Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အိုဘယ့်ရယ်တဲ့သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သောသင်္ခန်းစာ – ၂

Author picture

By

BNA Author
Reading Time: 3 mins read
1
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၇။

၁၉၆၀ ပြည့်လွန်နှစ်များအတွင်းမှအာဖဂန်

ကမ္ဘာ့ကြီး၏အခြေအနေများပြောင်းလဲ မှုက အာဖဂန်ကိုလည်းရိုက်ခတ်ခဲ့သည်။ ၁၉၆၀ ပြည့်လွန်ကာလများအတွင်းက အာဖဂန်၏နိုင်ငံရေးကိုကြည့်ပါက လူမျိုးစုကိုအခြေခံသောနိုင်ငံရေးအယူအဆလည်းရှိသည်။

လက်ဝဲအယူအဆကို အခြေခံသော နိုင် ငံရေးအယူအဆလည်းရှိသည်။အာဏာ ကိုယူထားသော ဘာရက်ဇိုင်းမင်းဆက် (Barakzai Dynasty)ကလည်း ရှိသည်။ ဘာသာရေးကို အခြေခံသောနိုင်ငံရေးအယူအဆလည်းရှိသည်။

အယူအဆများအားသရုပ်ခွဲခြင်း

လူမျိုးစုနိုင်ငံရေးက ကိုယ့်လူမျိုးစုအ ပေါ်တွင်သာ ဗဟိုပြုထားသည်။အဓိက လူများစု ပါရှ်တွန်(Pashtun)များ၏ လွှ မ်းမိုးမှုကို မကြေနပ်ကြပေ။

သို့သော် ထိုလူမျိုးစုအချင်းချင်းကြားတွင်ကော ညီညွှတ်ကြသလားဟုဆိုလျှင်လည်း ညီညွှတ်ပါသည်ဟုပြော၍မရပေ။အပြန်အလှန်ယှဉ်ပြိုင်မှုနှင့်အသာ စီးယူလိုမှုကရှိသည်။

ဤအခြေအနေမျိုးက လူမျိုးစုများအ တွက် ကိုယ့်အဝိုင်းအဝန်းကိုသာ ပို၍ဗ ဟိုပြုလာစေသည်။ မဟာမိတ်ဖွဲ့ခြင်း၊ ဘုံသဘောထားရပ်တည်ချက်များကို
ဖော်ထုတ်ခြင်း၊ဘုံအင်စတီကျူရှင်းများတည်ထောင်ခြင်းဟူသော လူမျိုးစုအဝိုင်းအဝန်းထက် ပိုကျယ်ပြန့်သော နို င်ငံရေးကွင်းပြင်ကို လက်လှမ်း၍မရနိုင်တော့ပေ။

လက်ဝဲအယူအဆကို အခြေခံသောနိုင်ငံရေးအုပ်စု၏ ပြဿနာမှာ လူမျိုးစုနိုင် ငံရေးအုပ်စု၊ဘုရင်စနစ်အုပ်စုနှင့်ဘာ သာရေးအုပ်စုများ၏အခြေခံကျောရိုးများကို ပစ်ပယ်သည်။

အာဖဂန်လူ့အဖွဲ့အစည်းသည် လူမျိုးစု၊ ဘုရင်စနစ်၊ဘာသာရေးဆိုသည့် ပဋိပ က္ခဘောင်အောက်တွင်သာရှိနေသည့်လူ့ အဖွဲ့အစည်းဖြစ်သည်။

အရင်းရှင်စနစ်နှင့်စက်မှုယဉ်ကျေးမှုအဆင့်သို့ တက်လှမ်းနိုင်သောလူ့အဖွဲ့အစ ည်းမဟုတ်သေးချေ။

အလုပ်ရှင်၊အလုပ်သမား၊ဓနရှင်၊ပညာ တတ်လူလတ်တန်းစားဆိုသည့် အစိတ်အပိုင်းများက အားမကောင်းသေး၍ထို အစိတ်အပိုင်းအချင်းချင်း ပဋိပက္ခနှင့်မရင်းနှီးပေ။

သို့သော် လက်ဝဲအယူအဆအုပ်စုများက အာဖဂန်၏ပြဿနာအပေါ် ကျန်အု ပ်စုများထက် သရုပ်ခွဲမှုတွင် စနစ်ကျမှုတော့ရှိသည်။

ဘာရက်ဇိုင်းမင်းဆက်အဖို့တော့ ဗဟိုအာဏာကို ဆုတ်ကိုင်ထားလိုသည်။ဗ ဟိုအာဏာကို ဆုတ်ကိုင်ထားကာ တိုင်း ပြည်၏အရင်းအမြစ်ကို စီမံခန့်ခွဲလိုသ ည်။

ဘာသာရေးကို အခြေခံသောအုပ်စုက အစ္စလမ်တန်ဖိုးများဖြင့် လူ့အဖွဲ့အစည်းကို.တည်ဆောက်လိုသည်။

၁၉၆၀ ပြည့်နှစ်လွန်ကာလများတွင် အာဖဂန်၌ မိုးခေါင်ရေရှားမှုများဖြစ်ပေါ်ခဲ့သည်။

ဘာရက်ဇိုင်းမင်းဆက်အဖို့ အာဖဂန်အား ဗဟိုမှစုစည်းထားသော်လည်း အာဖဂန်လူဘောင်သည် ဆင်းရဲမွဲတေမှု၊ စားဝတ်နေရေးကြပ်တည်မှုက ပိုမိုဂယ က်ရိုက်လာခဲ့ပြီဖြစ်သည်။

အမှန်ကတော့ ဆင်းရဲကြပ်တည်းမှုဒဏ်ကို သာမန်ပါရှ်တွန် (Pashtun)ပြည်သူ များလည်း ခံရသည်။

ထိုသို့ခံရ၍ အုပ်ချုပ်သူကို မကြိုက်မနှ စ်သက်ဖြစ်သည်။သို့သော်လည်း လူ မျိုးစုများ၏ခံစားချက်ကို မကြားယော င်ပြုကာ ဗဟိုအာဏာချုပ်ကိုင်ထားမှုရှိသင့်သည်ဟု ရှူမြင်ပြန်သည်။

ပါရှ်တွန်(Pashtun)များက ၎င်းတို့အ တွက် စားဝတ်နေရေးပြည့်စုံအောင်ပြု လုပ်နိုင်မည့်အစိုးရတရပ်သည် ဗဟိုအာ ဏာအား ချုပ်ကိုင်ထားသင့်သည်ဟူ သောအမြင်ရှိသည်။

လူမျိုးစုများဘက်ကတော့ထိုသို့မဟုတ်ပေ။ငတ်သည်ဖြစ်စေ၊ပြတ်သည်ဖြစ်စေကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရလိုသည်။

မည်သို့ပင်ဖြစ်စေ ဆင်းရဲကြပ်တည်းမှုက အားလုံးသောအာဖဂန်များအပေါ်ရိုက်ခတ်နေသည်။ရိုက်ခတ်ချက်ကမကြေနပ်ချက်ကို ဖြစ်ပေါ်စေသည်။

ဤအခြေအနေမျိုးတွင် ဘာရက်ဇိုင်းမင်းဆက်(Barakzai Dynasty)သည် ပြု ပြင်ပြောင်းလဲမှုအချို့ကို ပြုလုပ်လာရတော့သည်။

၁၉၆၄ ခုနှစ်တွင်ဘုရင်ဇာဟာရ်ရှား (Zahir Shah)က ဖွဲ့စည်းပုံအခြေခံဥပ ဒေနဲ့အညီ ဘုရင်စနစ်(Constitutional Monarchy)ကို လမ်းကြောင်းခင်းခဲ့သ ည်။

ထိုအချိန်ကာလက ကမ္ဘာပေါ်တွင် စစ် အေးတိုက်ပွဲကာလဖြစ်ရာ ဆိုဗီယက်နှင့်အမေရိကန်ကြားတွင် အာဖဂန်သည် လူးလွန့်နေရသည်။

ဆိုဗီယက်သည်လည်းကောင်း၊အမေရိကန်သည်လည်းကောင်းဖွဲ့စည်းပုံအခြေခံဥပဒေရှိသောတိုင်းပြည်များဖြစ်သ ည်။

ထိုနိုင်ငံများ၏အခြေအနေသည်အာဖဂန်ထက်တိုးတက်နေသည်။ဘုရင်ဇဟာရ်ရှား(Zahir Shah)အနေဖြင့် အဆိုပါစူပါ ပါဝါများနှင့်ဆက်ဆံရေးအဆင်ပြေရန် နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုကို လုပ်ရမည်ဟု ယူဆထားသည်။

ဤသို့ဖြင့်အာဏာသုံးရပ်ခွဲဝေမှု၊ရွေး ကောက်ပွဲ၊လွှတ်တော်ဆိုသည့် အခင်း အကျင်းများ အာဖဂန်တွင် ပေါ်ပေါက်လာတော့သည်။

စက်မှုမထွန်းကားသောစိုက်ပျိုးရေးအ ခြေခံပဒေသရာဇ်စနစ်မှဒီမိုကရေစီစန စ်သို့ကူးပြောင်းမှုတွင် ဘာရက်ဇိုင်းမင်း ဆက်အနေဖြင့် စိန်ခေါ်ချက်များနှင့်စိုး ရိမ်မှုများက ရှိနေသည်။

ဘာရက်ဇိုင်းမင်းဆက်သည် လူမျိုးစုနိုင်ငံရေးကိုလည်း စိုးရိမ်သည်။လက်ဝဲ နိုင်ငံရေးအုပ်စုကိုလည်း စိုးရိမ်သည်။ ဘာသာရေးအုပ်စုများတွင် ၎င်းတို့အား ယှဉ်ပြိုင်လာမည့် အင်အားဖြစ်ထွန်းမည်ကိုလည်းစိုးရိမ်သည်။

ဤစိုးရိမ်မှုသုံးပါးကို စိတ်ချနိုင်ရန်အတွက် မဟာဗျူဟာကို အထိုင်ချတော့သည်။

၁။အပြောင်းအလဲအား ဘာရက်ဇိုင်းမင်းဆက်က ဦးဆောင်ရမည်။အပြော င်းအလဲတွင် ဘာရက်ဇိုင်းမင်းဆက်အ တွက် စိတ်ချရသောအခန်းကဏ္ဍရှိရမ ည်။

၂။ထိုသို့စိတ်ချနိုင်ရန်အတွက် ဘာရက်ဇိုင်းမင်းဆက်အား ယှဉ်ပြိုင်နိုင်မည့် အ င်အားစုများ မဖြစ်လာရန်လိုသည်။

၃။သို့သော်လည်း ထိုအင်အားစုများကို အပြောင်းအလဲတွင်ပါဝင်ခွင့်လည်းပေးရမည်။

ဤသို့ဖြင့် ဘုရင်ဇဟာရ်ရှား၏ ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နိုင်ငံရေးပါတီထောင်ခွင့်မရှိဟူသော ပြဌာန်းချက်က ပါလာသည်။

ထိုအခင်းအကျင်းဖြင့် ပါလီမန်ရွေး ကောက်ပွဲလုပ်တော့သည်။ဝင်ပြိုင်သည့် အမတ်လောင်းများက ပါတီမယ့်တသီးပုဂ္ဂလအမတ်များသာ ဖြစ်လာရသ ည်။

ဤတွင် အာဖဂန်ပါလီမန်၌ ပုံမှန်မဟုတ်သော နိုင်ငံရေးဖြစ်စဉ်များက ပေါ်လာတော့သည်။ မည်သို့ပင် ပါတီထောင်ခွင့်မရှိစေကာမူ လွှတ်တော်ထဲတွင် အယူအဆတူသော အုပ်စုများသည် အသီး သီးစုဖွဲ့လာကြသည်။

ထိုစုဖွဲ့ပုံအရ…

  • ၁။ ဘုရင်စနစ်ကို ထောက်ခံသူများအု ပ်စု။
  • ၂။ လက်ဝဲဝါဒ၊ကွန်မြူနစ်ဝါဒရှိသူများ အုပ်စု။
  • ၃။ အစ္စလာမ်ဘာသာရေးအုပ်စုများ။
  • ၄။ မျိုးနွယ်စုခေါင်းဆောင်များ။

စသဖြင့် ပါလီမာန်တွင် ပေါ်ထွက်လာတော့သည်။

ဤအုပ်စုများသည် ပါလီမာန်တွင် သဘောတူညီချက်ကိုမချမှတ်နိုင်ကြပဲအငြင်းအခုံများကိုသာဖြစ်လာစေခဲ့သည်။

အစုအဖွဲ့အနေဖြင့်သာရှိပြီး Organizational Development ဆိုသည့် အဖွဲ့အစည်းတရပ်၏ မူဘောင်စည်း မျဉ်းစည်းကမ်းအထိန်းအကွယ်များမရှိပေ။

ထိုသို့မရှိခြင်းကြောင့်ငြင်းခုံမှုများတွင် အဖြေရရန်အတွက် အုပ်စုအသီးသီးမှ ကိုယ်စားပြု Mandate ပါဝါရှိသော ဆုံး ဖြတ်ချက်ချနိုင်သူများ မပေါ်လာတော့ချေ။

ပါတီရပ်တည်မှုမရှိသဖြင့် ကိုယ်စားလှယ်အမတ်များသည် လွတ်လပ်သည်။

ထိုလွတ်လပ်မှုက မဲဆန္ဒနယ်ပြည်သူလူ ထုနှင့်ဝေးကွာသွားသောအခါနှောင် ကြိုးမဲ့၍မိမိအကျိုးစီးပွားအတွက်သာ လွတ်တော်တွင်းတွင် ဆွေးနွေးငြင်းခုံနေတော့သည်။

ဖွဲ့စည်းပုံစနစ်အရ ပါလီမာန်စနစ်ဖြစ်နေ၍ ပါလီမာန်အားမကောင်းလျှင် အစိုးရအဖွဲ့လည်း အားမကောင်းတော့ချေ။

လူထု၏ စားဝတ်နေရေးအကြပ်အတ ည်းကို ထွက်ပေါက်ဖြစ်စေမည့်ဥပဒေများနှင့်အုပ်ချုပ်မှုများလည်းမရှိတော့ပေ။

ဤသို့ဖြင့် လူထုက စိတ်ပျက်လာတော့ သည်။ထိုစိတ်ပျက်ခြင်းက နိုင်ငံရေးစန စ်ကို အယုံအကြည်မဲ့လာစေသည်။အယုံံအကြည်မဲ့လာမှုက မူလအထိုင်လူ မျိုးစု၊ဘာသာရေး၊လက်ဝဲအယူအဆ များဘက်ကို ပြန်ရောက်သွားပြီး ထိုအု ပ်စုအသီးသီးတွင် သဘောထားပြင်းထ န်သူ/တင်းမာသူများကို နေရာရလာစေပြန်သည်။

ယင်းသို့ အနေအထားမျိုးဖြင့် ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်နေသောအခါ ဘု ရင်နှင့်ဝန်ကြီးချုပ်ကြားတွင် ပြဿနာများဖြစ်လာတော့သည်။

ဝန်ကြီးချုပ်ဒါယုတ်ခန်း (Daoud Khan)သည် အမှန်တော့ ဘာရက်ဇိုင်းမင်းဆက်၏ မိသား စုဝင်ဖြစ်သည်။ဖွဲ့စ ည်းပုံအခြေခံဥပဒေမစခင် ၁၉၅၃ ခုနှစ်ကပင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး ပါလီမာန်ဒီမိုကရေစီစနစ်တွင်လည်း ၎င်းသည်ဝန်ကြီးချုပ်ဖြစ်သည်။

ဘုရင်ဇဟာရ်ရှားက ဒါယုတ်ခန်းအား နုတ်ထွက်ခိုင်းသောအခါ ဒါယုတ်ခန်းက လက်ဝဲကွန်မြူနစ်အုပ်စုများနှင့် လ က်ဝဲအယူအဆရှိသော စစ်တပ်မှပုဂ္ဂို လ်များ၏ ထောက်ခံချက်ကိုယူကာ ဘုရင်စနစ်ကို ဖျက်သိမ်းကာ သမ္မတနိုင်ငံကို ထူထောင်တော့သည်။

ဆက်လက်ဖော်ပြပါမည်။ 

PrevPreviousR2P အပါအဝင်ငါးချက်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေတောင်းဆို
Nextပန်သပြေရွာကို စစ်ကော်မရှင်​တပ်လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနဲ့နေအိမ်နှစ်ဆယ်ပျက်စီးNext
Previous Post

R2P အပါအဝင်ငါးချက်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေတောင်းဆို

Next Post

ပန်သပြေရွာကို စစ်ကော်မရှင်​တပ်လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနဲ့နေအိမ်နှစ်ဆယ်ပျက်စီး

Comments 1

  1. binance Anmeldung says:
    2 months ago

    Your point of view caught my eye and was very interesting. Thanks. I have a question for you.

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

February 14, 2026
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

February 14, 2026
Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

February 14, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

February 14, 2026

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

Releated Post

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

February 14, 2026
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

February 14, 2026
Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

February 14, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

February 14, 2026
Photo - Border Patrol Police Division 22

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

February 14, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

February 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page