Border News Agency
မူး၊ အောက်တိုဘာ ၂၃။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းက မူးမြို့နယ်နဲ့ ဆောထိမြို့နယ်အနီးကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီအသက်ရှစ်ဆယ်ခုနှစ်နှစ်အရွယ် ဒစောကွဲနီ၊ အသက်ဆယ့်လေးနှစ်အရွယ် စောဖိုးထက်ကိုကိုနဲ့ အသက်နှစ်ဆယ်သုံးနှစ်အရွယ် နော်ဆဲနေဖောဂေဖြစ်ကြပါတယ်။
မူးမြို့နယ်၊ ရေလဲကျေးရွာကို အောက်တိုဘာလ ၂၀ ရက်၊ မနက် ၃နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရလို့ မျက်နှာနဲ့လက်တွေမှာ ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံပြည်သူတွေ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။






