Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး

IIMM မှတ်တမ်းတွေဟာဥပဒေကြောင်းအရ ပိုအားကောင်းနိုင်

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

ဂမ်ဘီယာနဲ့မြန်မာအမှုမှာ IIFFMM အစီရင်ခံစာနဲ့ပတ်သက်လို့  ICJ တရားခွင်မှာ”ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒ (state’s consent)နဲ့ IIFFMM ရဲ့ စံနှုန်း တွေကြား အငြင်းအခုန်တွေရှိခဲ့ကြပါတယ်။

အဲဒီမှာ ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒဆိုတာနိုင်ငံတကာပဋိညာဉ်အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာယန္တယားတရပ်ရပ်နဲ့ပူး ပေါင်းဆောင်ရွက်တဲ့အခါ ပင်ရင်းနိုင်ငံရဲ့ပူးပေါင်းလိုတဲ့စိတ်ဆန္ဒအရသာဖြစ်ရမယ်။ 

တကယ်လို့ ပင်ရင်းနိုင်ငံက ပူးပေါင်းလိုတဲ့ဆန္ဒမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့အချက်ရှိပါတယ်။

မြန်မာက ဒီအချက်ကိုင်ပြောပေမယ့် ICJ ပယ်ချလိုက်ပါတယ်။ပယ်ချတဲ့အ ကြောင်းပြချက်ကို ၂၀၂၀ ခုနှစ် Provinsional Measure အပိုဒ် ၁၀၇ မှာ ဖော်ပြထားပါတယ်။

အဲဒီအပိုဒ် ၁၀၇ ရဲ့ဆိုလိုရင်းက ဂျီနိုဆိုက်လိုကိစ္စဟာ မြန်မာတနိုင်ငံတည်းကပဲ ရိုက်ခတ်ခံရတဲ့ကိစ္စမဟုတ်ပါဘူး။ 

မြန်မာကိုယ်တိုင် ဂျီနိုဆိုက်လို ကိစ္စမျိုးမဖြစ်လာဖို့ကိစ္စဟာ နိုင်ငံအားလုံးရဲ့ အ ကျိုးစီးပွားဖြစ်တယ်လို့ လက်ခံထားပြီးသားဖြစ်တယ်။ 

အဲဒါကြောင့် ဒါဟာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းအဖွဲ့ဝင်နိုင်ငံတိုင်းက တရားစွဲခွင့်ရှိတယ်ဆိုပြီးပယ်ချလိုက်တာပါ။

IIFFMM ရဲ့ ဥပဒေကြောင်းအရ စံနှုန်း ဆိုတာမှာ IIFFMM ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ခရစ်စတိုဖာဆီတိုတီ(Christopher Sidoti)ကိုယ်တိုင်က  အစီရင်ခံစာဟာ “ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း” (Reasonable grounds to believe)ဆိုတဲ့ စံနှုန်းပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာတ ရားစီရင်ရေးမှာလိုအပ်တဲ့ “သံသယဖြစ်ဖွယ်မရှိအောင်သက်သေပြနိုင်ခြင်း” (Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက် အများကြီးနိမ့်ကျကြောင်းနဲ့တရားရုံးမှာ တိုက်ရိုက်သက်သေအဖြစ်အသုံးပြုဖို့ထက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် “လမ်းပြမြေပုံ” အဖြစ်သာ ရည်ရွယ်ကြော င်းပြောခဲ့တာရှိပါတယ်။

အဲဒီနှစ်ချက်ကိုသုံးပြီး မြန်မာကခုခံချေပခဲ့တာရှိပါတယ်။Sate’s Consent အရ မြန်မာဟာ IIFFMM နဲ့ မပူးပေါင်းခဲ့သလို IIFFMM ကို အခြေခံပြီးပေါ်လာတဲ့ IIMMနဲ့မပူးပေါင်းတာလည်းဖြစ်ပါတယ်။  

အဲဒီတော့ State’s Consent အရသဘောမတူတဲ့ယန္တရားတွေကရတဲ့အချက်အလက်တွေကို မြန်မာနဲ့ဆိုင်တဲ့နေ ရာတွေ၊တရားခွင်တွေမှာ အသုံးချစရာမလိုပါဘူး။ 

မြန်မာကို တရားစွဲတဲ့အခါ ဘမ်ဘီယားဟာ IIFFMM ရဲ့အစီရင်ခံစာကို အခြေခံထားတာဖြစ်ပါတယ်။

အဲဒါကြောင့် ကန့်ကွက်တယ်ဆိုတဲ့သ ဘောပါ။ပြီးရင် အစီရင်ခံစာရေးသားရာမှာကိုယ်တိုင်ပါဝင်သူကလည်း အစီ ရင်ခံစာဟာ ရာဇဝတ်မှုဆိုင်ရာတရားစီ ရင်ရေးမှာလိုအပ်တဲ့”သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း “(Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက်အများကြီး နိမ့်ကျတယ်လို့ ဆိုထားတဲ့အတွက်အစီရင်ခံစာကိုသက် သေအထောက်အထားအနေနဲ့ မသုံးသင့်ဘူးဆိုတဲ့ သဘောမျိုးကန့်ကွက်ခဲ့တာပါ။

မြန်မာက ကန့်ကွက်ချက်တွေကို ICJ က ပယ်ချလိုက်ပါတယ်။ပယ်ချလိုက်တဲ့အကြောင်းပြချက်တွေကိုလည်း ခုလိုပေးပါတယ်။

ICJ တရားရုံးက IIFFMM အစီရင်ခံစာရဲ့အဆင့်အတန်းကို အမှုတခုလုံးအပေါ် ဆုံးဖြတ်ဖို့ သက်သေအဖြစ် အသုံးပြုလို့အပြည့်အစုံံမရနိုင်ပေမယ့်အမှုဖြစ် စဉ်အပေါ် နားလည်ရန်ကူညီပေးသော ဇစ်မြစ်”အထောက်အထား တစိတ်တပိုင်း”အဖြစ် သတ်မှတ်လိုက်ပါတယ်။

ဖြစ်တန်ရာယုတ္တိရှိခြင်း(Plausiblity) သို့မဟုတ်  ဇစ်မြစ်အထောက်အထား တစိတ်တပိုင်း 

ICJ တရားရုံးက ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ကနဦးကန့်ကွက်လွှာတွေအပေါ်ဆုံးဖြတ်ချက် “Preliminary Objections”စီရင်ချက်ထဲက IIFFMM (Fact-Finding Mission) အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး အပိုဒ် ၅၄ မှာ ခုလို ဖော်ပြထားပါတယ်။

ICJ Order on Provisional Measures (23 January 2020)

Paragraph 54:

“In the Courts view, the evidence adduced by The Gambia and the representations made by the Parties, including those based on the reports of the Fact-Finding Mission, are sufficient to conclude that the rights claimed by The Gambia and for which it is seeking protection namely the right of the Rohingya group in Myanmar and of its members to be protected from acts of genocide and other related prohibited acts mentioned in Article III, and the right of The Gambia to seek compliance by Myanmar with its obligations not to commit, and to prevent and punish genocide in accordance with the Convention  are plausible.”

အဓိပ္ပါယ်က ဂမ်ဘီယာဟာ IIFFMM ရဲ့ အစီရင်ခံစာကို အခြေခံပြီးတရားစွဲတ ယ်။ 

IIFFMM အစီရင်ခံစာက ရိုဟင်ဂျာဆိုသူတွေဟာ ဂျီနိုဆိုက်အန္တရာယ်ကအ ကာအကွယ်ပေးဖို့လိုအပ်နေတာကို ဖော်ပြထားတယ်။

အဲဒါကြောင့် မြန်မာဟာ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းစည်းမျဉ်းကိုလိုက်နာဖို့ ပျက်ကွ က်တယ်ဆိုတဲ့ဂမ်ဘီယာရဲ့စွပ်စွဲချက်ဟာ ဖြစ်တန်ရှိတယ်လို တရားရုံးက ယူ ဆတယ် ဆိုတဲ့သဘောပါ။

ဘာကြောင့်ဆို IIFFMM ဟာ အကြော င်းတရားမဲ့ပေါ်လာတဲ့ယန္တရားမဟုတ်ပါဘူး။ယုံကြည်နိုင်လောက်တဲ့ယန္တရားအ ဖြစ်လည်း တရားရုံးကမြင်တယ်ဆိုတာကို ၂၀၂၀ ခုနှစ် Provisional Measure အမိန့်စာ (အပိုဒ် ၅၅ မှ ၆၀ ဝန်းကျင်) မှာ ဖော်ပြထားပါတယ်။  

IIFFMMကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ(UNHRC)က ဖွဲ့စည်းတာဝန်ပေးထားတာကို တရားရုံးက အသိအမှ တ်ပြုပါတယ်။ 

IIFFMM က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွေဟာ ခိုင် လုံတဲ့အခြေခံအချက်အလက်တွေ (Fact-based)ပေါ်မှာ မူတည်တယ်လို့ တရားရုံးက ယူဆပါတယ်။ 

ဒါကြောင့် “မျိုးဖြုတ်သတ်ဖြတ်လိုသော ရည်ရွယ်ချက်” (Genocidal Intent) ရှိနိုင်ခြေကို ဆုံးဖြတ်တဲ့နေရာမှာ ဒီအစီရင်ခံစာပါ အချက်အလက်တွေကို အထောက်အထားအဖြစ် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ 

ဒါပေမယ့် အမိန့်အပိုဒ် ၄၄ မှာ ICJ က IIFFMM ရဲ့ အစီရင်ခံစာပါအချက်တွေကို အပြစ်ရှိ၊မရှိ ဆုံးဖြတ်တဲ့အနေနဲ့သုံးတာမဟုတ်ဘူးလို့လည်းဆိုထားပါတယ် ။ 

အဲဒီအစီရင်ခံစာမှာ အပြစ်ရှိတယ်လို့ ပြောထားတိုင်း တရားရုံးက လက်ခံတာမဟုတ်ဘဲ ထပ်စိစစ်ပြီးမှ လက်ခံမယ်ဆိုတဲ့သဘောပါ။

အဲဒီလိုနဲ့ မြန်မာဟာ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းကို ဖောက်ဖျက်တယ်လို့ သံသယ ဖြစ်စရာ (ဖြစ်နိုင်ချေ) တော့ရှိနေပါတယ်။ 

အဲဒီတော့ ဟုတ်၊မဟုတ် စစ်ဆေးဖို့အဆင့်ကို ဖြစ်လာခဲ့ပါတယ်။ဟုတ်၊ မဟု တ် စစ်ဆေးတဲ့အဆင့်မှာတော့ IIFFMM ရဲ့အစီရင်ခံစာပါအချက်တချို့အတွက် ခိုင်လုံအားကောင်းမှုပြဿနာရှိလာပါတော့တယ်။ 

အဲဒါဆိုရင် IIFFMM ကိုဆက်ခံတဲ့ IIM Mရဲ့အထောက်အထားတွေကသက် သေအဖြစ်သုံးနိုင်လောက်တဲ့ထိ ခိုင်မာပါရဲ့လား လို့မေးစရာရှိလာပါတယ်။ အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ 

IIMM ကို ကုလသမဂ္ဂအထွေထွေညီလာ ခံက အတည်ပြုဖွဲ့စည်းထားတာရဲ့ ရည် ရွယ်ချက်က”တရားစွဲနိုင်လောက်တဲ့ထိ ခိုင်မာတဲ့သက်သေတွေစုဆောင်း” ဖို့ အတွက်ဖြစ်ပါတယ်။ 

အဲဒါကြောင့် IIMM ရဲ့မှတ်တမ်းအချ က်အလက်တွေဟာ ဖြစ်တန်ရာဆိုတဲ့

အချက်ကိုကျော်ပြီး သေချာတယ်ဆိုတဲ့ဘက်ကို သွားနေတာဖြစ်ပါတယ်။

တကယ်လို့ IIMM ရဲ့ သက်သေတွေကို အခြေခံပြီးတော့ တရားစွဲလာတဲ့အခါမှာ မြန်မာက နိုင်ငံရဲ့စိတ်ဆန္ဒအရ ဖွဲ့စ ည်းတာမဟုတ်လို့ IIMM ကအချက်တွေကို လက်မခံနိုင်ပါလို့ ငြင်းလာရင် ဘယ် လိုလုပ်ပါ့မလဲ။

အဲဒီလိုဖြစ်လာရင် တရားရုံးတွေရဲ့ လုပ်ပိုင်ခွင့်ထဲက ဖြေရှင်းလို့ရပါတယ်။

 ICJ ကို ဥပမာထားပြီး ပြောရရင်

ICJ ရဲ့ ပဋိညာဉ်အပိုဒ် ၃၄ ရဲ့အပိုဒ်ခွဲ ၂ မှာ…

“တရားရုံးဟာ မိမိရှေ့မှောက်ရောက်နေတဲ့အမှုတွေနဲ့ပတ်သက်လို့”အများပြည်သူဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေ “(Public InternationalOrganizations)က အချက်အလက်တွေတောင်းခံနိုင်ပါတယ်။ဒါမှမဟုတ်အဲဒီအဖွဲ့အစည်းတွေက တင်ပြလာတာတွေကို လက်ခံနိုင်တယ်။”လို့ ပြဋ္ဌာန်းထားပါတယ်။”

အဲဒီအပြင် ICJ ပဋိညာဉ် အပိုဒ် ၅၀ မှာလည်း 

“တရားရုံးဟာ ဘယ်အချိန်မှာမဆို၊ဘယ်” လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊ဗျူရို သို့မ ဟုတ် ကော်မရှင်” ကိုမဆို မိမိစိတ်ကြို က် ရွေးချယ်ပြီး “စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် သို့မဟုတ် ကျွမ်းကျင်သူအဖြစ် သဘောထားမှတ်ချက်ပေးရန်” တာဝန်ပေးအပ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီသဘောဟာ တခြားတရားရုံးတွေမှာလည်းရှိတဲ့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ 

ICC နိုင်ငံတကာရာဇဝတ်တရားရုံး ပဋိ ညာဉ်မှာလည်း အဲဒီလိုပြဋ္ဌာန်းချက်တွေ ရှိပါတယ်။

ဥပမာ –

ရောမပဋိညာဉ်အပိုဒ် ၁၅ (Article 15 ) အရ

တရားစွဲဆိုရေးအရာရှိ(Prosecutor) ဟာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အ ခါကုလသမဂ္ဂ (UN)၊အစိုးရချင်း ချိတ် ဆက်ထားတဲ့အဖွဲ့အစည်းတွေ (Intergovernmental Organizations)၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ(NG Os)နဲ့ တခြားယုံကြည်စိတ်ချရတဲ့ရင်းမြ စ်တွေက အချက်အလက်တွေကို တော င်းခံနိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။

ရောမပဋိညာဉ်အပိုဒ် ၄၄ (၃) (Article 44 (3)) အရလည်

တရားရုံးရဲ့ တာဝန်ဝတ္တရားကိစ္စတွေကို ထမ်းဆောင်ဖို့အတွက် လိုအပ်ရင်အခ ကြေးငွေမယူဘဲကူညီပေးမယ့်”ကျွမ်း ကျင်သူတွေ(Gratuitous personnel)” ကို နိုင်ငံတကာအဖွဲ့အစည်းတွေ သို့မဟု တ် အစိုးရတွေဆီက တောင်းခံခန့်ထားနိုင်ပါတယ်။

ICC ရဲ့“တရားရုံးဆိုင်ရာလုပ်ထုံးလုပ် နည်းနဲ့သက်သေခံဥပဒေ” (Rules of Procedure and Evidence)ရဲ့ စည်းမျဉ်း ၁၀၃ (Rule 103)မှာ…

တရားရုံး(Chamber)ဟာ အမှုတခုကို စနစ်တကျ ဆုံးဖြတ်နိုင်ရန် ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်း သို့မဟုတ် ဘယ် လူပုဂ္ဂိုလ်ကိုမဆို “တရားရုံးအား အကြံပေးသူ” (Amicus Curiae) အဖြစ် ဖိတ်ခေါ်ပြီး စာဖြင့်ဖြစ်ဖြစ်၊ နှုတ်ဖြင့်ဖြစ်ဖြစ် သဘောထားမှတ်ချက်တွေ တောင်းခံနိုင်ခွင့် ရှိပါတယ်။ 

အဲဒီအပြင် ICC ပဋိညာဉ် အပိုဒ် ၆၉ (၄) အရ ICC တွင် မှုခင်းဆေးပညာ၊စိတ်ပ ညာ သို့မဟုတ် ဒေသန္တရဗဟုသုတကျွ မ်းကျင်သူတွေကို ခေါ်ယူစစ်ဆေးနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဖွဲ့ဝင်ဖြ စ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို “နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု “(ဥပမာ- အဓမ္မနှင်ထုတ်သလို ဖြစ်နေတဲ့ အချက်တွေကို ခေါင်းစဉ်တပ်ပြီး စစ်ဆေးနေတာပါ။

IIMM ဟာ မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းအဖြစ်သိမ်းဆည်းထားပြီး တရားစွဲလို့ရတဲ့အနေအ ထားထိ သက်သေခိုင်မာအောင်စုဆောင်းနေပါတယ်။ 

ပြီးရင် အဲဒီအချက်အလက်တွေကို ICJ၊ ICC နဲ့ အာဂျင်တီးနား တရားရုံးလိုဟာမျိုးတွေကို ပေးပို့နေပါတယ်။ 

တကယ်တော့ မြန်မာနိုင်ငံက စစ်ရာဇ ဝတ်မှုနဲ့ဆက်စပ်နေတဲ့အမှုတွေကို ကိုင် တွယ်လာမယ့် ဘယ်တရားရုံးကိုမဆို IIMM ဟာ အချက်အလက်တွေ ပေးပို့နေမှာဖြစ်ပါတယ်။

PrevPreviousMDY-PDF ၅ နှစ်ပြည့်နေ့မှာ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ကတိပြု
Nextယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၂၀ ဦးထိရှိလာNext
Previous Post

MDY-PDF ၅ နှစ်ပြည့်နေ့မှာ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ကတိပြု

Next Post

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၂၀ ဦးထိရှိလာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Ref:Al Jazeera

အမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်

April 14, 2026
Ref/Photo- Al Jazeera

ထရမ့်ကိုလှောင်ပြောင်တဲ့ AI ဗီဒီယိုတွေ YouTube ပိတ်ပင်မှုအပေါ် အီရန်ကဝေဖန်

April 14, 2026

​အီရန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ခြေရှိပေမယ့် ကမ္ဘာ့စီးပွားရေးကျဆင်းနိုင်တယ်လို့ IMF သတိပေး

April 14, 2026

တပါတီစနစ်ရောဂါနဲ့ အာရက္ခပြည်- ၂

April 14, 2026

အမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်

ဘီးလင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦးဒဏ်ရာရ

ထရမ့်ကိုလှောင်ပြောင်တဲ့ AI ဗီဒီယိုတွေ YouTube ပိတ်ပင်မှုအပေါ် အီရန်ကဝေဖန်

ရွှေကျင်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

​အီရန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ခြေရှိပေမယ့် ကမ္ဘာ့စီးပွားရေးကျဆင်းနိုင်တယ်လို့ IMF သတိပေး

​မင်းအောင်လှိုင် အခြေစိုက်ခဲ့ဖူးတဲ့ လေးကေစခန်းကို KNLA မဟာမိတ်တပ်တွေသိမ်းပိုက်

Releated Post

Ref:Al Jazeera

အမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်

April 14, 2026
ဓာတ်ပုံ-KNU

ဘီးလင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦးဒဏ်ရာရ

April 14, 2026
Ref/Photo- Al Jazeera

ထရမ့်ကိုလှောင်ပြောင်တဲ့ AI ဗီဒီယိုတွေ YouTube ပိတ်ပင်မှုအပေါ် အီရန်ကဝေဖန်

April 14, 2026
ဓာတ်ပုံ-Yongon Battalion

ရွှေကျင်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

April 14, 2026

​အီရန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ခြေရှိပေမယ့် ကမ္ဘာ့စီးပွားရေးကျဆင်းနိုင်တယ်လို့ IMF သတိပေး

April 14, 2026
ဓာတ်ပုံ-KNU

​မင်းအောင်လှိုင် အခြေစိုက်ခဲ့ဖူးတဲ့ လေးကေစခန်းကို KNLA မဟာမိတ်တပ်တွေသိမ်းပိုက်

April 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page