Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြားခြောက်ဆယ်ငါးဒသမနှစ်သန်းကျော်နဲ့ ဘိန်းဖြူနှစ်ဆယ်ကိုးဒသမနှစ်ဆယ်သုံးကီလိုဂရမ်ဖမ်းဆီးရမိခဲ့တယ်လို့ အောက် တိုဘာလ ၂၃ ရက်၊ဒီနေ့ စစ်ကော်မရှင်ထုတ်ပြန်ပါတယ်။
အဲဒီကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအနီးမှာ စက်တင်ဘာလ ၁၄ ရက်နေ့ ၊ညနေ ၅ နာရီကျော်အချိန်က ကိုငြိမ်း ချမ်းမောင်(ခ)ကုလားလေးမောင်းနှင်လာတဲ့ FORLAND အမျိုးအစား မော် တော်ယာဉ်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင်စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးမှာ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၁ နာရီအချိန်က ထူးအောင်ကျော်ကို ဆက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှုးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းရယ်မြို့နယ်မှကလေးမြို့သို့ မန်တုံမြို့နယ်က ယောရှုဆိုသူ သယ်ပို့ခိုင်းတာလို့လည်း ဆိုပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါးတွေကို မိုင်းရယ်မြို့က သယ်လာတာမို့ အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်ကလေးမြို့၊တောင်ဖီလာရပ်ကွက်က ကိုကျော်ဌေး မောင်းနှင်လာတဲ့ FORLAND မော်တော်ယာဉ်ပေါ်မှာ ဘိန်း ဖြူနှစ်ဆယ်ကိုးဒသမနှစ်ဆယ်သုံးကီ လိုဂရမ်(တန်ဖိုးငွေကျပ်တဒသမလေးထောင်ခြောက်ရာတဆယ်ငါးဘီလီယံ) ကိုလည်း ထပ်မံဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် ဝယ်ယူသူပေါင်ရှန်းဟောက်(ခ)ကိုချင်းကို မော်တော်ဆိုင်ကယ်တစီးနဲ့အတူ ကလေးမြို့၊စက်မှုဇုန်သွားလမ်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကလေးမြို့၊မင်္ဂလာဥယျာဉ်ရပ်ကွက်၊ ဟိုတယ်တခုမှာ လီလေးကို ဖမ်းမိပြီးဖမ်းဆီး စိုးမြင့်(ခ)ကုလားလေးကို အောက်တိုဘာလ ၁၆ ရက်နေ့က လား ရှိုးမြို့ ၊ရပ်ကွက် ၇ မှာဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစိတ်ကြွရူးသွပ်ဆေးပြားနဲ့ဘိန်းဖြူတွေရဲ့ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ဆယ်လေးဒသမငါးထောင်တဆယ့်ငါး ဘီလီယံထိ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ဆိုပါတယ်။






