Saw Shin Nyo

Saw Shin Nyo

အာရက္ခတပ်တော်တိုက်ခိုက်လို့အကြမ်းဖက်သမားတွေသေဆုံး

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားနယ်စပ်မှာနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ကတိုက်ခိုက်ရှင်းလင်းနေပါတယ်။ အဲဒီအကြမ်းဖက်နှိမ်နင်းရေးကြောင့်ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေသေဆုံးသူတွေများပြားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။ အဲဒီလိုသေဆုံးဒဏ်ရာရသူတွေများတာမို့ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အုပ်စုလိုက်ထွက်ပြေးနေကြပါတယ်။ အဲဒီအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခြေကုပ်ယူနေထိုင်ကြပြီးနယ်စပိဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။ အဲဒီအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူတာတွေမပြုလုပ်ကြတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဝေဖန်ပြောဆိုနေကြပါတယ်။ အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနယ်စပ်ဖြတ်ကျော်ပြီးအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေငါးနေရာခန့်ကို...

​ကော့ကရိတ်မှာ ပြည်သူနှစ်ထောင့်ခြောက်ရာရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြ

Border News Agencyကော့ကရိတ်၊ ဇန်နဝါရီ ၁၁။ ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိနေရာလေးခုမှာ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတရပ်ကို ဇန်နဝါရီလ ၉ ရက်နေ့က တပြိုင်နက်တည်းပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို တခရိုင်လုံးအတိုင်းအတာနဲ့ (Zero Hour)သတ်မှတ်ကာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း...

ဓာတ်ပုံ - မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

တောင်သုံးလုံးပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Border News Agencyတနင်္သာရီတိုင်း၊ ဇန်နဝါရီ ၁၁။ တနင်္သာရီတိုင်း၊ မြိုတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိတောင်သုံးလုံးရွာ မဗာတပ်စွဲထားတဲ့ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်၊...

ဓာတ်ပုံ - မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖ

မင်းလှမှာမဲရုံနှစ်နေရာကို တော်လှန်ရေးတပ်တွေ မိုင်းခွဲ

Border News Agencyပဲခူး၊ ဇန်နဝါရီ ၁၁။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ မဲရုံနှစ်ရုံကို တော်လှန်ရေးတပ်တွေ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖက ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီမိုင်းဖောက်ခွဲတိုက်ခိုက်တာကို...

​ကော့သောင်းမှာမူးယစ်​ဆေးတွေနဲ့အတူ ခြောက်ဦးဖမ်းဆီး

Border News Agencyတနင်္သာရီတိုင်း၊ ဇန်နဝါရီ ၁၁။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွဆေးပြားအပါအဝင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ခြောက်ဦးကိုသက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီမူးယစ်ဆေးရောင်းဝယ်သုံးစွဲသူခြောက်ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဇန်နဝါရီ...

Photo - MNDAA

MNDAAရဲ့ စစ်ရေး၊ နိုင်ငံရေးသုံးသပ်ပွဲ

Border News Agencyကိုးကန့်၊ ဇန်နဝါရီ ၁၁။ ​အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာတွေမှာ၂၀၂၅ ခုနှစ်မှာရခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ တပ်တည်ဆောက်ရေးအောင်မြင်မှုတွေကို ပြန်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီသုံးသပ်ချပ်တွေကိုကြည့်ပြီး ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းတာဝန်တွေချမှတ်ခဲ့ကြတယ်လို့ MNDAA က...

Photo - APM

အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်ခေါ်ယူနေ

Border News Agencyမြောက်ဦး၊ ဇန်နဝါရီ ၁၁။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ အာရက္ခဆေးပညာသိပ္ပံကျောင်း (Arakkha School of Medicine) ဝင်ခွင့်ခေါ်ယူနေပါတယ်။ အဲဒီ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ဆရာဝန်လိုအပ်ချက်ကိုဖြည့်ဆည်းဖို့နဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ အမျိုးသားရေးအသိနဲ့ တာဝန်ယူမယ့်ဆေးပညာရှင်မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့အတွက်...

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ဆားဂွန်းစခန်းကို တော်လှန်ရေးတပ်တွေဝင်တိုက်နေ

Border News Agencyပဲခူး၊​ ဇန်နဝါရီ ၁၁။ ​ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က ဆားဂွန်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်စခန်းကို ဇန်နဝါရီလ...

ဓာတ်ပုံ - ယောအလင်းတန်း

ဂန့်ဂေါရှိဝင်ဝနဲ့ ရွှေမြစ်သာ ပျူစောထီးရွာတွေကို PDF သိမ်းပိုက်

Border News Agencyမကွေး၊ ဇန်နဝါရီ ၁၁။ ​မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ပျူစောထီးကျေးရွာနှစ်ရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယောအလင်းတန်းမှ ဇန်နဝါရီလ ၁၀ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီယောဒေသအတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို "Yawland Operation"...

Photo - APM

စစ်တွေမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်မှ တပ်ရင်းမှူးတဦးကျဆုံး

Border News Agencyစစ်တွေ၊ ဇန်နဝါရီ ၁၁။ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်မှ တပ်ရင်းမှူးဗိုလ်မှူးထက်မြင့်သိန်းဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျဆုံးသွားခဲ့ပါတယ်။ သူဟာ အသက်သုံးဆယ့်သုံးနှစ်အရွယ် မာန်အောင်ဇာတိဖြစ်ပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားရှေ့တန်းတိုက်ပွဲမှာ အနီးကပ်ကွပ်ကဲနေချိန် ကျဆုံးခဲ့တာပါ။ သူ့ရဲ့ဈာပနကို...

Page 38 of 66 1 37 38 39 66

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here