Border News Agency
မောင်တော၊ဖေဖော်ဝါရီ ၂၃။
ICJ စီရင်ချက်ထွက်လာပြီးနောက် ဘာဖြစ်လာမည်နည်း။
ICJ စီရင်ချက်က ဥပဒေကြောင်းအရ လွမ်းခြုံမှုရှိသည်။သို့သော် ICJ တွင် အရေးယူရန်ရဲတပ်ဖွဲ့မရှိပေ။ သို့သော် ICJ ၏အမိန့်ကို ထိုအမိန့်နှင့်သက်ဆိုင်သော နိုင်ငံတနိုင်ငံက မလိုက်နာပါက ဘာဖြစ်မည်နည်း။ မလိုက်နာပါက မလိုက်နာသည့်အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးရန် ကုလလုံ ခြုံရေးကောင်စီသို့ တင်လာပါလိမ့်မည်။
ထိုအခါ ဗီတိုပါဝါရှိသော နိုင်ငံတခုက ထိုအချက်ကို ဆွေးနွေးရန်မသင့်ကြောင်း ပယ်ချကောင်းပယ်ချနိုင်သည်။
ဤသို့ဆိုပါလျှင် လမ်းဆုံးနေပါမည်လားဟု မေးစရာရှိသည်။
ဤနေရာတွင် စဉ်းစားစရာရှိသည်။ICJ အမိန့်သည် အကောင်အထည်ဖော်ရန် ကုလလုံခြုံရေးကောင်စီတွင် ဗီတို ကြောင့် လမ်းဆုံးနေနိုင်လျှင် “အဆိုပါ ဗီတိုအာဏာပိုင်ဆိုင်သော နိုင်ငံများ ကိုယ်တိုင် ICJ တွင် တရားရင်ဆိုင်ရပါက အဘယ်ကြောင့် ငွေကုန်ကြေးကျခံကာ တရားရင်ဆိုင်ကြပါသနည်း။” ဟု မေးစရာထပ်ရှိလာသည်။
အဖြေက ICJ ၏ အမိန့်ကို ဗီတိုဖြင့်လ ည်း ပယ်မချနိုင်ပေ။ မပြောင်းလဲနိုင်ပေ။ ဗီတိုဖြင့် ပယ်ချနိုင်သည်က ထိုအမိန့်အား အကောင်အထည်ဖော်မည့်လုပ်ရ ပ်အတွက် ကုလလုံခြုံရေးကောင်စီ စားပွဲဝိုင်းတွင် ဆွေးနွေးမည့်အစီအစဉ်ဖြစ် စဉ်တွင်သာ သုံးနိုင်သည်။
ခက်သည်က ဤအစီအစဉ်ကို ပယ်ချလျှင် နောက်အစီအစဉ်တမျိုးက ထပ်တင်လာနိုင်သည်။
ပုံစံတမျိုးပြီးတမျိုး အလီလီတင်အကြိ မ်ကြိမ် ဗီတိုသုံးနေရမည်။သို့သော် ICJ အမိန့်သည် ထိုနေရာတွင် ရပ်တန့်နေမည်တော့ မဟုတ်ပေ။
အကယ်၍ ထိုအမိန့်အား ဖော်ဆောင်ရန် နိုင်ငံတခုခုမှ အကျိုးအကြောင်းညီသော အခြားနည်းလမ်းကို သုံးလာပါက လည်း တရားဝင်မှုက ရှိနေမည်ဖြစ်သ ည်။
ICJအမိန့်၏တရားဝင်မှုကို ဗီတိုသုံးကာ ဖျက်သိမ်း၍မရပေ။ သို့ဖြစ်၍ ထိုအချက်သည် နိုင်ငံတကာဖိအားကို ဖြစ်ပေါ် လာစေသည်။
ထိုအမိန့်အား ဖော်ဆောင်ရန် နိုင်ငံတခုခုမှ အကျိုးအကြောင်းညီသော အခြားနည်းလမ်းတရပ်ရပ်သုံးလာပါက ထိုအ ခြားနည်းလမ်းတရပ်ရပ်သည် တရား ဝင်နေပြီ ဖြစ်သည်။သံခင်တမန်ခင်းတွင် အစွမ်းထက်သော လက်နက်တခု ဖြစ်နေသည်။
သို့ဖြစ်၍ ဗီတိုပိုင်သော နိုင်ငံများကိုယ် တိုင် ICJ တွင် တရားရင်ဆိုင်ရပါက ငွေ ကုန်ကြေးကျခံကာ အမှုရင်ဆိုင်ရခြင်းဖြစ်သည်။
ICJကဂျီနိုဆိုက်ဟု ဆုံးဖြတ်ခဲ့လျှင်ဘာ ဖြစ်လာမည်နည်း။
ထိုသို့ဆုံးဖြတ်ခဲ့လျှင် မြန်မာသည် ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းအား လိုက်နာရန် ပျက် ကွက်သည်ဟူသောအချက်ပီပြင်လာမည်ဖြစ်သည်။
ထိုသို့ပီပြင်လာပါက ဂျီနိုဆိုက်ကျူးလွ န်မှုများရှိခဲ့သည်ဟူသောကောက်ချက်က ပို၍ခိုင်မာလာမည်ဖြစ်သည်။
ထိုသို့ ခိုင်မာမှုက နိုင်ငံတကာဖိအားကို ပို၍ အားကောင်းစေသည့်အပြင် ICC ကဲ့သို့ တဦးချင်းစီ၏ရာဇဝတ်မှုများကို ကိုင်တွယ်သည့် ယန္တယားများအတွက် အထောက်အကူဖြစ်လာမည်ဖြစ်သည်။
အကယ်၍ ICJ က ဂျီနိုဆိုက်အဆင့်ထိ မရောက်ခဲ့ သို့သော် စစ်ရာဇဝတ်မှုများရှိခဲ့သည်ဆိုပါက မည်သို့ဖြစ်လာမည်နည်း။
ဤသို့ဆုံးဖြတ်ချက်ထွက်လာလျှင်လည်း အနေအစားချောင်စရာမရှိပေ။အဘယ်ကြောင့်ဆိုသော် ဂျီနိုဆိုက်မဟုတ်သော်လည်း စစ်ရာဇဝတ်မှုများရှိသည်ဟူသောအချက်ကို အကိုးအကားပြု၍ နိုင်ငံတကာ ဖိအားကလာမည်ဖြစ်သ ည်။ICCကဲ့သို့ ယန္တရားများအတွက်လ ည်း အထောက်အကူဖြစ်နေမည်။
မည်သို့ပင်ဆိုစေ ICJ က အမိန့်ချလာသည်နှင့်ထိုအမိန့်သည် အာဂျင်တီးနားတရားရုံး၊အရှေ့တီမောတရားရုံး၊ ICC စသည့်တွင် ကိုးကားစရာအဖြစ်ရှိနေတော့မည် ဖြစ်သည်။
ထိုကိုးကားစရာ၏ အားသာချက်က မြန်မာမှငြင်းဆန်မှုများကို အင်အားနည်းစေမည်ဖြစ်သည်။
ICJ အမိန့်သည် ULA/AA အပေါ်သို့ သက်ရောက်ပါသလား။
ICJ အမိန့်အပါအဝင် နိုင်ငံတကာဥပဒေ စံနှုန်းများသည် ULA/AA အပေါ်တွင်သက်ရောက်သည်။ULA/AA အနေဖြင့် လေးစားလိုက်နာရန် တာဝန်ရှိသည်။ ICJ သည် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးယန္တရား၏ အစီရင်ခံစာအား သက်သေအဖြစ် အသုံးမပြုနိုင်ခဲ့သော်
လည်းအမှုဖြစ်စဉ်အား နားလည်ရန် အ ကိုးအကားအဖြစ် အသိအမှတ်ပြုထားပါသည်။အမှုဖြစ်စဉ်အား နားလည်ရန် အကိုးအကားအဖြစ် အသိအမှတ်ပြုသ ည်ဆိုခြင်းကပင် တရားဝင်မှုရှိနေပြီဖြစ်သည်။
ထိုအစီရင်ခံစာ၏ အောက်တွင်ဖော်ပြထားသောအပိုဒ်များအပေါ်ကျင့်ဝတ်အရ လိုက်နာရန် ULA/AA တွင် တာဝန် ရှိနေသည်။
ကမ္ဘာ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးယန္တရား၏ ၂၀၁၈ ခုနှစ်၊အသေး စိတ်အစီရင်ခံစာ(Detailed Findings – Document A/HRC/39/CRP.2)အရ…
- အကာအကွယ်ပေးရန်တာဝန်ရှိမှု (Paragraph 1608)
“နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာနှင့်”အခြားလူနည်းစုအုပ်စုများအပါအဝင် ၎င်း၏လူဦးရေအား လုံးကို” အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများနှင့်အခြားလူ့အခွင့် အရေး ချိုးဖောက်မှုများမှအကာအကွ ယ်ပေးရန်တာဝန်ရှိသည်။”
- ခွဲခြားမှုမရှိဘဲအကာအကွယ်ပေးရန် (Paragraph 1614)
“မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာ၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီးကဲ့သို့သော အခြား တိုင်းရင်းသား လူနည်းစုငယ်များအပါ အဝင်” ရခိုင်ပြည်ရှိလူ့အဖွဲ့အစည်းအားလုံး၏ “ဘေးကင်းလုံခြုံမှုကို ခွဲခြားမှုမရှိဘဲ အာမခံချက်ပေးရမည်။”
အစီရင်ခံစာနိဂုံးနှင့်အကြံပြုချက်များ (Conclusions and Recommendations)အပိုင်းတွင်…
Paragraph 1708 (e): “ရခိုင်ပြည်အတွင်းရှိ တိုင်းရင်းသားလူနည်းစုငယ်များ(Ethnic Minorities)ဖြစ်ကြသော မြို၊ခမီး၊ဒိုင်းနက်၏ ထူးခြားသော လို အပ်ချက်များနှင့်အကာအကွယ်ပေးရေးကိစ္စရပ်များကို အထူးဂရုပြုဆော င်ရွက်ရန်”အကြုံပြုတိုက်တွန်းထားသ ည်။
IIFFMM၏ အဆိုပါအစီရင်ခံစာတွင်ပင် ARSA၏ကျူးလွန်မှုများကိုလည်း ဖော်ပြထားသည်။
- Paragraph 1103: “ARSA၏ လုပ်ရပ်များကြောင့် ရခိုင်၊ မြို၊ ဒိုင်းနက်နှင့်ဟိန္ဒူဘာသာဝင်များအပါအဝင် ဒေသခံများအပေါ် ဆိုးရွားစွာ သက်ရောက်မှုများရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများမှကင်းဝေးရန်နှင့်လုံခြုံစွာနေထိုင်နိုင်ရန် အခွင့်အရေးရှိကြောင်း” ဖော်ပြထားသည်။
ဤအချက်က ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများကို သူရဲကောင်းသဖွယ် ပုံရိပ်ဖော်ရန် သာမန်အရပ်သားများကို အ သုံးချနေသော ဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာလက်နက် ကိုင်များအတွက်တော့ တာဝန်ယူ၊ တာဝန်ခံရမည် အချက်လည်းဖြစ်သည်။
“ကိုယ်တိုင်ကျူးလွန်သူမဟုတ်သော်လည်း”
ဂျီနိုဆိုက်နှင့် ပတ်သက်၍ ICJ ၏အထ င်ကရ အမှုတခုမှာ ဘော့စနီးယားနှင့် ဆားဘီးယား(Bosnia and Herzegovina v. Serbia and Montenegro)အမှုဖြစ်သည်။
စရီဘရင်နီယာ (Srebrenica)တွင် ဖြစ် ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ကြားနားမှုလည်းဖြစ်သည်
စရီဘရင်နီဆာတွင် ဖြစ်ပွားခဲ့သော လူ မျိုးတုန်းသတ်ဖြတ်မှုအား စွဲဆိုခံရသည့် ဆားဘီးယားနိုင်ငံသည် တိုက်ရိုက်ကျူးလွန်ခြင်းမဟုတ်ပေ။
သို့ရာတွင် သတ်ဖြတ်မှုကို “မတားဆီးနိုင်ခဲ့ခြင်း” နှင့် “တရားခံများကို အရေးမယူခြင်း” ကြောင့် Genocide Convention ကို ချိုးဖောက်ရာရောက်သည်ဟု ICJ က စီရင်ချက်ချမှတ်ခဲ့သည်။
“လက်ရှိတွင် ICJ အပြီးသတ်ကြားနားမှု အစမပြုမှီကာလတိုအတွင်းတွင်လ ည်းကောင်း၊ကြားနာနေဆဲနှင့်ကြားနာပြီး စသည့်ကာလတိုများအတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ရိုဟင်ဂျာလက်နက်ကိုင်များအပေါ် အဘယ်ကြောင့် ဖမ်းဆီးထိန်းသိမ်းလာရသည်ဟု ထင်ပါသနည်း။”
အဖြေမှာ ကိုယ်တိုင်ကျူးလွန်သူ မဟု တ်သော်လည်း…
၁။ အမှုအခင်းဖြစ်ပွားရာနယ်မြေကို ထိ န်းချုပ်သူဖြစ်လာသောအခါ သို့မဟုတ်
၂။ ကျူးလွန်သူဖြစ်စေ၊ကျူးလွန်ခံရသူဖြစ်စေ မိမိနယ်မြေထဲသို့ ရောက်ရှိလာသောအခါ သို့မဟုတ်
၃။ ကျူးလွန်မှုကြောင့် အကျိုးဆက်တခုခုက နယ်နိမိတ်ကိုကျော်လွန်၍ မိမိနယ်မြေအပေါ် ရိုက်ခတ်လာသောအခါ စသည့် ထိုအခြေအနေတရပ်ရပ်မျိုးတွင်”တားဆီးရန်တာဝန်ရှိလာသည်။” “ကျူးလွန်သူများကို အရေးယူရန် တာဝန်ရှိလာသည်။”ဆိုသည့် အချက်ကြောင့် ဖြစ်သည်။
ULA/AA သည် ထိုအချက်များအပေါ် အလေးအနက်ထားသင့်သည်။
IIFFMM၏ အစီရင်ခံသည် ယခုအချိန်ထိ သက်ရောက်မှုရှိပါသလား။
ယခုအချိန်ထိ သက်ရောက်မှုရှိပါသည်။ IIFFMMအစီရင်ခံစာ၏အနှစ်သာရများထဲတွင် မြန်မာနိုင်ငံထဲတွင် အကြမ်းဖ က်မှုများ၊စစ်ရာဇဝတ်မှုများရှိနေသည့်လက္ခာဏာပြနေသည်။
သို့ဖြစ်၍ ဟုတ်မဟုတ် ပိုမိုသေချာစေရန် ဆက်လက်စုံစမ်းသင့်သည် ဟူသော တိုက်တွန်းချက်ရှိနေသည်။
ထိုတိုက်တွန်းချက်အရ IIMM ပေါ်လာခြင်းဖြစ်သည်။လက်ရှိတွင် IIMM လုပ် ငန်းလည်ပတ်နေခြင်းသည်ပင် IIFFMM ၏သက်ရောက်မှု ရှိနေခြင်းဖြစ်သည်။
IIMM၏ရည်ရွယ်ချက်မှာ”မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သောပြင်းထန်ရာဇဝတ်မှုများအပေါ် အနာဂတ်တွင် တရားစွဲနိုင်ရန် အထောက်အထား စုဆောင်းရန်” အ တွက် နိုင်ငံတကာမှတည်ထောင်ထားသောယန္တရားဖြစ်သည်။
ရှေ့ဆက်ဖြစ်တန်ရာများ
ဂမ်ဘီယာနှင့်မြန်မာအမှုတွင် ICJ အမိန့်မှာ ဖြစ်နိုင်စရာ နှစ်မျိုးသာရှိသည်။
ပထမတခုက ဂျီနိုဆိုက်ဟု သတ်မှတ်မည်။
ထိုသို့မသတ်မှတ်နိုင်လျှင် ဒုတိယတမျိုးမှာ”ဂျီနိုဆိုက်ထိမဟုတ်သော်လည်း ပြင်းထန်းရာဇဝတ်မှုများဖြစ်ပွားခဲ့သ ည်။
သို့ဖြစ်၍ မြန်မာသည် ရိုဟင်ဂျာအပါ အဝင် လူမျိုးဘာသာမရွေးအကာအကွ ယ်ပေးရန် ပိုမိုအားထုတ်ရမည်” စသဖြင့် ချမှတ်လာနိုင်သည်။
သေချာသည်က ချမှတ်သည့်အမျိုးအ စားအလိုက် ICJ က လိုက်နာရန်အ သေးစိတ်ညွှန်ကြားချက်များပေးလာမည်ဖြစ်သည်။
ထိုညွှန်ကြားချက်များကို အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍အစီရင်ခံ စာများကို မြန်မာတင်သွင်းရမည်ဖြစ် သည်။
ICJ မှ ထုတ်ပြန်ချက်အသေးစိတ်ညွှန် ကြားချက်များထဲတွင် ပြင်းထန်ရာဇ ဝတ်မှုများအတွက် တာဝန်ယူမှု၊တာဝန် ခံမှုများကို ဖော်ဆောင်ရန်အချက်လ ည်းပါဝင်လာမည်ဖြစ်သည်။
မြန်မာတုန့်ပြန်မှုတွင်(နီကာရာဂွာနှင့်အမေရိကန် )- ၁၉၈၆ ခုနှစ်အမှု [ Case Concerning the Military and Paramilitary Activities in and Against Nicaragua (Nicaragua v. United States of America)(1986)] ကဲ့သို့ အမေရိကန်လိုမျိုး ICJ အမိန့်အား မလိုက်နာဘဲ နေနိုင်မည်တော့မဟုတ်ပေ။
ထိုအမှုတွင် အမေရိကန်မှ ICJ အမိန့်အား ဖီဆန်သလိုဖြစ်နေသည့် နိုင်ငံရေးနောက်ခံအခင်းအကျင်းမျိုးကတမျိုးတဖုံ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော ICJ တွင် တ ရားရင်ဆိုင်နေရဆဲကာလအတွင်းမှာပင် မြန်မာသည် ICOE ကဲ့သို့ ကော်မရှင်များကိုဖွဲ့ကာ လူပုဂ္ဂိုလ်အရ ကျူးလွန်သော စစ်ရာဇဝတ်မှုများရှိသည်။
ထိုအမှုများကို ဤသို့ဤပုံအရေးယူထားပါသည်ဟု ဖော်ထုတ်ဝန်ခံထားပြီးဖြစ်သည်။
အကယ်၍ ICJ အမိန့်ကြောင့် တာဝန်ယူမှု၊တာဝန်ခံမှုကို ပြသရန်လိုအပ်ပါက ထပ်မံ၍ စုံစမ်းစစ်ဆေးအရေးယူပြမှုများကို ပြုလုပ်ပြလာမည် ဖြစ်သည်။
ထိုအခါ ရခိုင်ပြည်၏ လက်ရှိမြေပြင် နိုင်ငံရေးအခြေအနေက များစွာစကား ပြောစရာ အကြောင်းပြစရာဖြစ်လာမည်ဖြစ်သည်။
ဤသို့ဖြင့် ဘက်အသီးသီးက အပြန်အ လှန်လက်ညိုးထိုးခြင်း၊နိုင်ငံရေးအကွ က်ရွေ့အသုံးချခြင်းများက ဆက်ရှိလာမည်ဖြစ်သည်။ဘက်အသီးသီးဆီသို့လ ည်း ဒေသတွင်းနိုင်ငံများ၏ပါဝါများကလည်း သက်ရောက်လာမည်ဖြစ်သည်။
“တရားမျှတမှုအား ငြိမ်းချမ်းမှုဖြင့် ဒွန်တွဲနိုင်မလား”
မည်သို့ပင်ဆိုစေ “စစ်ရာဇဝတ်မှုများ၊ပြ င်းထန်လူ့အခွင့်အရေးချိုးဖောက်မှုများ” ကို အရေးယူပြခြင်းဖြင့် တဖက်တွင် နိုင်ငံရေးအကျိုးအမြတ်ရယူမှုများက ဘက်အသီးသီးတွင် ဆက်ရှိနေမည်ဖြစ်သည်။
သံခင်းတမန်ခင်း နယ်ပယ်က ပို၍ အပြောကျယ်လာမည်ဖြစ်သည်။ ICJ ၏ အမိန့်မူလရည်ရွယ်ချက်က “တရားမျှတမှု” ကို ရှာပေးခြင်းဖြစ်သည်။
ထိုတရားမျှတမှုအား အကောင်အထည်ဖော်ရာတွင် ဘက်အသီးသီးက နိုင်ငံရေးထွက်ပေါက်အဖြစ်အသုံးချမှုများ ရှိလာသောအခါ ငြိမ်းချမ်းမှုက တဖန် နောက်ဆုတ်သွားတတ်သည်။
ICJ မှ ချမှတ်သော အမိန့်သည် မည်သို့ပင် ဖြစ်နေစေကာမှု ရခိုင်ပြည်အတွင်းရှိ လူမှုအသိုက်အဝန်းအားလုံးအပေါ် တရားမျှတမှု ရှိစေရန် အနှစ်သာရက ပါနေမည်ဖြစ်သည်။
ရိုဟင်ဂျာတမျိုးတည်းအတွက်သာ မဟုတ်ပေ။ ရခိုင်အပါအဝင် အားလုံးသောလူမှုအသိုင်းအဝန်းအတွက်တရားမျှတမှုကို အဓိပ္ပါယ်ဖွင့်ပေးမည့်အမိန့်ဖြစ်သည်။ ရိုဟင်ဂျာဆိုသော အသိုင်းအဝန်းသည် ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ခဲ့ရသည်။
ထိုအတွက် တရားမျှတမှုကို ICJ မှဖွင့်ဆိုပေးသည်။ရခိုင်များတွင် သမိုင်း ကြောင်းနှင့်နယ်မြေအပေါ်တွင် စိုးရိမ်မှုရှိသည်။လွတ်လပ်ရေးမတိုင်ခင်ကိစ္စရပ်များ၊လွတ်လပ်ရေးရပြီး ဖဆပလခေတ် ရခိုင်များပြည်နယ်တောင်းချိန် ရခိုင်များ၏ နိုင်ငံရေးဖြစ်စဉ်အပေါ် ဘူးသီးတောင်၊မောင်တောရှိ မူဆလင် ဖဆပလအမတ်များ ကန့်လန့်တိုက်ခဲ့ခြ င်းများကဲ့သို့အချက်များလည်း ICJ မှနားလည်ထားမည်ဖြစ်သည်။
ထိုအတူ အခြားလူမျိုးစုများ၊လူနည်းစုများ၏ ခါးသီးမှုများကိုလည်း ICJ က နားလည်ထားမည်ဖြစ်သည်။ပြင်းထန်ရက်စက်သော ရာဇဝတ်မှုများကိုရင်ဆို င်ခဲ့ရသော ရိုဟင်ဂျာများအတွက် တ ရားမျှတမှုကို ဖော်ဆောင်ခြင်းနှင့်ရခိုင်လူမျိုးများ၏ နိုင်ငံရေးဖြစ်စဉ်အပေါ် ကန့်လန့်တိုက်ခြင်းသည် မတူပေ။
လက်ရှိအနေအထားတွင် ရခိုင်ပြည်၏ နိုင်ငံရေးအတွေးအခေါ်တွင် “အာရက္ခပြည်သူ”ဟူသော ဖွင့်ဆိုချက်ရှိလာသောအချိန်လည်းဖြစ်သည်။
အာရက္ခပြည်သူဟူသော ဖွင့်ဆိုချက်၏ အဓိပ္ပါယ်သည် ရခိုင်ဒေသအတွင်း နေ ထိုင်သော လူမှုအသိုက်အဝန်းအားလုံး တန်းတူရည်တူ အခွင့်အရေးရှိသည်။ လူမျိုးဘာသာယဉ်ကျေးမှုကို အခြေ ခံ၍ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးတွင် ခွဲခြားဆက်ဆံမှု မရှိဟူသော အဓိပ္ပါယ်ဖြစ်သည်။
ICJ ၏အမိန့်အပေါ် အာရက္ခပြည်သူ ဟူသော ရစ်သမ်အသစ်ဖြင့် စည်းချက်လိုက်ပါက လူမှုအသိုင်းအဝန်းများကြား ငြိမ်းချမ်းမှုဟာမိုနီအသံများက ချိုမြိန်မည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ တဖက်ကို တဖက်အ သာရယူချင်ဇောဖြင့် အက်ကြောင်းထ ပ်နေသော ဓာတ်ပြားကိုသာ ဆက်ဖွင့်နေပါက ပြဿနာရှိနေမည်သာဖြစ်သည်။
- အပိုင်း ၁
- အပိုင်း ၂
- အပိုင်း ၃
- အပိုင်း ၄
- အပိုင်း ၅







