Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး သတင်း

ရေအာဏာစက်ကွင်းထဲက ဂုမ္မတီမြစ်

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

သတင်းဆောင်းပါး

Border News Agency
နယူးဒေလီ၊ စက်တင်ဘာ ၅။

တီးစတာမြစ်စီမံကိန်းနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ကချေးငွေရယူမယ်လို့အသံထွက်လာတာနဲ့ အိန္ဒိယကလည်း ထရိပူရပြည်နယ်ထဲမှဂုမ္မတီးမြစ်စီမံကိန်းကို ပြောဆိုလာပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့နှစ်နိုင်ငံသံခင်းတမန်ခင်းကိစ္စရပ်ထဲမှာ Hydropolitic လို့ခေါ်တဲ့ ရေနိုင်ငံရေးကလည်းအဓိကဇာတ်ကောင်အနေနဲ့ပါနေတတ်ပါတယ်။

မြစ်ချောင်းနိုင်ငံရေးတွေရဲ့အမယ်စုံတွေ

မြစ်ချောင်းနိုင်ငံရေးတွေမှာပါဝင်နေတဲ့အချက်တွေအများကြီးရှိပါတယ်။

တီးစတာမြစ်စီမံကိန်းရဲ့ရည်ရွယ်ချက်နဲ့ ဂုမ္မတီမြစ်စီမံကိန်းရဲ့ရည်ရွယ်ချက်တွေဟာ လားရာလမ်းမတူပါဘူး။

တီးစတာမြစ်နဲ့ပတ်သက်တဲ့နိုင်ငံရေးအလွှာဟာ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ရေခွဲဝေသုံးစွဲရေးပိုင်းမှာ နှစ်နိုင်ငံမျက်နှာချင်းဆိုင်ရတာဖြစ်ပြီး ဂုမ္မတီမြစ်စီမံကိန်းကတော့ ကုန်းတွင်းရေကြောင်းသွာလာရေးနဲ့ကုန်စည်ကူးသန်းရောင်းဝယ်ရေးအပိုင်းမှာ နှစ်နိုင်ငံမျက်နှာချင်းဆိုင်ရတာပါ။

တီးစတာမြစ်စီမံကိန်းနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ အောက်စည်းကဆိုရင် ဂုမ္မတီးမြစ်စီမံကိန်းမှာတော့ အိန္ဒိယကအောက်စည်းက ဖြစ်ပါလိမ့်မယ်။

တီစတာမြစ်စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးမှုကိုလုပ်လိုသူဟာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဆွေးနွေးမှုကိုရှောင်ဖယ်နေတာက အိန္ဒိယပါ။

ဂုမ္မတီမြစ်စီမံကိန်းမှာတော့ အခြေအနေက တီစတာမြစ်စီမံကိန်းနဲ့ပြောင်းပြ န်ပါ။

ထရိပူရမှဟာ ကလ္လာကတ္တားဆီသို့

ဘင်္ဂလားနဲ့အိန္ဒိယကြားမှာ နှစ်နိုင်ငံကိုဖြတ်သန်းသွားတဲ့မြစ်ကြောင်းပေါင်းဟာ ၅၄ ခုခန့်ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယရဲ့အရှေ့မြောက်ပြည်နယ်များရဲ့ စီးပွားရေးမှာ သွားလမ်းသာလို့လာလမ်းဖြောင့်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ထဲကုန်းလမ်း၊ ရေလမ်းနဲ့ ဆိပ်ကမ်းတွေဟာ အရေးပါပါတယ်။

ဒါတင်မကပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ပထဝီဝင်အရှိတရားဟာ အိန္ဒိယရဲ့အရှေ့မြောက်ပြည်နယ်တွေရဲ့တည်ငြိမ်မှုအ တွက်လည်း အရေးပါနေတာပါ။

ထရိပူရရဲ့နွားစားကျက် သို့မဟုတ် ဂုမ္မတီနဒီ

ဂုမ္မတီဆိုတာဟာ နွားစားကျက်နေရာလို့ အဓိပ္ပါယ်ရှိပါတယ်။ ရှေးခေတ်ကာလ ဘိုးဘေးထရိပူရသားတွေဟာ မြစ်ကမ်းတလျှောက်နွားတွေမွေးပြီး လွတ်ကျောင်းတတ်တဲ့အတွက် အဲဒီလိုအမည်သမုတ်တာလို့လည်း ပါးစပ်ရာဇဝင်ရှိပါတယ်။

ဂုမ္မတီးမြစ်ရဲ့အရှည်ဟာခြောက်သွေ့ရာသီမှာ ၁၅၂ မိုင်ရှည်ပြီး စိုစွတ်ရာသီမှာတော့ ၂၁၀ မိုင်ခန့်ရေစီးကြောင်းရှိနိုင်တယ်လို့ မြစ်ချောင်းဆိုင်ရာသုတေ သနစာတမ်းတွေက ခန်းမှန်းပါတယ်။

နှစ်ပိုင်းခွဲရင်တော့ အိန္ဒိယထဲမှာ ၁၀၄ မိုင်ခန့်စီးဆင်းပြီး ဘင်္ဂလားဒေ့ရှ်ထဲမှာတော့ခန့်မှန်းခြေ ၄၈ မိုင်မှ ၈၄ မိုင်ခန့်ထိ စီးဆင်းနိုင်မယ်လို့ဆိုပါတယ်။

မြစ်အောက်ပိုင်းမြစ်ဝကျွမ်းပေါ်နေရာတွေမှာ မြစ်ကြောင်းတွေပေါင်းဆုံပြီး ပြန်ကွဲသွားတတ်တာနဲ့မြစ်ကျိုးတာတွေရှိတတ်တော့ ဘင်္ဂလားဒေ့ရှ်ထဲမှာမြစ်ရဲ့စီးဆင်းမှုအရှည်ဟာ အပြောင်းအလဲရှိနေပါတယ်။

တချို့သုတေသနစာတမ်းတွေက ဂုမ္မတီးမြစ် ဘင်္ဂလားဒေ့ရှ်ထဲမှာစီးဆင်းသွားတဲ့အရှည်ဟာ ၅၉ မိုင်လောက်ရှိတယ်လို့လည်း ဆိုကြပါတယ်။

လက်ရှိ ဂုမ္မတီမြစ်ရဲ့နိုင်ငံရေး

ဩဂုတ်လ ၂၃ ရက်နေ့က ထရိပူရပြည်နယ်နဲ့ဆိုင်တဲ့သတင်းတပုဒ်မှာ ဂုမ္မတီမြစ်ကို တူးပြီးချဲ့နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ထရိပူပြည်နယ်ဘက်က အဆင့်မြင့်အရာရှိတွေနဲ့ဘင်္ဂလားဒေ့​ရှ်နိုင်ငံက အဆင့်မြင့်အရာရှိတွေဟာ ကွင်းဆင်းလေ့လာခဲ့တယ်လို့ဆိုပါတယ်။

အိန္ဒိယဘက်ကအဆိုအရ ဒါဟာမြစ်ကြောင်း ၃.၇၃ မိုင်လောက်ကိုတူးပြီးဖြစ်တယ်လို့ဆိုပါတယ်။

နှစ်နိုင်ငံ သဘောတူထားတဲ့ ၃၃.၅၅ မိုင်ထဲက ၂၉.၈၃ မိုင်ကို ဆက်တူးဖို့ကိစ္စက ရပ်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

ဂုမ္မတီမြစ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေရှ်စိုးရိမ်တာက မြစ်ကြောင်းကိုတူးတဲ့အခါ ထွက်လာမယ့်အနယ်အနှစ်တွေကို ထားဖို့ကိစ္စပါ။

နှစ်စဉ်မိုးရာသီတိုင်း ရေကြီးပြီး နှုန်းတင်လို့ လယ်မြေတွေကိုထိခိုက်နေတဲ့ ပြဿနာက ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဂုမ္မတီမြစ်စီ မံကိန်းနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိ ခိုက်မှာကို စိုးရိမ်နေတာပါ။

အိန္ဒိယဘက်ကတော့ ဂုမ္မတီမြစ်စီမံကိ န်းကို မြန်မြန်ဆက်သွားချင်နေပါတယ်။

ဒီနှစ်ထဲမှာ ဂုမ္မတီမြစ်အတွက် ရူပီးငွေ ၁၉.၅၀ သိန်းလျာထားပေမယ့် ဘတ်ဂျက်နှစ်အဆုံးသတ်ချိန်ထိ အဲဒီငွေကိုထိထိရောက်ရောက်အသုံးမချရသေးဘူးလို့ ထရိပူရပြည်နယ်က ဆိုပါတယ်။

အိန္ဒိယက မြစ်ကြောင်းကိုဆက်တူးနေရာမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နားထိ ရောက်လာပါပြီ။ စီမံကိန်းရှေ့ဆက်ဖို့အတွက် နည်းလမ်းရှာသွားမယ်လို့ အိန္ဒိယကဆိုပါတယ်။

ဂုမ္မတီမြစ်စီမံကိန်းအကျိုးအမြတ်

တကယ်လို့ ဂုမ္မတီမြစ်စီမံကိန်းအကောင်အထည်​ဖော်ခဲ့ရင် ထရိပူရပြည်နယ်ဟာ ပင်လယ်ထွက်ပေါက်ကိုရလာမှာပါ။

ထရိပူရကနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဒူတ်ကန်တီကတဆင့် ကလ္လာကတ္တားထိ ရေကြောင်းလမ်းပွင့်သွားမှာပါ။ ပြီးရင် ကုန်စည်ပို့ဆောင်ရေးကုန်ကျစာရိတ်တွေတော်တော်များများသက်သာသွားမှာပါ။ ထရိပူရပြည်နယ်အတွက်တော့ ကုန်းတွင်းရေကြောင်းပို့ဆောင်ရေးမှ အခရာကျလာနိုင်ပါတယ်။

ဂုမ္မတီမြစ်ထဲ ကုန်တင်သင်္ဘောတွေ ဝင်လာနိုင်တဲ့အထိ မြစ်ကြမ်းပြင်ကို တူးမယ့်ကိစ္စဟာ အိန္ဒိယအတွက် အရေးပါပါတယ်။

မြစ်ရဲ့ကမ်းနှစ်ဘက်မှာ အခြေခံအ ဆောက်အအုံတွေတိုးတက်ဖို့ နှစ်နိုင်ငံလုံးအတွက်ရော တောင်အာရှအတွက်ပါ အကျိုးအမြတ်ရှိနေမှာပါ။

တီးစတာမြစ်မှာတော့ မြစ်ကိုတူးချင်နေသူဟာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဂုမ္မတီးမြ စ်မှာတော့ တူးချင်သူက အိန္ဒိယဖြစ်နေပါတယ်။

နိုင်ငံရေးအရ အကွင်းအကွက်ကိုကြည့်ရင် ဂုမ္မတီမြစ်ဟာ တီစတာမြစ်လောက်လည်းနတ်မကြီးသလို ကုလားတန်လောက်လည်း အိမ်နီးချင်းမတည်မငြိမ်ဖြစ်တာမရှိပါဘူး။

နိုင်ငံရေးအရ အိမ်နီးချင်းမတည်ငြိမ်မှုကြောင့် ဘေးထွက်သက်ရောက်မှုတွေရှိနေတဲ့ ကုလားတန်စီမံကိန်းမျိုးလိုမျိုး စီမံကိန်းတွေအပေါ် အမှီအခိုပြုရမှုမျိုးက ဂုမ္မတီမြစ်မှာ သိပ်မရှိပါဘူး။

ဂုမ္မတီမြစ်ဟာ မက္ကနာ(Meghna River) ထဲ စီးဝင်ပါတယ်။မက္ကနာမြစ်က ပဒုမ္မာမြစ် (Padma River)ထဲစီးဝင်ပါတယ်။ပဒုမ္မာမြစ်ဟာ ဂင်္ဂါမြစ်နဲ့ယမုံနာမြစ်ထဲကိုစီးဝင်ပါတယ်။ဒါကြောင့် ဂုမ္မတီဟာဂင်္ဂါရဲ့သားမြေးမြစ်တော်စပ်ပါတယ်။

၂၀၂၀ ခုနှစ် အင်ဒိုဘင်္ဂလားလမ်းကြောင်းပရိုတိုကောက်

၁၉၇၂ ခုနှစ်လောက်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ကုန်းတွင်းရေကြောင်းကူးသန်းသွားလာရေးနဲ့ကုန်သွယ် ရေးပရိုတိုကော(PIWTT – Protocol on Inland Water Transit and Trade)ကိုလက်ထိုးခဲ့ပါတယ်။

အဲဒီပရိုတိုကောမူဘောင်နဲ့ဆက်ပစ်တာ အင်ဒိုဘင်္ဂလားလမ်းကြောင်းပရိုတိုကော(IBP Indo-Bangladesh Protocol Route )ကို ၂၀၂၀ ပြည့်နှစ်ခန့်က ရေးထိုးခဲ့ကြပါတယ်။ ၂၀၂ ၀ ပြည့်နှစ်က ဟာဇီနာလက်ထက်တုန်းပါပဲ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအခြေအနေက ဟာဇီနာနဲ့ အဝါမီလိဂ်ကို ဖယ်ထုတ်ထားတဲ့အနေအထားဖြစ်တော့ ဂုမ္မတီမြစ်စီမံကိန်းကိစ္စမှာလည်း ဟာဇီနာပုံရိပ်ထွက်လာမှာကို လိုလားပုံမရပါဘူး။ ဒီအခြေအနေဟာလည်း ဂုမ္မတီမြစ်စီမံကိန်းအပေါ် အဟန့်ဖြစ်စေမှာပါ။

၂၀၂၀ IBP ပရိုတိုကောမှာ ပါတဲ့အချက်တွေထဲမှာ ဂုမ္မတီမြစ်နဲ့ပတ်သက်လို့ အရေးကြီးတအပိုင်းနှစ်ခုထပ်ထည့်ထားတယ်လို့ ဆိုပါတယ်။

အိန္ဒိယက ဆိုနာမုရ – ဒူတ်ကန်ဒီအထိ ဂုမ္မမြစ်ကိုတူးမှာချဲ့ယူမှာဖြစ်ပြီး ဘင်္ဂလားဘက်ကရာရှဟိ- ဒူလီယန် (Rajshahi-Dhulian)အပိုင်းကို အရိချာ(Aricha) ထိ ချဲ့ယူမှာဖြစ်ပါတယ်။

မြစ်ကြောင်းခရီးလမ်းတလျှောက်က ဆိပ်ကမ်းသစ်တွေ

မြစ်ကြောင်းတလျှောက်အိန္ဒိယက ဒူလီယံ(Dhulian)၊ မိုင်းအီယား (Maia)၊ကိုလာဂတ်( Kolaghat)၊ဆိုနာမူရာ (Sonamura)နဲ့ ဂျိုဂျီဂိုဖာ (Jogigopha) တို့မှာ ဆိပ်ကမ်းသစ်တွေထပ်တည်မှာပါ။

ဒီအထဲမှာမှ ဂျိုဂျီဂိုဖာဟာ အာသံ၊ မက္ကလာယာနဲ့ဘူတန်ထိ ခရီးလမ်းကဆန့်ပါအုံးမယ်။

ဘင်္ဂလားဒေ့ရှ်က ရာရှဟီ( Rajshahi)၊ ဆူလတန်ဂန်ဂျ်(Sultanganj)၊ချဲလ်မာရီ (Chilmari)၊ဒူတ်ကန်တီ (Daudkandi) နဲ့ ဘာဟာဒူရာဘတ်( Bahadurabad) တွေမှာ ဆိပ်ကမ်းသစ်တွေတည်မှာပါ။

ဂိုရာဆလ် (Ghorasal)၊ မုက်တာပူရ် ( Muktarpur )ကတော့ ဘင်္ဂလားဒေ့ရှ်က ထပ်တိုးလာတဲ့ဆိပ်ကမ်းသစ်တွေဖြစ်ပါတယ်။

အိန္ဒိယက ဆိုနာမူရာ- ဒူတ်ကန်တီ အပိုင်းမှာတော့ ၂၀၂၀ ကတည်းက ကုန်တင်သင်္ဘောတွေ ကိုနေရာချထားပြီးပါပြီ။

ဘင်္ဂလားဒေ့ရှ်က ချဲလ်မာရီနဲ့ အိန္ဒိယကဒူဘရီ( Dhubri)ကြားမှာတော့ စက်တပ်ယာဉ်တွေ ပြေးဆွဲဖို့ထိ သဘောတူထားပါတယ်။

ဟာဇီနာကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကြားမှာ အဖုအထစ်တွေရှိနေပါတယ်။

တီစတာမြစ်ကိစ္စမှာ ဘင်္ဂလားဒေ့​ရှ်က အောက်စည်းနဲ့နေရရင် ဂုမ္မတီမြစ်မှာတော့ အထက်စည်းနဲ့ ဖြစ်နေမှာပါ။

နှစ်နိုင်ငံစလုံးဟာ မြစ်ချောင်းနိုင်ငံရေးနဲ့အပြန်အလှန်ခွေနေကြပေမယ့် ဂုမ္မတီကပေးတဲ့အကျိုးအမြတ်ကိုတော့အထိ အခိုက်ခံကြမှာမဟုတ်ပါဘူး။

PrevPreviousရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆို
Nextမွတ်ဆလင်အရေး အာရက္ခတပ်တော်နဲ့အတူ ဗမာ့တပ်တော်ထောက်ခံရပ်တည်Next
Previous Post

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆို

Next Post

မွတ်ဆလင်အရေး အာရက္ခတပ်တော်နဲ့အတူ ဗမာ့တပ်တော်ထောက်ခံရပ်တည်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

Releated Post

Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page