Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး

အိုဘယ့်ရယ်တဲ့သင်းရနံမြေ သို့မဟုတ် အာဖဂန်မှယူသင့်သောသင်ခန်းစာ – ၃

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၉။

ဝန်ကြီးချုပ် ဒါယုတ်ခန်းမှ သမ္မတဒါယုတ်ခန်းဘဝသို့

ဒါယုတ်ခန်း(Daoud Khan)အနေဖြင့်သမ္မတဖြစ်လာသောအခါ ကနဦးအစပိုင်းတွင်တော့ ပြုပြင်ပြောင်းလဲမှုအချို့ကိုဆောင်ရွက်ခဲ့သည်။

သို့သော် သူ့အား အာဏာသိမ်းရာတွင် ကူညီခဲ့သည့်လက်ဝဲအင်အားစုများနှင့် တဖြေးဖြေးသဘောထားကွဲလာကြပြန်သည်။

ဒါယုတ်ခန်း(Daoud Khan)က အာဖဂန်၏ စီးပွားရေးအား လက်ယာပုံစံဆန်ဆ န်ပြောင်းလဲလိုသည်။၎င်းကိုယ်တိုင်ကပင် ဘာရက်ဇိုင်းမင်းဆက်၏မိသားစုဖြစ်သည်။

၎င်းဝန်ကြီးချုပ်သက်တမ်းတွင်လုပ်ပိုင်ခွင့်အကန့်အသတ်များကြောင့် ဆောင် ရွက်ချင်သည်များကို မဆောင်ရွက်နိုင်သောအခင်းအကျင်းမျိုးကို အစာကြေလှသည်မဟုတ်ပေ။

ထိုကြောင့်လည်း ဘုရင်အားဖြုတ်ချအာဏာသိမ်းခဲ့ခြင်းဖြစ်သည်။အာဖဂန် ၏စီးပွားရေးအစီအစဉ်အတွက် ရံပုံငွေအထောက်အပံ့များကို အနောက်အုပ်စုနှင့်အာရတ်ရေနံနိုင်ငံများထံမှ မျှော်လင့်သည်။

ဤသို့ဖြင့် ဆိုဗီယက်နှင့်တဖြေးဖြေးဝေးကွာလာသည်။

ထိုအနေအထားမျိုးက သူ့အားအာဏာသိမ်းရာတွင် အကူအညီပေးခဲ့သောလ က်ဝဲသမားနှင့်ဆက်ဆံရေးအဆင်မပြေတော့ပေ။

လက်ဝဲသမားများကလည်း ဒါယုတ်ခန်းနှင့်ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိနေ သည်။

ထိုအခါ ဒါယုတ်ခန်းအနေဖြင့် လက်ဝဲ ကွန်မြူနစ်များကို ဖိနှိပ်လာတော့သည်။ လက်ဝဲသမားများတွင် ပြည်သူ့ဒီမိုကရက်တစ်ပါတီ(People’s Democratic Party of Afghanistan – PDPA)က ပို၍ လက်သံပြောင်သည်။ ဒါယုတ်ခန်းကလည်း PDPA ကိုလန့်သည်။

မလန့်လို့ကလည်းမရ အနီးအနားတွင် ကွန်မြူနစ်ဆိုဗီယက်ရုရှားက ရှိနေသည်။

ဤအချက်များက ဒါယုတ်ခန်းအတွက် မလုံခြုံမှုကိုဖြစ်စေသည်။မလုံခြုံဟု ခံ စားလာရတော့ လုံခြုံအောင်ကြံဆတော့သည်။အရေးပါသော အစိုးရနေ ရာများနှင့်စစ်တပ်၊ရဲကဲ့သို့ လက်နက် ကိုင်အဖွဲ့အစည်းထဲတွင် လက်ဝဲအယူအဆရှိသူများကို ဖယ်ရှားသည်။နိုင်ငံကို တပါတီစနစ်သို့ သွတ်သွင်းတော့သည်။

ဤသို့ဖြင့် အာဏာရှင်ဆန်လာတော့သည်။

၁၉၇၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့သည် ကား ဒါယုတ်ခန်းအတွက် အလှည့်အပြောင်းတခုကို ဖြစ်စေရန်အစပြုသော နေ့ဖြစ်တော့သည်။

ထိုနေ့တွင့ PDPA၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိရ်အက္ကဘာခီဘာ (Mir Akbar Khyber)လုပ်ကြံသတ်ဖြတ်ခံလို က်ရသည်။ PDPA က ထိုလုပ်ကြံမှုသည် ဒါယုတ်ခန်းလက်ချက်ဟု ယူဆသည်။PDPA တို့ ကာဘူလ်မြို့တော်၏ လမ်းမပေါ်ထွက်လာကာ ပြင်းပြင်းထန် ထန် ဆန္ဒပြတော့သည်။ဒါယုတ်ခန်းကလည်း PDPA ခေါင်းဆောင်များကိုဖမ်းဆီးတော့သည်။

ထိုအခါ PDPA နှင့်စစ်တပ်ထဲမှ လက်ဝဲအယူအဆရှိသူ တပ်ဖွဲ့ဝင်များက ပုန်က န်ရန်ဆုံးဖြတ်ကာ သမ္မတနန်းတော်ကို ဝင်စီးတော့သည်။

မိရ်အက္ကဘာခီဘာ လုပ်ကြံခံရပြီးနောက် ဆယ်ရက်အကြာ ၁၉၇၈ခုနှစ်၊ဧပြီ လ ၂၇ရက်တွင် PDPAက နိုင်ငံ၏ အာဏာကို ရယူလိုက်တော့သည်။

ထိုအပြောင်းအလဲအား အာဖဂန်သမိုင်းတွင် ဆော်တော်လှန်ရေး(Saur Revolution)ဟုခေါ်ကြသည်။ PDPA မှ နူရ်မူဟာမက်တရာကီ (Nur Muhammad Taraki)က ခေါင်းဆောင်ဖြစ်လာသည်။

ဟာဖစ်ဇူလ်လာ အမင် (Hafizullah Amin)အာဖဂန်ကွန်မြူနစ်အစိုးရတွင် နူရ်မူဟာမက်တရာကီက သမ္မတဖြစ်ပြီး ဟာဖစ်ဇူလ်လာအမင်က ဝန်ကြီးချုပ်ဖြစ်လာသည်။

အာဖဂန်၏ထုံးစံအတိုင်း မညီညွှတ်မှု မတည်ငြိမ်မှုကပျောက်မသွားခဲ့ပေ။ ဝန်ကြီးချုပ်က မညီညွှတ်မှုမတည်ငြိမ်မှုများကို ကိုင်တွယ်လာရသောအခါ လုပ်ပိုင်ခွင့်က တင်းပြည့်ကျပ်ပြည့်လိုလာသည်။

ဤသို့ဖြင့် ဝန်ကြီးချုပ်နှင့် သမ္မတကြား လုပ်ပိုင်ခွင့်တွင် အားပြိုင်မှုက ဖြစ်လာကြပြန်သည်။ဟာဖစ်ဇူလ်လာအမင်၏ ဩဇာက အစိုးရအဖွဲ့နှင့်စစ်တပ်ထဲတွင် ကြီးမားလာသည်။ ဆူပူအုံကြွမှုများကို ကိုင်တွယ်သောအခါ ဟာဖစ်ဇူလ်လာအမင်က ပြင်းပြင်းထန်ထန်တုန့်ပြန်လေ့ရှိသည်။ ခက်သည်က အာဖဂန်သ ည် ဆိုဗီယက်ရုရှားကဲ့သို့ စက်မှုလူ့အဖွဲ့ အစည်းမဟုတ်သေးပေ။

အာဖဂန်လူ့အဖွဲ့အစည်းသည် အပြန်အ လှန်မယုံကြည်မှုနှင့်အားပြိုင်မှုအောက်တွင်သာရှိနေသည်ဖြစ်၍ကုန်ထုတ်လု ပ် မှုအားကောင်းသောလူ့အဖွဲ့အစည်းလ ည်း မဟုတ်ပေ။လက်ဝဲအယူအဆအရ ပြုပြင်ပြောင်းလဲမှုများကို လူမျိုးစုအ ထိုင်နိုင်ငံရေးအုပ်စုများနှင့်ဘာသာရေးအုပ်စုများအဖို့ သဘောမတွေ့ချင်စရာများရှိနေသည်။ ကွန်မြူနစ်ဟူသည်ကလည်း ဘာသာမရှိ၊လူမျိုးမရှိ အယူအ ဆသာ။

ထိုအယူအဆက သမိုင်းကြောင်းတလျှောက် အမျိုးသားရေးဆိုင်ရာနာကျင်မှုရှိနေသော လူမျိုးစုများအတွက် အဆင်မပြေ။

ထိုအတူ ဘာသာရေးအထိုင်အောက်ကလည်း အဆင်မပြေ။အာဖဂန်သာမန် ပြည်သူများအတွက်တော့ လက်ဝဲပြု ပြင်ပြောင်းလဲမှုက နဂိုအနေအထားထ က် ပိုမကောင်းဘဲ ပိုဆိုးလာခဲ့သည်။နဂိုကလယ်ပိုင်၊မြေပိုင်သေးသည်။

ကွန်မြူနစ်များတက်လာခါမှ ကိုယ့်မြေလည်းကိုယ်မပိုင်တော့ပေ။ကိုယ်လယ်ကိုယ်မပိုင်သည်အပြင် ကိုယ်လယ်ပေါ်တွင် အလုပ်ကလုပ်နေရသေးသည်။ ကြပ်တည်းမှုက ပိုရှိလာသည်။ကြပ်တ ည်းမှုပိုရှိလာတော့ ပို၍မငြိမ်သက်မှုက ဖြစ်လာတော့သည်။

ထိုမငြိမ်မသက်မှုများတွင် အောက်ခြေသာမန်လူတန်းစား၏အခွင့်အရေးကို တောင်းဆိုမှုက ရှိနေသည်။

ဥဇ္ဇဘက်၊တာဂျစ်၊ တာခ့်မင်လူမျိုးစုများကလည်း ဆိုဗီယက်ယူနီယံနှင့် နယ် နိမိတ်ချင်းထိစပ်နေသည်။ထိုလူမျိုးစုနယ်မြေများတွင်လည်းအကြပ်အတည်းကြောင့် မငြိမ်သက်ကြပေ။

ထိုသို့ နိုင်ငံရေးအယူအဆပါနေသော မငြိမ်သက်မှုများသည် ဆိုဗီယက်လက် ချက်မကင်းဟု ဟာဖစ်ဇူလ်လာအမင်ကရှူမြင်သည်။ ဆိုဗီယက်ဘက်က အာဖဂန်၏ မငြိမ်သက်မှုများသည် ဟာဖစ်ဇ်ဇူလ်လာအမင်၏မူဝါဒကြောင့်ဟုရှူမြင်သည်။

ဤသို့ဖြင့် ဟာဖစ်ဇူလ်လာအမင်နှင့်ဆို ဗီယက်ကြားတွင် ဆန့်ကျင်ဘက်ဖြစ် လာတော့သည်။

၁၉၇၉ခု နှစ် စက်တင်ဘာလတွင်သမ္မ တနူရ်မူဟာမက်တာရာကီကဆိုဗီယက်သို့အလည်အပတ်လာခဲ့သည်။ခရီးစဉ်တွင် ဆိုဗီယက်တို့က ဟာဖစ်ဇူလ်လာ အမင်အားဖယ်ရှားရန် မီးစိမ်းပြလိုက်သည်။

နူရ်မူဟာမက်တာရာကီက ဟာဖစ်ဇူလ်လာ အမင်အားလုပ်ကြံသတ်ဖြတ်သော် လည်း မအောင်မြင်ခဲ့ပေ။ဟာဖစ်ဇူလ်လာ အမင်၏ ပြန်လည်လုပ်ကြံသတ် ဖြတ်မှုကိုသာ ခံလိုက်ရတော့သည်။

ဤသို့ဖြင့် အာဖဂန်၏အာဏာသည် ဟာဖစ်ဇူလ်လာ အမင်ထံ ရောက်ရှိလာသည်။ဟာဖစ်ဇူလ်လာအမင်ထံ အာ ဏာရောက်ရှိသွားသောအခါ မျက်ခုံးလုပ်သွားသည်က ဆိုဗီယက်ဖြစ်သည်။ ဟာဖစ်ဇူလ်လာ အမင်အနေဖြင့် ဆိုဗီ ယက်ကို ကြေနပ်မည်မဟုတ်သည်ကိုလည်း ဆိုဗီယက်တို့က ရိပ်စားမိသည်။

မထူးတော့ပြီမို့ အာဖဂန်သပွတ်အူထဲ ဆိုဗီယက်တို့ လက်တစ်ဆုံးဝင်နှိုက်တော့သည်။

၁၉၇၉ခု နှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်တို့ အာဖဂန်ထဲ ဝင်လာပြီး ဟာဖစ်ဇူလ်လာအမင်ကိုဖယ်ရှားကာ ၎င်းတို့စိ တ်ချရသော ဘာဘ်ရက်ကာရ်မဲလ် ( Babrak Karmal)အား အာဖဂန်အုပ် ချုပ်သူဖြစ်စေခဲ့သည်။

ဆိုဗီယက်တို့က ၎င်းတို့ဩဇာလွမ်းမိုး ၍ရသော ဘာဘ်ရက်ကာရ်မဲလ်အစိုးရအားပုန်ကန်မှုများမှကူညီရန်၊တိုင်းပြ ည်တည်ငြိမ်ရေးကို ထိန်းချုပ်နိုင်ရန်နှင့် အမေရိကန်ကဲ့သို့ အင်အားစုများမှ ဩ ဇာမလွှမ်းမိုးနိုင်အောင်ကာကွယ်ရန် ရည်ရွယ်၍ အာဖဂန်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း မှန်းချက်နှင့်နှမ်းတွက်ကမကိုင်ခဲ့ပေ။

ကွန်မြူနစ်များက လူမျိုးရေးနှင့် ဘာသာရေးကို လက်မခံပေ။ အာဖဂန်တွင် ရှေးယခင်ကပင် လူမျိုးစုအရေးက ရှိနေခဲ့သည်။အုပ်ချပ်ရေးစနစ်ညံဖျင်းမှုကြောင့် လူထုတွင် အကြပ်အတည်းဆိုက်နေသည်။ အကြပ်အတည်းအောက်တွင်ရှိနသေော လူထုအား ဘာသာရေးကို အခြေခံသည့် နိုင်ငံရေးဖြင့် စည်းရုံးရက လွယ်ကူသွားပြီဖြစ်သည်။

ဤရလဒ်ကြောင့် ဆိုဗီယက်- အာဖဂန် စစ်ပွဲဖြစ်လာခဲ့ပြီး ထိုစစ်ပွဲပဋိပက္ခက တာလီဘန်များပေါ်ထွက်လာရန် ရေခံမြေခံများကိုလည်း အကျိုးဆက်အနေဖြင့်ဖြစ်လာစေခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousရိုဟင်ဂျာလက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တချို့အားပေးကူညီနေ
Nextသံတွဲကို စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လုပ်Next
Previous Post

ရိုဟင်ဂျာလက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တချို့အားပေးကူညီနေ

Next Post

သံတွဲကို စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025
ဓာတ်ပုံ - ကရင်နီပြည်လူငယ်များသမဂ္ဂက

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

December 5, 2025

ဘင်္ဂလားဒေ့ရှ်မှာအမျိုးသမီးငယ်တွေအွန်လိုင်းပေါ်စော်ကားခံရမှုအရှိန်မြင့်တက်လာ

December 5, 2025

အပြင်မထွက်အသံတိတ်သပိတ်ကို ဒီဇင်ဘာလဆယ်ရက်နေ့မှာပြုလုပ်မယ်

December 5, 2025

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

Releated Post

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page