စစ်ရေးသ ရုပ်ပြတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ရာမညမွန်တပ်တော်(RMA)ကဒုစစ်ဦးစီးချုပ် ၁ နိုင်စိုးဝင်း၊ဒုစစ်ဦးစီးချုပ် ၂ နိုင်ကျည်ဆံ၊စစ်ရေးနိုင်ငံရေးကော်မတီဝင်နိုင်သူရဌေး၊ သင်တန်းဆရာတွေ၊တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။