ပြည်သူနှစ်သောင်းနှစ်ထောင်ကို စစ်ကော်မရှင်တပ်ဖမ်းဆီးထား
Border News Agencyမန္တလေး၊ အောက်တိုဘာ ၂၃။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းကပြည်သူနှစ်သောင်းနှစ်ထောင်ကို စစ်ကော်မရှင်ဖမ်းဆီးထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီလိုဖမ်းဆီးထားတာကို နိုင်ငံတကာပါလီမန်များ(IPU)၁၅၁ ကြိမ်မြောက်ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောခဲ့ပါတယ်။ "၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းမှုကတည်းက အာဏာသိမ်းစစ်တပ်ဟာသူတို့ရဲ့ပြည်သူတွေအပေါ်ကို စစ်ပြန်တိုက်နေပါတယ်။ပြည်သူနှစ်သောင်းနှစ်ထောင်ကိုအကြောင်းပြချ က်မရှိဖမ်းဆီးထားပါတယ်။ပြည်သူငါးသန်းကျော်ဟာ နေရပ်စွန့်ခွာနေရပါတယ်။"...









