တအာင်းပြည်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ တလအတွင်း လေးဆယ်ကိုးဦးသေဆုံး
Border News Agencyတအာင်းပြည်၊ နိုဝင်ဘာလ ၁။ တအာင်းပြည်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ အောက်တိုဘာလအတွင်း သံဃာတော်အပါအဝင် အရပ်သားလေးဆယ်ကိုးဦးသေဆုံးပြီး ခုနှစ်ဆယ်တဦး ဒဏ်ရာရခဲ့ပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာထုတ်ပြန်တာပါ။ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ သေဆုံးခဲ့သူလေးဆယ်ကိုးဦးထဲမှာ သံဃာတော်နှစ်ပါး၊...









