Saw Shin Nyo

Saw Shin Nyo

Photo-The kachin Net

​ကချင်တော်လှန်ရေးနေ့မှာ လုပ်သက်ငါးဆယ်ပြည့်အရာရှိကြီးတွေကို ရွှေတံဆိပ်ဆုနဲ့ဂုဏ်ပြု

​Border News Agency လိုင်ဇာ၊ ဖေဖော်ဝါရီ ၆။ ​၆၅နှစ်ပြည့်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားမှာ လုပ်သက်ရင့်အရာရှိကြီးတွေအပါအဝင် ဝန်ထမ်းပေါင်းတထောင့်လေးရာကျော်ကို KIO က ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ​တော်လှန်ရေးကာလအတွင်းမှာ လုပ်သက်ငါးဆယ်တိတိ ပြည့်အောင်တာဝန်ထမ်းဆောင်ခဲ့တဲ့ KIO ဒု-ဥက္ကဋ္ဌ ၁ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်အပါအဝင် အရာရှိကြီးသုံးဦးကို ဗဟိုကော်မတီကနေ "ရွှေတံဆိပ်ဆု" တွေ ပေးအပ်ခဲ့တာပါ။ ​အဲဒီအပြင် တော်လှန်ရေးအစိုးရလက်ထက်မှာ လုပ်သက်ငါးနှစ်ကနေ နှစ်ငါးဆယ်အထိရှိနေပြီဖြစ်တဲ့ ဝန်ထမ်းစုစုပေါင်း တထောင့်လေးရာတဆယ့်လေးဦးကိုလည်း သူတို့ရဲ့ လုပ်သက်အလိုက် ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ​ဒီအခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၆၅ နှစ်ပြည့် တော်လှန်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့သလို၊ ရှေ့လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ပြည်သူတွေအတွက် ဆုတောင်းစကားတွေ ပြောကြားခဲ့ပါတယ်။ ​အဲဒီလို ဂုဏ်ပြုဆုတွေ ပေးအပ်တာဟာ တော်လှန်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူတွေကို အသိအမှတ်ပြုတာဖြစ်သလို မျိုးဆက်သစ်တွေအတွက်လည်း ခွန်အားဖြစ်စေတယ်လို့ တက်ရောက်လာသူတွေက ဆိုပါတယ်။ ​ကချင်အမျိုးသားတော်လှန်ရေးနေ့ကို နှစ်စဉ် ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပလေ့ရှိပြီး အခုနှစ် လိုင်ဇာဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားဟာ အရင်နှစ်တွေထက် ပိုမိုထူးခြားတဲ့ဂုဏ်ပြုမှုတွေနဲ့ စည်ကားခဲ့ပါတယ်။ အဲဒီအပြင် အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်အင်အားစုတွေက ဂုဏ်ပြုသဝဏ်လွှာပို့ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ-ပေါက်မြို့နယ် ပအဖ

​ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးစစ်ရှောင်နေရ

Border News Agency  ​မကွေး၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကော်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးပါးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။  အဲဒီ ပေါက်မြို့နယ်ကာကွယ်ရေးပစွည်းထုတ်လုပ်ရေးစက်ရုံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ရာနီးပါးဟာ သစ်ချိုကုန်းပျူရွာကနေတဆင့် အနီးနားကရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီလိုစစ်ကြောင်းထိုးရုံတင်မကဘဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်စက်ရုံထဲကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပါပြုလုပ်နေတယ်လို့ ပေါက်မြို့နယ် ပအဖကထုတ်ပြန်ပါတယ်။ ​အဲဒီ ဒီတိုက်ခိုက်မှုတွေကြောင့် ဇုန် ၁ နယ်မြေထဲက ကျေးရွာခြောက်ရွာ၊ အိမ်ထောင်စု တထောင်ကျော်နဲ့လူဦးရေငါးထောင် နီးပါးဟာ ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ​အဲဒါကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ-ယောအလင်းတန်း

မိအယ်ရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံး

Border News Agency  ​မကွေး၊ဖေဖော်ဝါရီ ၆။ ​မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲက မိအယ်ကျေးရွာကို ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမိအယ်ကျေးရွာကို မကွေးလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်တစီးမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးတဦး၊ အသက်လေးဆယ်နဲ့ ငါးဆယ်ကျော်အမျိုးသမီးနှစ်ဦး၊ ဆယ့်သုံးနှစ်နဲ့ဆယ်နှစ်အောက် မိန်းကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ "တိုက်ပွဲမရှိဘဲ ရွာကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားတာဗျ။ ဗုံးမချခင်တနာရီလောက်ကတည်းကကျောက်ထုအမြှောက်တပ် ၃၆၈ ကနေ ဒရုန်းနဲ့ကင်းထောက်နေတာ။ ပြီးတော့မှခပ်နိမ့်နိမ့်ပျံပြီး ရွာထဲတည့်တည့်ကို ဗုံးချသွားတာပါ။"လို့ ဒေသခံတဦးက ပြောပါတယ်။ ​အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မိအယ်ရွာကနေအိမ်လေးလုံးပျက်စီးခဲ့ပြီး အဲဒီထဲကတလုံးကတော့ မီးလောင်ပြာကျသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ယောဒေသကိုလေကြောင်းတိုက်ခိုက်မှု နှစ်ဆယ့်သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို မနေ့ညကလည်းထီးလင်းမြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ယောဒေသအတွင်း ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏပျံသန်းနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့အသိပေးထားပါတယ်။

ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ညောင်လှရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Border News Agency  ဒီပဲယင်း၊ဖေဖော်ဝါရီ ၆။ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကိုဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီညောင်လှရွာကို စစ်ကော်မရှင်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ မော်တာနဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူအမျိုးသားလေးဦးဒဏ်ရာရသွားခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ဒီပဲယင်းမြို့နယ် ပအဖကအသိပေးထားပါတယ်။

​ရခိုင်မှတ်ပုံတင်နဲ့ကန့်သတ်မြို့နယ်သားတွေခရီးသွားလာရာမှာငွေညှစ်ခံနေရ

​Border News Agency ရန်ကုန်၊ဖေဖော်ဝါရီ ၆။ ​ခရီးသွားလာနေကြတဲ့ ရခိုင်မှတ်ပုံတင် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ကန့်သတ်ထားတဲ့ မြို့နယ်တွေမှ ပြည်သူတွေလမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအမြောက်အမြားတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ကန့်သတ်မြို့နယ်တွေမှပြည်သူတွေဟာ ခရီးသွားလာရာမှာ သက်ဆိုင်ရာရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာတွေပါရှိမှသာ ကားလက်မှတ်ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်းကို အဝေးပြေးယာဉ်လိုင်းဂိတ်တွေက အွန်လိုင်းမှတဆင့် အသိပေးပေးထားပါတယ်။ အဲဒီအပြင် အချို့ကားဂိတ်တွေမှာပြဿနာတက်မည်ကိုစိုးရိမ်တာမို့ ကန့်သတ်မြို့နယ် မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုလက်မှတ်ရောင်းချပေးဖို့ ငြင်းဆန်တာတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ "ကျွန်မခရီးထွက်တုန်းကဆိုရင် လမ်းမှာတယောက်ကိုငါးသိန်းအထိ တောင်းတာရှိတယ်။ သုံးယောက်ဆိုရင်ဆယ့်ငါးသိန်းပေးရတယ်လို့ ကြားခဲ့ရတယ်။ အထူးသဖြင့် ၁၃/ရှမ်းမှတ်ပုံတင်တွေဆိုရင် ငွေကောက်ပြီးမှဝင်ခွင့်ပေးတာမျိုးတွေရှိသလို၊ ၉/ မန္တလေးမှတ်ပုံတင်တွေလည်း ဝင်ရခက်နေတယ်။ ၁၁/ရခိုင်မှတ်ပုံတင်ဆိုရင်တော့ ပိုပြီးစစ်ဆေးခံရသလို ကျောက်မဲဘက်ကိုသွားဖို့လည်း အရမ်းခက်ခဲနေတယ်။"လို့ ခရီးသွားပြည်သူတဦးက Border News Agency ကိုပြောပါတယ်။  အဲဒီကန့်သတ်လိုက်တဲ့မြို့နယ်တွေထဲဲမှာ ရခိုင်ပြည်အတွင်းရှိ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ မြို့နယ်အားလုံး၊ မန္တလေးတိုင်းမိုးကုတ်မြို့ ၉/မကန၊ ရှမ်းပြည်နယ် ၁၃/မှတ်ပုံတင်တွေအပြင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကုန်းကြမ်းတွေလည်းပါဝင်နေပါတယ်။ အဲဒီအပြင် ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ဘက်မှပြန်လာသူတွေကိုလည်း အစစ်အဆေးပိုမိုတင်းကျပ်နေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  အဲဒီအပြင်စစ်ကိုင်းတိုင်းအတွင်းရှိ ၅/မုံရွာ၊ မြောင်၊ ရွှေဘိုစတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်က ကန့်သတ်ထားပြီး ခရီးသွားလာရာမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။ အဲဒီမြို့နယ်တွေမှ ပြည်သူတွေဟာမြို့ဝင် မြို့ထွက်ဂိတ်တွေမှာတောင် မှတ်ပုံတင်ကို အသေးစိတ်စစ်ဆေးခံရရုံသာမက ဖုန်းအတွင်းရှိအချက်အလက်တွေကိုပါ စစ်ဆေးခံနေရတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  "ငွေကောက်တာကတော့တကယ့်ကို အမှန်ပါပဲ။ ဒါပေမယ့်လူတိုင်းတော့မဟုတ်ဘဲ တခါတလေမှကြုံရတာမျိုးလည်းရှိတယ်။ ထောက်ခံစာကတော့မပါမဖြစ် ယူသွားရတယ်။ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်လို့သံသယရှိသူတွေဆီက ပိုပြီးငွေညှစ်တောင်းခံတာတွေရှိတယ်။ တောင်ကြီးနဲ့မန္တလေးဘက်ကဂိတ်တွေမှာ ပိုပြီးကောက်ခံနေတာတွေ့ရတယ်။"လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  ​စစ်ကော်မရှင်တပ်ဟာ နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးအခြေအနေနဲ့ နယ်မြေထိန်းချုပ်မှုတွေကြောင့် အဲဒီလိုမှတ်ပုံတင်နံပါတ်တွေအလိုက် ခရီးသွားလာခွင့်ကိုတင်းကျပ်ကန့်သတ်ထားတာဖြစ်ပြီး လမ်းခရီးမှာငွေကြေးမတက်နိုင်သူတွေလည်းရှိတယ်လို့ဆိုကြပါတယ်။ အဲဒီလို ငွေကြေးမတက်နိုင်သူတွေကို ဂိတ်တွေမှာနာရီပေါင်းများစွာ ထိန်းသိမ်းစစ်ဆေးခံရတာတွေနဲ့ လမ်းဝက်မှပြန်လှည့်ခိုင်းတာတွေလည်းရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  အဲဒီလုပ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေမှာ ငွေကြေးကုန်ကျမှုမြင့်မားလာတာအပြင် ဘေးကင်းလုံခြုံမှုအတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

Photo-ONN

အာရက္ခဒေသမှာခရစ်ယာန်ကျမ်းစာကျောင်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

​Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆ ။ ​အာရက္ခဒေသမှာရှိတဲ့ ခရစ်ယာန်ကျမ်းစာကျောင်းတခုရဲ့ ၁၈ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​အဲဒီအခမ်းအနားမှာ ဒီပလိုမာဘွဲ့ရသူငါးဦးကို ဘွဲ့လက်မှတ်တွေပေးအပ်ခဲ့သလို ပထမနှစ်နဲ့ ဒုတိယနှစ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါတယ်။ ​ဒီပွဲကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ULA/AA တာဝန်ရှိသူတွေကကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကို ချီးကျူးစကားပြောခဲ့ပြီး ဆုငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ ​ပွဲတက်ရောက်လာသူသုံးရာကျော်ကို ထမင်းကျွေးမွေးဧည့်ခံခဲ့သလို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့လည်း စည်စည်ကားကား ကျင်းပခဲ့တာပါ။ ​အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ဘာသာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာတာဟာ မျိုးဆက်သစ်လူငယ်တွေရဲ့စာရိတ္တနဲ့ ပညာရည်မြင့်မားဖို့အတွက် ကောင်းမွန်တဲ့ခြေလှမ်းတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Photo-North Now

လန်းပန်းကရာစုနှစ်ချီ မြန်မာကျောင်းကြီးမီးလောင်

Border News Agencyထိုင်း၊ ဖေဖော်ဝါရီ ၃။ ​ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်းပန်းမြို့က နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ Wat Mon Pu Yak (ခေါ်) Wat Santhan မြန်မာ့ဗိသုကာလက်ရာ ဘုန်းကြီးကျောင်းဆောင်ကြီးဟာ ဖေဖော်ဝါရီ ၁...

ဓာတ်ပုံ-စစ်ကော်မရှင်

​စစ်ကော်မရှင်ရွေးကောက်ပွဲ အတုအယောင်သာဖြစ်တယ်လို့ EU ပြော

Border News Agencyဥရောပ၊ ဖေဖော်ဝါရီ ၁။ စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့တဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဥရောပသမဂ္ဂ (EU) က အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီး...

ဓာတ်ပုံ-စစ်ကော်မရှင်

​ICJ ကြားနာပွဲသွား စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြန်ရောက်

Border News Agencyရန်ကုန်၊ ဖေဖော်ဝါရီ ၁။ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံနဲ့ ရင်ဆိုင်နေရတဲ့အမှုအတွက် သွားရောက်လျှောက်လဲခဲ့တဲ့ စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၁ ရက်၊ မနက်ပိုင်းက ရန်ကုန်ကိုပြန်လည်ရောက်ရှိလာပါတယ်။ ​အဲဒီအဖွဲ့ကို...

​အာဏာသိမ်းငါးနှစ်ပြည့်ပေမယ့် မြန်မာပြည်သူတွေကြံ့ကြံ့ခံတော်လှန်နေဆဲ

Border News Agency​ရန်ကုန်၊ ဇန်နဝါရီ ၃၁ ။ ​အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းခဲ့တာ ငါးနှစ်တာကြာလာပေမယ့် မြန်မာပြည်သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ဆက်လက်ခုခံတော်လှန်နေဆဲဖြစ်တယ်လို့ Justice For Myanmar (JFM) ကဇန်နဝါရီလ ၃၁ ရက်၊ နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က...

Page 17 of 66 1 16 17 18 66

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here