Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ဘေးရှောင် စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

စစ်ဘေးရှောင်အမျိုးသမီးတွေ မိုးရာသီကို ဘယ်လိုကျော်ဖြတ်ကြမလဲ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

နတ်သျှင်မေရေးသည်။

Border News Agency
ကျောက်တော်၊ ဇွန် ၂၅။

အာရက္ခဒေသမှာ အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ကျော်ဖြတ်နေကြရပါတယ်။

အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာ စားဝတ်နေရေး၊ကျန်းမာရေးအပါအဝင်ကိုယ်စိတ်နှစ်ပါးဘေးကင်းလုံခြုံမှုတွေကို ရင်ဆိုင်ဖြေရှင်းနေကြရတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ စစ်ဘေးရှောင်ဦးရေငါးသိန်းငါးသောင်းကျော်ရှိပြီးသုံးသိန်းခြောက်သောင်းနီးပါးဟာ အမျိုးသမီးတွေဖြစ်ကြတာမို့ စစ်ဘေးရှောင်ဦးရေရဲ့ငါးဆယ့်ခုနှစ်ရာခိုင်နှုန်းဟာ အမျိုး သမီးတွေဖြစ်ကြပါတယ်။

အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာစားဝတ်နေရေး၊အသက်ရှင်ရပ်တည်ရေးအတွက် မိုးရာသီမှာ ပိုမိုခက်ခဲလာပြီး ရင်ဆိုင်ဖြေရှင်းဖို့မလွယ်ကူဘူးလို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

“ကျွန်မတို့ မိုးရာသီကို ရောက်လာရင် တောတောင်ထဲကိုသွားပြီး ထင်းရှာပြီး ရောင်းချစားသောက်ဖို့ကလည်း ရာသီကဆိုးဝါးသွားပါပြီ။နွေရာသီကတော့ တောတောင်ထဲကိုသွားပြီးထင်းရှာရော င်းချပြီးစားသောက်ကြပါတယ်။ခုက တော့မိုးရာသီရောက်တော့တောတောင်တွေကိုလည်းမသွားရဲဘူး။စားဝတ်နေရေးအတွက်အခက်အခဲအများကြီးရှိနေပါတယ်။” လို့ စစ်ဘေးရှောင်အမျိုး သမီးတဦးက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာမသန့်ရှင်းတဲ့သောက်သုံးရေတွေကို အသုံးပြုနေကြရသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မလုံလောက်ကြတာမို့ စိန်ခေါ်မှုတွေ အများကြီးရှိနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် မိုးရာသီကိုဖြတ်သန်းဖို့အခက်အခဲတွေ၊စိန်ခေါ်မှုတွေ အများကြီးကြုံနေကြရတယ်လို့ စစ်ဘေးရှောင်အ မျိုးသမီးတွေက ဆိုကြပါတယ်။

“ဒီမိုးရာသီကိုဖြတ်သန်းဖို့အခက်အခဲတွေအများကြီးရှိနေပါတယ်။စားဝတ်နေရေးအစအခက်အခဲရှိပါတယ်။ပိုက်ဆံမရှိလို့မလုပ်နိုင်ဘူး။အိမ်လုပ်နိုင်ဖို့မပြောနဲ့စားဖို့သောက်ဖို့တောင်အနိုင်နိုင်ပါ ကျမတို့ဘဝက။အဆင်မပြေဘူး။မိုးယိုတယ်။ပလစတစ်အိတ်တွေနဲ့အဆင်ပြေသလိုလုပ်ထားရတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခဒေသကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာတွေ၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အမျိုသမီးငယ်တွေ၊ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းတွေ၊ဘာသာရေးအဆောက်အအုံတွေ၊စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပြီး လူဦးရေများတာမို့ အိမ်သာတွေ၊ရေချိုးတာတွေ၊နေထိုင်ကြရတာတွေမှာ အမျိုးသမီးတွေအတွက် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

“စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာနေရတော့ ကိုယ့်အိမ်လိုမလုံခြုံဘူး။ရေချိုးရတာတွေကအစမလုံခြုံဘူး။စိတ်ကအလိုလို မလုံခြုံမှုတွေခံစားနေရတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊ဂွ၊အမ်း၊မြို့တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပေမယ့် စစ်ဘေးရှောင်တွေကို ထိထိရောက်ရော က်ဆောင်ရွက်မပေးနိုင်သေးတာမို့ နိုင် ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

“ကျွန်မတို့ စစ်ဘေးရှောင် စခန်းမှာနေရတာကြာနေပြီ။အလုပ်လက်မဲ့စားဝတ် နေရေးအခက်အခဲတွေဖြစ်နေပါပြီ။မိုးရာသီကိုရောက်လာတော့ မိုးမလုံ၊လေမလုံ စိုစိုစွတ်စွတ်နဲ့အရမ်းဒုက္ခဖြစ်နေရပါတယ်၊၊စားဝတ်နေရေးကလည်း အဓိကအခက်အခဲပါ။ကုန်စျေးနှုန်းကလည်းမြင့်တက်နေတာနဲ့ပါလာတဲ့ငွေကြေးတွေကလည်း ဝယ်ယူစားသောက်ကုန်ပြီ။ခုကျတော့ ပါလာတဲ့ပစ္စည်းတွေရော င်းချစားသောက်ကုန်လို့ ရပ်ရွာတွေသွားပြီး မောင်သထာမယ်သထာနဲ့တောင်းစားရတာလည်းရှိပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ဖို့ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့သာကျန်နေပြီး ကျောက်ဖြူမှာအာရက္ခတပ်တော်နဲ့စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ဘေးရှော င်တွေအပါအဝင် အာရက္ခပြည်သူလူထုကို အခြေခံလူ့အခွင့်အရေးတွေ၊နိုင်ငံ သားအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာသွားလာခွင့်တွေ ချိုးဖောက်ထားတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်အမျိုး သမီးတွေ၊ သားသည်မိခင်တွေအတွက် ဥပဒေအရအကာအကွယ်တွေရှိနေပေမယ့် စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အကာအကွယ်၊အကူအညီတွေမဲ့နေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၈၊ အပိုဒ် ၃၅၁ မှာ ”မိခင်များ၊ကလေးသူ ငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရသတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။” လို့ ဖော်ပြထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ရှောင်အမျိုးသမီးတွေဟာအကူအညီမဲ့ကာ အသက်ရှင်ရပ်တည်ရေးကို ခြိမ်းခြောက်ခံနေရကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေး၊လုံခြုံ ရေးကို အထူးအလေးထားတဲ့ဆုံးဖြတ် ချက်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ၂၀၀၀ ပြည့်နှစ်၊အောက်တိုဘာ လ ၃၁ ရက်နေ့မှာ အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁ ၃၂၅ (UNSCR 1325)မှာ အမျိုးသမီးတွေရဲ့ကိုယ်စားပြုပါဝင်မှု(Participa tion)၊အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း(Prot ection)၊ကြိုတင်တာဆီးခြင်း(Preven tion)၊ ကယ်ဆယ်ရေးနဲ့ပြည်လည်ထူ ထောင်ရေး (Relief and Recovery) စတဲ့ အချက်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင် ငံကလည်း လိုက်နာအကောင်အထည် ဖော်ရန်တာဝန်ရှိနေပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာလည်း အမျိုးသမီးတွေအတွက် ဥပဒေတွေပြဋ္ဌာန်းရမှာဖြစ်သလို မူဝါဒတွေချမှတ်ပြီးအကောင်အထ ည်ဖော်အကာအကွယ်ပေးသင့်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“ULA/AA က ပေါ်လစီတွေထားပြီးတော့ ဒါတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။တချို့ လက်နက်ကိုင်အဖွဲ့အ စည်းတွေမှာဆိုရင် ဂျန်ဒါပိုလစီတွေ၊အ မျိုးသမီးရေးရာမူဝါဒတွေကို အများကြီးထုတ်နေတယ်။အဲဒါတွေကိုလည်း ထုတ်ဖို့လိုပါတယ်။နောက်ပြီးတော့ အ မျိုးသမီးတွေကို စစ်ပွဲကာလတွေမှာ ကာကွယ်ခြင်းဆိုင်ရာ နိုင်ငံတကာဥပ ဒေတွေကိုလည်း လေးစားလိုက်နာဖို့လိုပါတယ်။”လို့ အမျိုးသမီးအရေးဆောင် ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ စစ်ဘေးရှောင်တွေကို အကာအကွယ်အကူအညီတွေမပေးတဲ့အပြင် ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တားတွေလည် ပတ်နေပေမယ့် စစ်ဘေးရှောင်တွေကိုထောက်ပံ့ကူညီမှုတွေမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ စစ်ဘေးရှောင်
အမျိုးသမီးတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အရှက်သိက္ခာတွေကို ဂရုမစိုက်ကြတော့ဘဲ အသက်ရှင်ရပ်တည်ရေးအတွက် အရပ်တကာသွားလာပြီး တောင်းရမ်းစားသောက်နေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

”စစ်ဘေးရှောင်တွေကလည်း တအားများလာတော့ ထောက်ပံ့ကြေးတွေလည်းမရတော့ဘူး။နှစ်ခါပဲရဖူးပါတယ်။ထောက်ပံံ့ကြေးနဲ့ကလည်း မလုံလော က်တော့ ကိုယ်ဘာသာရှာစားရပါတယ်။အလှူခံပြီးစားရပါတယ်။ ရတဲ့အခါရတယ်။ မရတဲ့အခါမရဘူး။အဓိကတော့ အဖေအမေအတွက် ထောက်ပံံံ့ကြေးတွေလိုချင်ပါတယ်။ကိုယ့်အတွက်က အလှူ ခံလို့ပဲစားရရ။အဖေနဲ့အမေ ဆေးဖိုးက ကျမမတက်နိုင်ဘူး။အလှူခံလို့လည်းမရတောဘူး။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စစ်ဘေးရှောင်အမျိုးသမီးတွေ ရှင်သန်ရပ်တည်ရေးပိုမိုခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အင်တာနက်လိုင်းတွေ၊ဆ က်သွယ်ရေးဖုန်းလိုင်းတွေလည်း ဖြတ်တောက်ပိတ်ဆို့ခံထားကြရတာမို့ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အကူအညီအထောက်အပံ့တွေမရကြဘူးလို့
ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင်တွေ ပုံမှန်ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးသင့်ပြီး အသက်မွေးဝမ်းကျောင်းသင်တန်းတွေကိုလည်း နိုင်ငံတကာအကူအညီတွေနဲ့ပြုလုပ်ပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

”အသက်မွေးဝမ်းကျောင်း သင်တန်းတွေဖွင့်ပေးတာ၊ဝင်ငွေရရှိတဲ့လုပ်ငန်းစဉ်တွေဒုက္ခသည်စခန်းအတွင်းဖန်တီးပေးတာ၊ဒုက္ခသည်စခန်းပြင်ပမှာအလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးတာ၊အမျိုးသား၊ အမျိုးသမီးဒုက္ခသည်အားလုံးကို အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက်အောင်ဆောင်ရွက်ပေးရမယ်။အဲဒီလိုဆောင်ရွက်ပေးမှုကြောင့် ဒုက္ခသည်တွေ နိုင်ငံတကာ အကူအညီအပေါ် မှီခိုရမှုများ လျော့ကျလာမယ်။” လို့ ကိုဖီအာနန်ကော်မရှင်အ ကြံပြုထားပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ မှာ “သက်ကြီးရွယ်အိုတွေ၊မသန်စွမ်းသူတွေ၊အမျိုးသမီးတွေ၊ကလေးသူငယ်တွေရဲ့အခြေခံရပိုင်ခွင့်၊အခွင့်အရေးတွေကို လူမျိုးရေးဘာသာရေး၊ဆင်းရဲ၊ချမ်းသာခွဲခြားမှုမရှိဘဲ ထိရောက်စွာကာကွယ်စောင့်ရှောက်ပြီးလူမှုဘဝမြင့်တင်မှုတွေကို ဆောင်ရွက်ပေးရမယ်။” လို့ ဖော်ပြထားပါတယ်။

အာရက္ခစစ်ပွဲမှာ ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊မသန်စွမ်းတွေ၊သက် ကြီးရွယ်အိုတွေဟာ အသက်ရှင်ရပ် တ ည်ရေးအတွက် အဆုံးဝါးဆုံးအခြေအနေတွေကို ခံစားကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအထဲမှာ အမျိုးသမီးတွေဟာ အကာအကွယ်အကူအညီမဲ့နေကြပြီး လ က်နက်ကိုင်ပဋိပက္ခဒဏ်တွေကို အဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့ခံစားနေကြရတ ယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

“ရေကိုဆင်းပြီးနေခဲ့ရတယ်။ ကိုယ့်အိမ်မှာမနေခဲ့ရဘူး။ဓနိတောတွေမှာ နေခဲ့ရတယ်။လေယာဥ်လာပြီဆိုတာနဲ့အိမ်ပေါ်မှာမအိမ်ရဲဘူး။အောက်မှာ အိပ်ရတယ် ။ချက်ထားတဲ့ ထမင်းလည်းမစားခဲ့ရဘူး။ ထိုနေရာမှာအိပ်၊ ဒီနေရာမှာအိပ်။ အဲဒီလိုခံခဲ့ရပါတယ်။ မခံနိုင်တော့ ထွက် ပြေးလာကြတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ပဋိပက္ခဒေသတွေကအမျိုးသမီးတွေရဲ့ဘေးကင်းလုံခြုံရေးတွေ၊အသက်ရှင်ရပ်တည်ရေးတွေဟာမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ဆက်စပ်နေပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေမှာလည်း တာဝန်ရှိနေတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေမလုံလောက်ကြတာတွေ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကျန်းမာရေးစောင့်ရှော က်မှုမရကြတာတွေ၊ကာကွယ်ဆေးထိုးခွင့်မရကြတာတွေလည်းခံစားကြုံတွေ့ နေကြရတယ်လို့ စစ်ဘေးရှောင်အမျိုး သမီးတွေက ဆိုကြပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်အပိုဒ် ၃ မှာ ”ပြည်ထောင်စုရှိ နိုင်ငံသားအားလုံးကို လူမျိုးရေး၊ဘာသာရေး၊ယဉ်ကျေးမှု၊လိင်ကွဲပြားမှုကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူအခွင့် အရေးရရှိစေရမယ်။” လို့ ဖော်ပြထားပါတယ်။

အာရက္ခဒေသက ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေဟာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ကျရောဂါတွေဖြစ်ပွားနေကြပေမယ့်စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေမရှိသလောက်နည်းပါးနေတယ်လို့ အမျိုး သမီးတွေက ဆိုကြပါတယ်။

အဲဒီအပြင်စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်တွေ၊နို့တိုက်မိခင်တွေအတွက်အ စာအာဟာရနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

“အခက်အခဲတွေက အများကြီးပဲ။ အလုပ်အကိုင်ကလည်းအဆင်မပြေဘူး။အဆင်မပြေရင်လည်း အဆင်ပြေသလို ရှာကြံပြီးစားနေရတာပေါ့။ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာ အာဟာရပြည့်တာတွေစားပေးရတယ်။ကလေးအတွက်ပေါ့။ဒါပေမယ့်မစားနိုင်ဘူး။ကာကွယ်ဆေးမထိုးနိုင်ဘူး။အလုပ်လည်း အဆင်မပြေဘူး။ ကာကွယ်ဆေးထိုးဖို့ ပိုက်ဆံမရှိလို့ မထိုးရဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးစေချင်တယ်။” လို့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ ကိုယ်ဝန်ဆောင်​အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခဒေသရှိ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာမို့ စစ်ဘေးရှောင်အမျိုးသမီးတွေပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနေကြရတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လ ည်တည်ဆောက်ရေးကိုလည်းဆောင် ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် စစ်ဘေးရှောင်အမျိုးသမီးတွေအပါအဝင် အမျိုးသမီးတွေဟာဘေးကင်းလုံခြုံမှုအပြည့်အဝမရှိသေးတာမို့ အမျိုးသမီးတွေကို ဘေးကင်းလုံခြုံမှုတွေပေးပြီး အမျိုးသမီးဥပဒေရေးဆွဲသေသေချာချာလုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ အမျိုးသမီးအရေးဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

“ခုဆိုလို့ရှိရင် ကျမတို့နဲ့ရင်းနှီးတဲ့သူတွေကပြောတယ်။ကျမတို့က လုံခြုံမှုမရှိဘူး။အမျိုးသမီးအဖွဲ့တွေထဲကလည်း လေသံတွေထွက်လာတယ်။လုံခြုံမှုက င်းမဲ့လာတယ်။အဲလုံခြုံမှုရှိအောင် ဘ ယ်လိုကြံဆောင်ပြီးတော့ တိုးပွားအောင်လုပ်ရမလဲပေါ့။ကျမတို့ ဘယ်လိုကြိုးစားပြီးလုပ်ရမလဲဆိုတာကို အဓိကအနေနဲ့ ဥပဒေကိုရေးဆွဲကြတဲ့အချိန်မျိုးမှာ သေသေချာချာထည့်ပေးဖို့လိုပါပြီ။ပြီးလို့ရှိရင် ကိုယ်ပိုင်ဥပဒေတွေလည်း ပြုစုလာကြတယ်လို့ပြောတယ်။ဒါပေမယ့်လည်း ပြည်သူတွေဘာမှမသိရဘူး။ပြည်သူတွေသိဖို့ ပှငျ့လငျးမွငျသာမှုရှိဖို့ကတော့ ဘယျအစိုးရပဲတကျတကျလို အပျခကြျတခုလို့မွငျပါတယျ။” လို့ ရခိုငျအမြိုးသမီးကှနျရကျဥက်ကဋ်ဌဒေါ်ညိုအေးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတချို့မှာ အရွယ်မရောက်သေးတဲ့အမျိုး သမီးငယ်တွေအပါအဝင် အမျိုးသမီးတချို့ဟာ အတင်းအဓမ္မပြုကျင့်သတ် ဖြတ်ခံရတာတွေလည်းရှိနေတာမို့ စစ်
ဘေးရှောင်အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသက အမျိုးသမီးတွေဟာ ဘေးကင်းလုံခြုံမှုတွေကင်းမဲ့ပြီး အကာ အကွယ်အကူအညီတွေမဲ့နေကြပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ စိန်ခေါ်မှုတွေ၊အ ခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

အာရက္ခဒေသရဲ့မိုးရာသီဟာ ဆိုးဝါးကြမ်းထန်ပေမယ့် မိုးဒဏ်၊လေဒဏ်၊ရာသီဥတုဒဏ်တွေ၊ကျန်းမာရေး၊လုံခြုံရေး၊ကိုယ်စိတ်နှစ်ပါးမလုံခြုံမှုတွေကို ရင်ဆိုင်အန်တုရင်း မိုးရာသီကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတော့တယ်။

PrevPreviousကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး
Nextမြန်မာမှာ လူဦးရေခြောက်သန်းကျော် အရေးပေါ်အကူအညီလိုအပ်နေNext
Previous Post

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး

Next Post

မြန်မာမှာ လူဦးရေခြောက်သန်းကျော် အရေးပေါ်အကူအညီလိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026

ရွှေမင်းဂံရေတပ်ဗျူဟာကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

March 3, 2026

​စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၇,၈၀၀ ကျော် သေဆုံး

March 3, 2026

ပျက်ကျသွားတဲ့အမေရိကန် F-15E အမျိုးသမီးလေယာဉ်မှူးကိုကူဝိတ်နိုင်ငံသားတွေကူညီကယ်ဆယ်

March 3, 2026

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

Releated Post

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 4, 2026

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

March 4, 2026
ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026
(ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထိန်းချုပ်ထားဆဲစစ်တွေအကျဥ်းထောင်/BNA)

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

March 3, 2026

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

March 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page