Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး လူမျိုးရေးရာ အာရက္ခဒေသ

လိုသျှမ်ပါ သို့မဟုတ် တောင်ပိုင်းသား – ၁

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဒီဇင်ဘာ ၁၇။

လိုသျှမ်ပါ (Lhotshampa)ဟူသည် ဘူတန်ဒရုက်ပလူမျိုးစု (Drukpa ethnic groups)အုပ်စုများ၏ ဘာသာစကား အဓိပ္ပါယ်အရ”တောင်ပိုင်းနယ်စပ်တွင်နေထိုင်သူ”ပင်။

ဘူတန်တို့အခေါ်အရ”ဘူတန်ထဲတွင်နေ ထိုင်သောနီပေါလူမျိုးများကို လိုသျှမ်ပါ”ဟုခေါ်ကြခြင်းဖြစ်သည်။

လိုသျှမ်ပါများအား အခြားတဖက်တွင် ဘူတန်ဒုက္ခသည်(Bhutanese Refugee)ဟုလည်းခေါ်ကြသည်။

လိုသျှမ်ပါများကား ဘူတန်တွင် နိုင်ငံသားဖြစ်မှုနှင့်ပြည်သူဆိုင်ရာအခွင့်အ ရေးများ ရုတ်သိမ်းခံထားရသူများဖြစ် သည်။

၁၉၈၀ ခုနှစ်များနှင့်၁၉၉၀ ခုနှစ်များတလျှောက် ဘူတန်မိုးကြိုးနဂါးမင်းဆက် ၏မူဝါဒများအရ လိုသျှမ်ပါများအား တဖက်သတ် နေရာရွေ့ပြောင်းမှုကို ပြုခဲ့သည်။

ထိုမူဝါဒကို အတင်းအကျပ်အကောင် အထည်ဖော်သောအခါ လိုသျှမ်ပါများ နီပေါနိုင်ငံထဲကို ခိုလုံရတော့သည်။

ဤသို့ဖြင့် ဘူတန်ဒုက္ခသည်ပြဿနာ (Bhutanese Refugee Crisis)ဟူသည် ပေါ်ထွက်လာခဲ့သည်။

ဘူတန်ရှိလူမျိုးစုများက ဝီဇယာယနဗု ဒ္ဓဘာသာ(တိဘက်ဗုဒ္ဓဘာသာ)များဖြစ်ပြီးတိဘက်တို-ဘားမင့်အုပ်စုဘာသာ စကားပြောကြသည်။

လိုသျှမ်ပါဟု ဘူတန်တို့က ခေါ်သူအ များစုသည် ဟိန္ဒူကိုးကွယ်မှုနှင့်အင်ဒိုအာရိယံဘာသာစကားအုပ်စုများဖြစ်သော ခါးစ်အာရိယ(Khas Arya)များ ဖြစ်သည်။

သို့ရာတွင် နီပေါရှိ ဂျနဇာတိ (Janajati) ဟု ခေါ်သော တိဘက်တိုဘားမင့်အုပ်စုများလည်း ရှိကြသည်။

လိုသျှမ်ပါ အဖြစ်သတ်မှတ်ခံရသော ဂျနဇာတိ အုပ်စုထဲတွင် မာဂါ(Magar)၊ ဂုရမ်(Gurung )၊ရိုင်း(Rai)၊လမ်ဘု (Limbu (Kirati))၊တာမန်(Tamang)နှင့် နီဝါ(Newar)လည်း ပါဝင်ကြသည်။

ဘူတန်အခေါ်အရ နီပေါနိုင်ငံထဲမှဘူတ န်၏တောင်ပိုင်းဒေသများသို့ ဝင်လာသူကို လိုသျှမ်ပါ ဟုခေါ်သည်။

လိုသျှမ်ပါသည် ဘူတန်နိုင်ငံသားမဟုတ်ဟု ဆိုသည်။

ဤမျှလောက်ဆိုလျှင် လိုသျှမ်ပါ သို့မ ဟုတ် ဘူတန်ဒုက္ခသည်အကျပ်အတ ည်း(Bhutanese Refugee Crisis)၏ ဇစ်မြစ်အချို့ကိုနားလည်ရန်လုံလောက်ပါ၏။

နီပေါနိုင်ငံအရှေ့ဘက်တွင် လိုသျှမ်ပ ဒုက္ခသည်ပေါင်း တသိန်းခန့်သည် UNH CR ဒုက္ခသည်စခန်းများတွင်ရှိနေခဲ့သည်။

ထိုဒုက္ခသည်စခန်းများအား ဘူတန်များအမြင်တွင် နီပေါလူမျိုးများ ၎င်းတို့နှင့်ဆိုင်သည့် နေရာတွင်ရှိနေသည်ဟု မြင်နေကြသည်။

သို့သော် အဖြေက ထိုမျှလောက်မရိုးရှင်းပေ။ ပြန်လက်ခံရေးနှင့်ပတ်သက် ၍အကြိမ်ပေါင်းများစွာ နီပေါနှင့်ဘူတ န်ကြား ပြောခဲ့၊ဆိုခဲ့၊တွေ့ခဲ့ကြသည်။ဘူ တန်ဖက်က လက်မခံပေ။

နောက်ပိုင်းတွင်တော့ လိုသျှမ်ပါများအား တတိယနိုင်ငံများမှ ခိုလုံခွင့်ပေးလာရာ နီပေါနိုင်ငံအတွက် ထမ်းပိုးရသော ဝန်ထုတ်ဝန်ပိုးလျော့ပါးလာခဲ့သ ည်။

ထိုသို့လျော့လာခဲ့ရာမှ သံခင်းတမန်ခင်းတင်းမာမှုလည်း နှစ်နိုင်ငံကြားအနည်း ငယ် ဖြေလျော့လမ်းပွင့်လာခဲ့သည်။

သို့သော် ယခုအချိန်ထိ ထိုကိစ္စသည် နီပေါနှင့်ဘူတန်နှစ်နိုင်ငံကြား ခုလုခုလု ဖြစ်နေကြဆဲပင်။

နီပေါ၌ ဂျင်ဇီလူငယ်များ လမ်းမပေါ်ထွ က်လာပြီးနောက် ဖြစ်ပေါ်လာသော နိုင် ငံရေးအပြောင်းအလဲများအောက်တွင်ပင် ထိုလိုသျှမ်ပါကိစ္စက အစိုင်အခဲရှိနေသေးသည်။

မကြာသေးမီလများအတွင်း နီပေါလီတိုင်းမ်မီဒီယာတွင် လိုသျှမ်ပါ ကိစ္စနှင့်ပတ်သက်၍ နီပေါဘက်မှအမြင်ကို ဖော်ပြထားသည်။

ထိုသဘောထားအမြင်ဆောင်းပါးက နီပေါ၊အိန္ဒိယ၊ဘူတန်ကြား အခြေအနေကို သိရှိနိုင်သဖြင့်ထပ်ဆင့်ဖော်ပြလိုက် သည်။

၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ဘူတန်သို့အလည်အပတ်သွားခဲ့သည်။

ထိုခရီးစဉ်က အိန္ဒိယအတွက် အမေရိကန်ဒေါ်လာသန်း ၄၅၀ ခန့် ရင်းနှီးမြုပ်နှံမည့်ခရီးစဉ်လည်းဖြစ်သည်။

အိန္ဒိယက ရေအားလျှပ်စစ်ထုတ်ယူရေးစီမံကိန်းများကို စိတ်ဝင်စားနေသည်။ ဒေါ်သန်း ၄၅၀ ရင်းနှီးမြုပ်နှံ့မည့်အစီ အစဉ်က ဘူတန်ဘုရင်ဂျီမီဆန်ဂီဝင်ချောက်(King Jigme Singye Wangchuk)အတွက် မွေးနေ့လက် ဆောင်သဖွယ်ဖြစ်သည်။

အိန္ဒိယသည် ဘူတန်အတွက် ယုံကြည်ရသောရင်းနှီးမြုပ်နှံ့သူဖြစ်သည်။ဘူတ န်သည် သူ့၏တနိုင်ငံလုံးလူဦးရေ၏ ၁၇ ရာခိုင်နှုန်းအပေါ် ၁၉၈၀ ပြည့်လွန်ကာလများက စနစ်တကျရက်စက်ကြ မ်းကြုတ်မှုကျူးလွန်ခဲ့သူဖြစ်ပြီး လက် ရှိအချိန်ထိ တာဝန်ယူမှုကင်းလွတ်နေဆဲဖြစ်သည်။

နယူဒေလီသည် ထိုဖြစ်စဉ်အပေါ် မဟာဗျူဟာမြောက် နုတ်ဆိတ်ခြင်း (strategic silence)ကို စွဲကိုင်ထားသည်။

လက်ရှိတွင် ဘူတန်ဘက်က ဂီလီဖု (Gelephu)အမည်ရ စိတ်ကူးယှဉ်မြို့ တော်(Mindful City)ကို တည်ဆောက်နေသည်။

ထိုမြို့တော်က အိန္ဒိယ၏အခြေခံအ ဆောက်အအုံများနှင့်ချိတ်ဆက်မည်ဖြ စ်သည်။

မူဝါဒ၏သားကောင်(victim)များက တော့ ရှိနေသည်။ထုံးစံအတိုင်းပင် ထို မြို့တော်သစ်စီမံကိန်းကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက်ဒီမိုကရေစီကျင့်သုံးသောအိန္ဒိယအသံ ထွက်ပေးရန် ပျက်ကွက်ဆဲပင်။

ထိုအတွက် အငြင်းအခုန်ပြုလုပ်မည့် လိုသျှမ်ပါ တဦးတယောက်မျှမရှိပေ။ ငြင်းခုန်ရန်လည်း အိန္ဒိယကစိတ်မပါပေ။ဘူတန်ကတော့ သဘောထားကွဲလွှဲမှုအပေါ် နှိပ်ကွပ်နေဆဲ။

ထိုသို့နှိပ်ကွပ်မှုက အပြစ်မှလည်း လွှတ် ကင်းဆဲဖြစ်သည်။ ၂၀၂၅ ခုနှစ်၊နှစ်ဦးပိုင်းက လူမှုကွန်ရက်မီဒီယာတွင် ထင်းရှားသူရာဂူးပတိဆုဘေဒီ (Raghu Pati Subedi)သည် အာသံတွင် အဖမ်းခံလို က်ရသည်။

အိန္ဒိယက သူ့အား ဘူတန်သို့လွဲပေးခဲ့သည်။ခုသူ တမ်ဘူအကျဥ်းထောင်တွင် အဖမ်းခံနေရသည်။

ဤသည်ကား ဘူတန်၏ သီးခြားဖြစ် စဉ်မဟုတ်ပေ။စနစ်တကျအစီအစဉ်ရှိရှိ ကွင်းဆက်မပြတ်ဖြစ်စဉ်သာ။

ထွက်ခွာသွားရသူ (Exodus)

၁၉၉၀ ပြည့်လွန်ကာလများက လိုသျှမ်ပါတသိန်းဝန်းကျင် ဘူတန်မှ ထွက်ခွာသွားရမှုသည် သွေးရိုးသားရိုး သူအလို လိုဖြစ်လာသောဖြစ်စဉ် (Spontaneous event)မဟုတ်ပေ။

နိုင်ငံအင်စတီကျူးရှင်းတရပ်က ဦးဆောင်အကောင်အထည်ဖော်သော ခွဲခြားဆက်ဆံမှု (State-led Discrimination)အထွဋ်အထိပ်ကာလများ၏ ပြယုဂ်များဖြစ်သည်။

အထူးသဖြင့် ဘူတန်၏ ပြည်သူလူထုတမျိုးတည်းရှိရမည်ဟူသော(One Nation၊ One People policy) မူဝါဒ၏ အမှောင်ဘက်အခြမ်းများ အားကောင်းရာ ပြယုဂ်သက်သေများဖြစ်သည်။

၁၉၈၅ခုနှစ်၊ဘူတန်နိုင်ငံသားအက် ဥပဒေ၊ ၁၉၈၉ ခုနှစ် One Nation၊ One people မူဝါဒများက နီပေါစကားပြောသော ဘူတန်နိုင်ငံသားများ၏အခွင့်အ ရေးကို စနစ်တကျ ချနင်းတော့သည်။

နီပေါလိုစကားမျိုး၊နီပေါလို ဝတ်စားဆင်ယင်မှုမျိုးက One Nation၊One people မူဝါဒဘက်က ကြည့်လျှင် ဖိနှိပ်စရာ။

One Nation၊One People အရ ဘူတန်နိုင်ငံတွင် ဝတ်ဆင်ရမည့် အမျိုးသားဝတ်စုံ ကိုပြဋ္ဌားန်းလိုက်သည်။

ဤသို့ဖြင့် တိဘက်တို-ဘားမင့်အုပ်စုများနှင့်အင်ဒိုအာရိယံများကြား ပဋိပ က္ခက ဖြစ်လာသည်။လိုသျှမ်ပါများ၏ နိုင်ငံသားဖြစ်မှုကိုရုပ်သိမ်းခဲ့သည်။

ဤသို့ဖြင့် လိုသျှမ်ပါများ နိုင်ငံမဲ့ဘဝ ရောက်ကုန်သည်။

လက်ရှိ ရာဂူးပတိဆုဘေဒီ (Raghu Pati Subedi)၏ ဖြစ်စဉ်မှာ လက်ရှိ အကျပ်အတည်းနှင့်ဒုက္ခကဆိုလျှင် ထိုဒုက္ခမှာ နှစ်ပေါင်း ၃၅ နှစ်ထိ ကြာနေပြီးဖြစ်သော အမှတ်အသားတခုဖြစ်သ ည်။

ထိုအမှတ်အသားက အတိုက်အခံများကို နှိပ်ကွပ်ဖိနှိပ်မည်ဆိုသော အမှတ်အ သားဖြစ်သည်။

ဒုက္ခသည်များစုပုံနေမှုက မြင့်တက်နေ ခဲ့ချိန်တွင် နီပေါအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေခဲ့သည်မှာ မေးနေစရာမလိုတော့ချေ။

နီပေါနိုင်ငံအတွက် နိုင်ငံရေးမတည်ငြိမ်မှုများ၊အရင်းအမြစ်အကန့်အသတ်များကြားတွင် ချောင်ပိတ်နေရချိန်တွင် ပင်ထိုဝန်ထုတ်ဝန်ပိုးမှာ လေးလံလာသော် လည်း နီပေါနိုင်ငံအနေဖြင့် လူသားချ င်းစာနာမှုဘက်ကသာ ရပ်တည်နေဆဲ ဖြစ်သည်။

ဒုက္ခသည်များ ဘေးကင်းလုံခြုံဂုဏ်သိ က္ခာရှိစွာ နေရပ်ပြန်ရေးက နီပေါအတွ က် သံခင်းတမန်ခင်းတွင် ပုံသေဆော်သြစရာဖြစ်လာခဲသည်။

နှစ်ကာလများစွာ နီပေါအနေဖြင့် ဘူတ န်နှင့်ညှိ့နှိုင်းခဲ့သည်။ထင်သာမြင်သာသော ဖြစ်စဉ်များဖြစ်ခဲ့သည်။

သို့သော် နီပေါ၏ ကြိုးစားအားထုတ်မှုများ အကောင်အထည်ဖြစ်လာရန် ဘူတန်တွင် မူတည်နေပြန်သည်။

နီပေါနိုင်ငံကတော့ ကျင့်ဝတ်နှင့်လူ သားချင်းစာနာမှုအပေါ်တွင်မယိုင်လဲပေ။

နိုင်ငံတကာကတော့ ဘူတန်၏တာဝန်ယူစိတ်ကင်းမဲ့မှုအပေါ်ကိုင်တွယ်ရန် ကျရှုံးနေဆဲဖြစ်သည်။

ဘူတန်၏တမျိုးသားလုံးစိတ်အေးချ မ်းပျော်ရွင်ရေး(Gross National Happiness- GNH)တန်ဖိုးစံနှုန်းက ဘာလဲဟု မေးစရာရှိလာသည်။

ထိုစံနှုန်းအပေါ်တွင် ဘူတန်အုပ်ချုပ်သူများက ဆရာတဆူလို ဟစ်ကြွေးထားသည်။

တကယ်မြေပြင်၏ကြမ်းကြုတ်သော အမှန်တရား(Grim reality)မှာ ဘူတန် ဒုက္ခသည် စခန်းများရှိနေဆဲ ဖြစ်သည်။

ဆက်ရန်…

PrevPreviousစစ်ကိုင်းမြို့မှာ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ
Nextရေဖြူမြို့စစ်ကော်မရှင်ဌာနဆိုင်ရာရုံးတွေနဲ့ရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်စီးနင်းNext
Previous Post

စစ်ကိုင်းမြို့မှာ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

Next Post

ရေဖြူမြို့စစ်ကော်မရှင်ဌာနဆိုင်ရာရုံးတွေနဲ့ရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်စီးနင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - KNU

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

March 15, 2026
Photo - FARS NEWS

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026
​Photo - TNLA

​ကွတ်ခိုင်ရှိ TNLA စခန်းတွေကို MNDAA က ဒရုန်းနဲ့တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုဖမ်းဆီးဟုဆို

March 15, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

စစ်အုပ်စုထံ လက်နက်နဲ့လေယာဉ်ဆီစီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

March 15, 2026

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

​ကွတ်ခိုင်ရှိ TNLA စခန်းတွေကို MNDAA က ဒရုန်းနဲ့တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုဖမ်းဆီးဟုဆို

စစ်အုပ်စုထံ လက်နက်နဲ့လေယာဉ်ဆီစီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

မဟာမိတ်ချင်း တိုက်ခိုက်နေပေမယ့် ထိပ်တိုက်မတွေ့ဘဲ ဆွေးနွေးဖြေရှင်းမယ်လို့ TNLA ဆို

Releated Post

​ဓာတ်ပုံ - KNU

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

March 15, 2026
Photo - FARS NEWS

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026
​Photo - TNLA

​ကွတ်ခိုင်ရှိ TNLA စခန်းတွေကို MNDAA က ဒရုန်းနဲ့တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုဖမ်းဆီးဟုဆို

March 15, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

စစ်အုပ်စုထံ လက်နက်နဲ့လေယာဉ်ဆီစီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

March 15, 2026

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

March 15, 2026
Photo - TNLA

မဟာမိတ်ချင်း တိုက်ခိုက်နေပေမယ့် ထိပ်တိုက်မတွေ့ဘဲ ဆွေးနွေးဖြေရှင်းမယ်လို့ TNLA ဆို

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page