Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

ICJရစ်သမ်နှင့် အက်ကြားအိုဟာမိုနီများ – ၃

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၇။

ARSAနှင့်ပတ်သက်၍ ဂမ်ဘီယာမြင်မှုက ရှင်းလင်းပြတ်သားသည်။

မြန်မာစစ်တပ်မှ ရိုဟင်ဂျာဆိုသူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကိစ္စတွင် ARSA နှင့်AA ကို အသုံးချခဲ့သည်ဟု ဂမ်ဘီယာရှေ့နေဖီလစ်ပီဆန်(ဒ်)(စ်) ( Philippe Sands) တင်ပြခဲ့သည်။

ရှေ့နေဖီလစ်ပီဆန်(ဒ်)(စ်)၏တင်ပြချက်ကို ကြည့်လျှင်…

“၁။ ARSAအပေါ် အသုံးချမှု (၂၀၁၇ အခြေအနေ)

၂၀၁၇ ခုနှစ်အတွင်း ရခိုင်မှာနယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့စဉ် မြန်မာစစ်တပ်သည် ARSA၏တိုက်ခိုက်မှုများကို အကြောင်းပြချက် (Pretext) အဖြစ်အသုံးချကာ ရိုဟင်ဂျာဆိုသူများအပေါ် မျိုးတုံးသတ်ဖြတ်မှုမြောက်သော လုပ်ရပ်များ ကျူးလွန်ခဲ့သည်။

၂။ AA အပေါ်အသုံးချမှု (လက်ရှိအခြေအနေ)

၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီးနောက် တိုက်ပွဲများတွင် မြန်မာစစ်တပ်သည် ၎င်းတို့အကျိုးစီးပွားအတွက် AA အားတိုက်ခိုက်ရန် ရိုဟင်ဂျာများအား အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ လက်နက်ကိုင်အဖွဲ့အချို့ကိုအသုံးချကာ ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့သည်။”စသည့်အချက်နှစ်ချက်ကို အနှစ်ချုပ်တွေ့ရမည်ဖြစ်သည်။

ဤအချက်နှစ်ချက်ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖော်နိုင်သည်။

“မြန်မာစစ်တပ်မှ ကိုယ်တိုင်သတ်ဖြတ်မှုကို ကျူးလွန်ခြင်း”

-မြန်မာစစ်တပ်သည် ARSA၏တိုက်ခိုက်မှုများအား အကြောင်းပြချက် (Pretext)အဖြစ် အသုံးချခြင်းတွင် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုကို “ကိုယ်တိုင်ကျူးလွန်သူ”ဖြစ်သည်။

ထိုသို့ ကျူးလွန်ရန် ARSA အား အကြောင်းပြသည်။

“AA နှင့်ရခိုင်များအား သတ်ဖြတ်မှုကို ကျူးလွန်သူများဖြစ်လာရန် မြန်မာစစ်တပ်မှ အကွက်ဆင်ခြင်း”

AA အားအသုံးချမှုတွင် ရိုဟင်ဂျာများအား AA ကိုတိုက်ခိုက်ရန် စစ်သားစုဆောင်းခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့အချို့ကို အသုံးချခြင်းဖြင့် ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးပဋိပက္ခဖြစ်ရန် ဖန်တီးနေသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် AAနှင့်ရခိုင်များက ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ၊ ရက်စက်သတ်ဖြတ်ကြမ်းကြုတ်မှုများ ပြုလုပ်လာမည်။

ဂမ်ဘီယာမှ ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်နှင့်မောင်တောဘက်တွင်ဖြစ်ပွားခဲ့သော မီးရှို့မှုများတွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို အသုံးချပြီးခိုင်းစေမှုများ လုပ်ခဲ့သည်ဟူသောအချက်ကို တရားရုံးတွင် သက်သေအဖြစ်တင်သွင်းသွားခဲ့သည်။

စိတ်ဝင်စားစရာကောင်းသောအချက်မှာ ထိုအချက်များသည် ဂမ်ဘီယာနိုင်ငံမှအမြင်သီးသန့်သာ ဖြစ်ပါသလားဟူသော မေးခွန်းဖြစ်သည်။

အဖြေမှာ ဂမ်ဘီယာမှ သီးသန့်အမြင်မဟုတ်ပေ။

မြန်မာနှင့်ဂမ်ဘီယာအမှုတွင် ကြားဝင်လျှောက်ထားသည့် နိုင်ငံများလည်း ရှိနေသေးသည်။

ထိုနိုင်ငံများမှာ…

၁။ကနေဒါ (Canada)

၂။ ဒိန်းမတ် (Denmark)

၃။ ပြင်သစ် (France)

၄။ ဂျာမနီ (Germany)

၅။ နယ်သာလန် (Netherlands)

၆။ ယူကေ (United Kingdom)

၇။ မော်လ်ဒိုက် (Maldives)ဖြစ်ကြသည်။

ထိုနိုင်ငံများ၏အခန်းကဏ္ဍက မြန်မာနှင့်ဂမ်ဘီယာအမှုတွင် မည်သို့ရှိပါသနည်းဟုမေးလာပါက ထိုနိုင်ငံများသည် ကြားဝင်ခြင်း၌…

အမှုထဲတွင် တိုက်ရိုက်တရားလို သို့မဟုတ် တရားခံအဖြစ်ပါဝင်ခြင်းမဟုတ်ပေ။

-သို့သော် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တရားရုံးအားအထောက်အကူပြုမည်ဖြစ်ပြီး

-ဂမ်ဘီယာတင်ပြချက်များကို ဥပဒေကြောင်းအရ ပံ့ပိုးပေးရန်အတွက် ပါဝင်လာခြင်းဖြစ်သည်။

သို့ဖြစ်၍ မြန်မာစစ်တပ်မှ ရိုဟင်ဂျာဆိုသူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကိစ္စတွင် ARSA နှင့်AA အားအသုံးချခဲ့သည်။

ARSA အား ဤသို့ဤပုံအသုံးချကာ ရိုဟင်ဂျာဆိုသူများအား ထိခိုက်နစ်နာစေခဲ့သည်။

AAအား ဤသို့ဤပုံ အသုံးချကာ ရိုဟင်ဂျာဆိုသူများအား ထိခိုက်နစ်နာစေခဲ့သည်ဟူသောအမြင်သည် ပင်လျှင်ဂမ်ဘီယာတနိုင်ငံတည်း၏ အမြင်မဟုတ်ပေ။ ကမ္ဘာကြီးက ယင်းသို့မြင်နေခြင်းဖြစ်သည်။

ဤအချက်များကိုကြည့်၍ ULA/AA ဝမ်းသာစရာဖြစ်ကောင်းဖြစ်မည်။ သို့သော် ဤအချက်များကပင် ULA/AA အတွက်လည်း သတိပေးချက်လည်း ဖြစ်နေသည်။

လက်ရှိ ICJ အမှုတွင် ဂမ်ဘီယာမှ အဓိကသက်သေပြနေရသောကိစ္စမှာ “မြန်မာစစ်တပ်တွင် ရိုဟင်ဂျာဆိုသူများအပေါ် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်”ပါနေသည်ဆိုသည့်အချက်ကို သက်သေပြရန်ကြိုးစားနေခြင်းဖြစ်သည်။ ထိုသို့ သက်သေပြရန်အတွက် “မြန်မာစစ်တပ်၏ပြုလုပ်ဆောင်ရွက်မှု၊ မဟာဗျူဟာများကို ကောက်ကြောင်းဖော်နေခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် ရိုဟင်ဂျာဆိုသူများအပေါ် ဤသို့စနစ်၊ မူဝါဒ၊ အစိုးရယန္တယားအကောင်အထည်ဖော်မှု၊ ပြုလုပ်မှုများကြောင့် ဤမျှသောထိခိုက်နာကြင်မှုကို ရိုဟင်ဂျာဆိုသူများ ခံစားနေရသည်။

ဤသို့ စနစ်၊ မူဝါဒယန္တယားများ လည်ပတ်နေခြင်းသည် ရည်ရွယ်ချက်ပါနေ၍ဖြစ်သည်ဟု ကောက်ချက်ဆွဲပြနေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ဘူးသီးတောင်နှင့် မောင်တောဘက်တွင် ဖြစ်ပွားခဲ့သော မီးရှို့မှုများတွင် မြန်မာ စစ်တပ်သည် ရိုဟင်ဂျာများကို အသုံးချပြီး ခိုင်းစေမှုများလုပ်ခဲ့သည်ဟူသောအချက်ကို တရားရုံးတွင်သက်သေအဖြစ် ဂမ်ဘီယာတင်ပြခဲ့မှု၏ အဓိပ္ပါယ်မှာ”ထိုကဲ့သို့ ၂၀ ၂၄ ခုနှစ်၊ စစ်တပ်၏ထိန်းချုပ်မှုအောက်တွင်ရှိသော အနေအထားကာလအကန့်အသတ်အတွင်း ဘူးသီးတောင်၊ မောင်တော၌ ရိုဟင်ဂျာဆိုသူများက ရိုဟင်ဂျာမဟုတ်သူများ၏ နေအိမ်များကို မီးရှို့မှုသည် မြန်မာစစ်တပ်၏ ခိုင်းစေမှုဖြစ်သည်။

ထို့သို့ခိုင်းစေမှုကြောင့် ရိုဟင်ဂျာများအပေါ် ဆိုးဝါးသောထိပ်လန့်ဖွယ်ရာ သက်ရောက်မှုများရှိစေခဲ့သည်။ ခိုင်းစေသည်ဟူသော အဓိပ္ပါယ်တွင် အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ပါနေသည်ဟူသော ကောက်ချက်မျိုးကို ချနိုင်သည်။”ဟူသော သဘောဖြင့် ဂမ်ဘီယာမှ သက်သေအဖြစ် တင်သွင်းခြင်းဖြစ်သည်။

(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ အာဆလမ်ဆူလီမန် ( Arsalan Suleman)က မြန်မာစစ်တပ်သည် ARSA နှင့် AA အား မည်သို့ နည်းဗျူဟာမြောက်အသုံးချနေသည်ကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။

၎င်း၏ တင်ပြချက်ထဲတွင်

၁။”ရန်သူ့ရန်သူသည်မိတ်ဆွေ”နည်းဗျူဟာ

အာဆလမ်ဆူလီမန် (Arsalan Suleman)က မြန်မာစစ်တပ်သည် ယခင်ကအကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခဲ့သော ARSA အဖွဲ့နှင့် ခုချိန်တွင်ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာစစ်တပ်သည် AA ထိုးစစ်အား ပြန်ခုခံရန် ARSA ကို လက်နက်တပ်ဆင်ပေးကြောင်း၊ သို့မဟုတ် မြန်မာစစ်တပ်သည် ARSA နှင့်စစ်ရေးအရ လက်ဝါးချင်းရိုက်ဘယ်ညာရိုက်ကာ ညှိနှိုင်းဆောင်ရွက်မှုလုပ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး ရိုဟင်ဂျာများကို ရှေ့တန်းတွင်အသုံးချကြောင်း တင်ပြခဲ့သည်။

၂။အတင်းအဓမ္မစစ်သားစုဆောင်းမှု (Forced Conscription)

မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူငယ်များကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပေးကာ AA ကို တိုက်ခိုက်ခိုင်းနေကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် “လူသားဒိုင်း”(Human Shields)အဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရမည့်အစား သေတွင်းထဲသို့ တမင်တွန်းပို့နေကြောင်း တင်ပြခဲ့သည်။

၃။လူမျိုးရေးပဋိပက္ခကို လက်နက်သဖွယ်အသုံးချခြင်း။

မြန်မာစစ်တပ်သည် ARSA ကဲ့သို့အဖွဲ့များကိုအသုံးချပြီး ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ခိုင်းခြင်း၊ AA နှင့်တိုက်ခိုက်ခိုင်းခြင်းသည် ရခိုင်နှင့်ရိုဟင်ဂျာကြား ရေရှည်ရန်ငြိုးပွားအောင် တမင်ဖန်တီးခြင်းဖြစ်ကြောင်း၊ ဤလူမျိုးရေးတင်းမာမှုမြင့်တက်လာအောင် လုပ်ဆောင်ခြင်းက မျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်ကို ပိုမိုအားပေးရာရောက်ကြောင်း တင်ပြခဲ့သည်။

ထိုကဲ့သို့ ဆူလီမန်၏တင်ပြချက်များကို ဂမ်ဘီယာရှေ့နေရှေ့နေဖီလစ်ပီဆန်(ဒ်)(စ်)( Philippe Sands)ဥပဒေပိုင်းမှ ပြည်စုံအောင်ထပ်မံချိတ်ဆက်တင်ပြခဲ့သည်။

ဂမ်ဘီယာရှေ့နေဖီလစ်ပီဆန်ဒ်စ် (Phillipe Sands)က “မြန်မာစစ်တပ်က လက်နက်ကိုင်အုပ်စုများကိုအသုံးချကာ ရိုဟင်ဂျာအား ထိခိုက်နစ်နာစေမှု” သည် “ICJ တရားရုံး၏ ကြားဖြတ်အမိန့်ကိုမထီမဲ့မြင်ပြုခြင်း”ဖြစ်သည်ဟုဆိုခဲ့သည်။

မြန်မာစစ်တပ်သည် AA တိုက်ခိုက်ရန် ရိုဟင်ဂျာများအား အတင်းအဓမ္မရှေ့တန်းပို့နေခြင်းက ICJ ချမှတ်ထားသော “အရေးပေါ် အကာအကွယ်ပေးရန်ညွှန်ကြားချက်” အပေါ် တမင်သက်သက်ရည်ရွယ်ချက်ရှိရှိချိုးဖောက်နေခြင်း ဖြစ်ကြောင်းဆိုထားသည်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဘူးသီးတောင်၊ မောင်တောတွင်ဖြစ်ပွားခဲ့သောအ​ခြေအေနေများကို ထောက်ပြကာ “ဤဖြစ်စဉ်သည် စစ်ဘေးရှောင်ခြင်းမဟုတ်ဘဲ ရိုဟင်ဂျာများ၏ လူမှုအသိုင်းအဝိုင်းကို အပြီးတိုင်ဖျက်ဆီးရန်စနစ်တကျ၊ အကွက်ကျကျ ကြိုးပမ်းချက်ဖြစ်ကြောင်း” တရားရုံးကို သတိပေးခဲ့သည်။

စစ်တပ်က ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး AA အား တိုက်ခိုက်ခိုင်းခြင်းက လူမျိုးစုနှစ်ခုကြား မုန်းတီးမှုများ ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နေသည့် “သွေးခွဲအုပ်ချုပ်မှု” နည်းဗျူဟာဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ထိုပြင် လက်နက်ကိုင်အဖွဲ့အချို့ကိုအသုံးချပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခိုင်းခြင်းများက Genocide Convention (မျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတူညီချက်)အပေါ် ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း သူထောက်ပြခဲ့သည်။

(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) ကြားနာပွဲ၌ ဂမ်ဘီယာရှေ့နေများက ARSA နှင့် AA အပြင် ရခိုင်ပြည်အတွင်း လှုပ်ရှားနေသော တခြားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်ပြီးမြန်မာစစ်တပ်၏”အသုံးချမှု”နည်းဗျူဟာကို အသေးစိတ်ထပ်မံတင်ပြခဲ့သည်။

၁။ ARSA နှင့် RSO ကို လက်နက်တပ်ဆင်ပေးခြင်း

ဂမ်ဘီယာရှေ့နေများက မြန်မာစစ်တပ်သည် ARSA သာမက RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ကိုပါ AA အား တိုက်ခိုက်ရန်အတွက် လက်နက်နှင့်ရိက္ခာထောက်ပံ့ပေးနေသည်ဟု ဆိုခဲ့သည်။

Proxy War(ကိုယ်စားပြုစစ်ပွဲ)ပုံသဏ္ဍာန်မျိုးကို မြန်မာစစ်တပ်သည် ကျင့်သုံးနေပြီးကိုယ်တိုင်တိုက်ရိုက်မတိုက်တော့ဘဲ အဆိုပါရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို ရှေ့တန်းတင်ကာ”ရိုဟင်ဂျာများက AA ကို တိုက်နေခြင်း”ဟူသော ပုံရိပ်ကို ဖန်တီးနေသည်ဟု တင်ပြခဲ့သည်။

၂။ EAO များနှင့်ဆက်ဆံရေး(သွေးခွဲမှု)

မြန်မာစစ်တပ်သည် တခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (EAO)များနှင့် ရိုဟင်ဂျာများကြားတွင် ယုံကြည်မှုပျက်ပြားအောင် တမင်လုပ်ဆောင်နေသည်ဟု ဂမ်ဘီယာရှေ့နေများကဆိုသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများကို AA အား တိုက်ခိုက်ရန် အတင်းအဓမ္မစုဆောင်းခြင်းက ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးအရင်းခံစစ်ပွဲ၊ လူမျိုးရေးတင်းမာမှု (သို့မဟုတ်) တခြားသော EAO များနှင့် ရိုဟင်ဂျာကြားတွင် ရေရှည်အမြင်မကြည်လင်မှုကို ဖြစ်စေသည်ဟု ဆိုထားသည်။

၃။အရပ်သားကာကွယ်ရေး (EAO နယ်မြေများ)

စိတ်ဝင်စားစရာကောင်းသောအချက်တခုမှာ ဂမ်ဘီယာရှေ့နေများက AA ထိန်းချုပ်နယ်မြေအတွင်းရှိ ရိုဟင်ဂျာများ၏ အခြေအနေကိုလည်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဤအချက်သည် မြန်မာစစ်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့်လည်း သက်ဆိုင်နေသည်။

မြန်မာစစ်တပ်မှ AA ထိန်းချုပ်နေရာများအား လေကြောင်းဗုံးကြဲတိုက်ခိုက်သောအခါ ရိုဟင်ဂျာအရပ်သားများပါထိခိုက်သေဆုံးနေရမှုကိုထောက်ပြ၍ မြန်မာစစ်တပ်၏”အရပ်သားနှင့် စစ်ဘက်ပစ်မှတ်ကိုမခွဲခြားဘဲ မည်သူ့ကိုမှမရှောင်တိုက်ခိုက်နေခြင်းကို တင်ပြခဲ့သည်။

၄။EAOများကိုယ်တိုင်၏ တာဝန်ရှိမှု (Implied Responsibility)

ဂမ်ဘီယာရှေ့နေဖီလစ်ပီဆန်ဒ်စ် (Philippe Sands)က မြန်မာစစ်တပ်အား အဓိကတရားစွဲဆိုထားသော်လည်း ရခိုင်ပြည်အတွင်း နယ်မြေစိုးမိုးမှုရနေသော AA အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်းနှင့် မြန်မာစစ်တပ်၏ သွေးခွဲမှုထဲမကျရောက်ရန် သတိပြုရမယ့်အချက်များကိုလည်း သွယ်ဝိုက်ထည့်သွင်းပြောဆိုသွားခဲ့သည်။

ဂမ်ဘီယာရှေ့နေအာဆလန် ဆူလီမန် ( Arsalan Suleman )က မြန်မာစစ်တပ်သည် “အဖွဲ့အစည်းပေါင်းစုံအားကစားခြင်း(Playing multiple groups against each other)” ဖြင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု အနေအထားရှိသော အန္တရာယ်ဇုန်ထဲသို့ ပိုမိုနက်ရှိုင်းစွာတွန်းပို့နေသည်ဟု ICJ တရား သူကြီးများကို တင်ပြခဲ့ကြသည်။

ICJ တရားခွင်ထဲမှ ULA/AA အတွက် သွယ်ဝိုက်သတင်းစကား

ဂမ်ဘီယာရှေ့နေဖီလစ်ပီဆန်ဒ်စ် (Phillippe Sands)က EAO များကိုယ်တိုင်၏ တာဝန်ရှိမှု (Implied Responsibility) သဘောကို ဥပဒေကြောင်းအရ တင်ပြမှုဖြင့်ခြုံငုံပြခဲ့သည်။

၎င်း၏တင်ပြချက်ကို ဆန်းစစ်ကြည့်ပါက ULA/AA အတွက် သတင်းစကားများလည်းပါနေသည်ကို တွေ့ရမည်ဖြစ်သည်။

ရှေ့နေဖီလစ်ပီဆန်ဒ်စ် (Phillippe Sands)က “နိုင်ငံတကာဥပဒေအရ နယ်မြေတခုကို လက်တွေ့စိုးမိုးထားသော အဖွဲ့အစည်း(De facto authority)တိုင်းတွင် ထိုနယ်မြေထဲရှိအရပ်သားများကိုကာကွယ်ရန် တာဝန်ရှိကြောင်း ICJ တ ရားသူကြီးများကို တင်ပြခဲ့သည်။

ရှေ့နေဖီလစ်ပီဆန်ဒ်စ် (Phillipe Sands)၏တင်ပြချက်အား ဆန်းစစ်ကြည့်ပါက”လက်ရှိပစ္စုပ္ပါန်အခြေအနေအချို့အတွက် ULA/AA သည် မြန်မာစစ်တပ်ကိုချည်း အပစ်ပုံချနေ၍မရ၊ ကိုယ်တိုင်လည်းတာဝန်ရှိသည်”ဟူသောအဓိပ္ပါယ်ကို ရလာသည်။”

ရှေ့နေဖီလစ်ပီဆန်ဒ်စ် (Phillipe Sands)အနေဖြင့်

AA အား ICJ တရားခွင်တွင် တိုက်ရိုက်အပြစ်တင်နေခြင်းတော့မဟုတ်ပေ။

သို့သော် မြန်မာစစ်တပ်၏နည်းဗျူဟာကို ပိုမိုထင်ရှားစေရန်အတွက် “ဥပဒေကြောင်းအရ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြခြင်း” ပုံစံမျိုးဖြင့် ပါးပါးနပ်နပ်တင်ပြသွားခြင်းလည်းဖြစ်သည်။

ဖီလစ်ပီဆန်ဒ်စ်၏တင်ပြချက်ထဲတွင် ULA/AAအတွက် ဂရုပြုရမည့် အချက်များရှိနေသည်။

စစ်တပ်၏ “ထောင်ချောက်” ကိုသတိပေးခြင်း

မြန်မာစစ်တပ်မှ ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်း၍ AA ကို တိုက်ခိုင်းခြင်းကAA နှင့် ရိုဟင်ဂျာကြားတွင် မုန်းတီးမှုများဖြစ်လာအောင် တမင်ဖန်တီးခြင်း ဖြစ်သည်။

ဤအခြေအနေမျိုးတွင် ULA/AA အနေ၏ စစ်တပ်၏သွေးခွဲမှုကို သတိထားပြီး ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများမဖြစ်ရန်၊ လူမျိုးရေးပဋိပက္ခထဲ မကျရောက်အောင်ထိန်းသိမ်းရန် တာဝန်ရှိသည်”ဟု သွယ်ဝိုက်ပြောဆိုသွားခြင်းဖြစ်သည်။

ဂမ်ဘီယာအပါအဝင် ကြားဝင်ရောက်ခွင့်ရှိသောနိုင်ငံများ၏ဆိုလိုရင်းမှာ ” နယ်မြေစိုးမိုးထားသူမည်သူမဆို Genocide Convention အရ မျိုးတုံးသတ်ဖြတ်မှုဖြစ်လာနိုင်သော အခြေအနေတွေကိုတားဆီးရန် လူတိုင်းတွင်တာဝန်ရှိသည်”ဟူသော သတင်းစကားကို ရှေ့နေဖီလစ်ပီဆန်ဒ်စ် (Phillipe Sands)မှတဆင့် ပါးလိုက်ခြင်းလည်းဖြစ်သည်။

၎င်းက ဆက်လက်၍”ရိုဟင်ဂျာများသည် စစ်တပ်၏အတင်းအဓမ္မခိုင်းစေမှုကြောင့် AA ၏ရန်သူအဖြစ် အမြင်ခံရမည့်အန္တရာယ်အောက်တွင် ထိခိုက်နာကြင်လွယ်သော (Vulnerability) အဖြစ်ရှိနေသည်။ ထိုအခြေအနေကိုလည်း ICJ အနေဖြင့် မျက်ကွယ်မပြုသင့်ကြောင်း”ကို အလေးအနက် ပြောကြားသွားခဲ့သည်။

ICJ တရားခွင်အခင်းအကျင်းအား ဆန်းစစ်ကြည့်ပါက ULA/AA အတွက် သတင်းစကားမှာ”လက်ရှိတရားခွင်သည် ULA/AA ကို တရားစွဲထားခြင်းတော့မဟုတ်။ သို့သော် ULA/AA သည် နယ်မြေအား အများစုထိန်းချုပ်ထားသူ ဖြစ်နေသည်။

ULA/AA ကိုယ်တိုင်ပင်လျှင်မိမိထိန်းချုပ်နယ်မြေများတွင် မြန်မာစစ်တပ်က ဖန်းတီးသောလူမျိုးရေးပဋိပက္ခထောင်ချောက်အတွင်းသို့ ရခိုင်၊ အခြားလူမျိုးစုငယ်များနှင့် ရိုဟင်ဂျာများမကျရောက်သွားစေရန်အတွက် တာဝန်ရှိနေသည်။

လူမျိုးတုံးသတ်ဖြတ်မှုများ ထပ်မဖြစ်လာရန် ဝိုင်းဝန်းတားဆီးရမည့်”လူသားချင်းစာနာမှုဆိုင်ရာစံနှုန်းအား ထိန်းသိမ်းရန်တာဝန်ရှိသည်။”ဆိုသောအချက်အား နိုင်ငံတကာတရားခွင်မှတဆင့် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ဤသည်ပင်လျှင်ရခိုင်ပြည်ရှိ ရပ်ရွာလူထု၊ လူမျိုးစုများ၊ ရိုဟင်ဂျာများ အပေါ် ထားရှိသော ULA/AA၏သဘောထားကို ကမ္ဘာကစောင့်ကြည့်နေသည် ဆိုသည့်အချက်ကိုပါ ICJ တရားခွင့်မှတဆင့် မီးမောင်းထိုးပြထားခြင်းလည်း ဖြစ်သည်။

ဆက်ရန်…

PrevPreviousနတ်ရေကန်ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်သားတဦး CDF-Asho ဆီ အလင်းဝင်
Next​မလေးရှားမှာ အော်ပရာစီဝင်ဖမ်းလို့မြန်မာနိုင်ငံသားတွေအပါအဝင် နှစ်ဆယ်ဦးဖမ်းဆီးခံရNext
Previous Post

နတ်ရေကန်ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်သားတဦး CDF-Asho ဆီ အလင်းဝင်

Next Post

​မလေးရှားမှာ အော်ပရာစီဝင်ဖမ်းလို့မြန်မာနိုင်ငံသားတွေအပါအဝင် နှစ်ဆယ်ဦးဖမ်းဆီးခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခအစိုးရသတိထားကိုင်တွယ်ရမယ့်ဆိုက်ဝါးလက်မည်းကြီးတွေ

February 27, 2026

IIMM မှတ်တမ်းတွေဟာဥပဒေကြောင်းအရ ပိုအားကောင်းနိုင်

February 25, 2026

ICJရစ်သမ်နှင့်အက်ကြားအိုဟာမိုနီ – နိဂုံး

February 23, 2026

ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၅

February 10, 2026

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

Releated Post

ဓာတ်ပုံ-လူမှုကွန်ရက်

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

February 28, 2026
Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026
ဓာတ်ပုံ - ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

February 28, 2026

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

February 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page