Border News Agency
မကွေး၊ ဇန်နဝါရီ ၁၁။
မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ပျူစောထီးကျေးရွာနှစ်ရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယောအလင်းတန်းမှ ဇန်နဝါရီလ ၁၀ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီယောဒေသအတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို “Yawland Operation” အမည်နဲ့ အရှိန်အဟုန်မြှင့်ထိုးစစ်ဆင်ခဲ့ရာ ပျူစောထီးအခြေစိုက်ကျေးရွာနှစ်ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဝင်ဝပျူရွာကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ ရက်နေ့ကသိမ်းပိုက်နိုင်ခဲ့ပြီး ရွှေမြစ်သာပျူရွာကို ဇန်နဝါရီလ ၄ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဆယ့်နှစ်ဦးသေဆုံးခဲ့ပြီး G3 လေးလက်၊ ကာဘိုင်နှစ်လက်၊ ခါးချိုးနှစ်လက် အပါအဝင် လက်နက်ခဲယမ်းအများအပြားကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမဟာမိတ်ပူးပေါင်းတပ်တွေဟာ “Yawland Operation” ကို ဆက်ပြီးဖော်ဆောင်နေတာမို့ ပြည်သူတွေလေကြောင်းအန္တရာယ်ကို အထူးသတိပြုဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့ကူညီစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။






