Border News Agency
မန္တလေး၊ စက်တင်ဘာ ၈။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ၊ မန္တလေးတိုင်းစစ်ဌာနက တိုက်ပွဲအတွင်းဆေးပညာနဲ့အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ M1 သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းကာလဟာ ရက်ပေါင်း ၆၀ ကြာမြင့်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် ၃ ဦးနဲ့ကာကွယ်ရေးဝန်ကြီးဌာနကဆရာဝန် ၃ ဦးကကြီးကြပ်သင်ကြားပေးခဲ့ပြီး စစ်ဖက်သင်တန်းနည်းပြဆရာ ၃ ဦးနဲ့ ဆေးသင်တန်းဆ ရာ ၁၅ ဦးပါဝင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းက မန္တလေးတိုင်းမှခရိုင် ၇ ခု၊ စစ်ကိုင်းတိုင်းမှခရိုင် ၁ ခု၊ မကွေး တိုင်းမှခရိုင် ၁ ခု၊ စုစုပေါင်း ခရိုင် ၉ ခုကတပ်ရင်း၊ တပ်ဖွဲ့ ၃၈ ရင်းအတွက် ဆေးတပ်သားသန္ဓေအင်အား ၁၀၄ ဦးမွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းမှာထူးချွန်ဆုရသင်တန်းဆင်း ကျောင်းသားတွေကို ဆုချီးမြှင့်ခဲ့ပြီး မန္တလေးတိုင်းစစ်ဌာန၊ ဆေးဝန်ထမ်းဌာနခွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှုးချုပ်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီးနောက် ရဲဘော်တွေကစစ်ကြောင်းပုံနဲ့ ချီတက်အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။















