BNA Author

BNA Author

အာရက္ခဒေသမှာ နှစ်နှစ်အတွင်း အရပ်သား ၁,၂၀၀ ကျော်သေဆုံးခဲ့

​Border News Agencyမြောက်ဦး၊ မတ် ၁၄ ​အာရက္ခဒေသမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလအထိ နှစ်နှစ်တာကာလအတွင်း အရပ်သား ၁,၂၇၇ ဦး သေဆုံးခဲ့တယ်လို့ Data for Myanmar...

ဓာတ်ပုံ - လူမှုကွန်ရက်

​အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

​Border News Agencyအီရတ်၊ မတ် ၁၄။ ​အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ မတ်လ ၁၃ ရက်နေ့က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။ ​ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ပစ်မှတ်တွေ ဆက်တိုက်တိုက်ခိုက်ခံနေရတဲ့ ဖြစ်စဉ်တွေထဲက တခုဖြစ်ပြီး...

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

​Border News Agencyမောင်တော၊ မတ် ၁၄။ ​ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေဟာ PSLF/TNLA အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကြောင့်ဖြစ်ပြီး အဲဒီအဖွဲ့မှာသာ တာဝန်ရှိတယ်လို့ MNDAA က မတ်လ ၁၄ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့...

Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

Border News Agencyလယ်မူလား၊ မတ် ၁၄။ တနင်္သာရီတိုင်း၊ လယ်မူလားမြို့နယ်ရှိ စစ်တပ်ရဲ့တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မတ်လ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီတောင်ယာကမ်းကျေးရွာရှိ စစ်တပ်စခန်းကို မတ်လ ၁၄ရက်နေ့၊ဒီနေ့မနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က ကရင်တော်...

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

​Border News Agencyမောင်တော၊ မတ် ၁၄။ ​မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဆိုးကျိုးကြောင့် အမျိုးသမီးဆယ်သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးက ဆိုပါတယ်။ အဲဒီအမျိုးသမီးတွေအခြေအနေဆိုင် ရာကော်မရှင်အစည်းအဝေးကိုအမေရိကန်နိုင်ငံ၊​ နယူးယောက်မြို့မှာကျင်းပချိန် သံအမတ်ကြီးဦးကျော်မိုးထွန်းကခုလိုပြောတာပါ။ အာဏာသိမ်းပြီးနောက်မြန်မာအမျိုးသမီးတွေအပေါ် စနစ်တကျကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေပိုများလာတယ်လို့ ဆိုပါတယ်။ ​အာဏာသိမ်းစစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမူတွေကြောင့် အမျိုးသမီးတွေဟာ ဘေးအန္တရာယ်ကြီးတွေထဲ...

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

Border News Agencyမြောက်ဦး၊ မတ် ၁၄။ ‎အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများစီမံခန့်ခွဲရေးဌာနက သတိပေးတားမြစ်ချက်တွေလုပ်ဆောင်နေပါတယ်။ ‎အာရက္ခရေလုပ်သားပြည်သူတွေဟာ ငါးနဲ့ရေသယံဇာတတွေကို စနစ်တကျထိန်းသိမ်းသုံးစွဲဖို့အတွက် ရှားပါးရေ နေသတ္တဝါတွေဖြစ်ကြတဲ့ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းပိုင်၊...

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

Border News Agencyနေပြည်တော်၊ မတ် ၁၄။ ​မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ သေနတ်သံတိတ်ရုံ၊ အပစ်ရပ်ရုံနဲ့ မပြီးဘဲ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်း ဇာစ်မြစ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့ စစ်ခေါင်းဆောင်က နေပြည်တော်ဖိုရမ်မှာ ပြောဆိုလိုက်ပါတယ်။ ​စစ်ခေါင်းဆောင်က တိုင်းရင်းသားအချင်းချင်း...

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

Border News Agencyအမေရိကန်၊ မတ် ၁၄။ ​အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဟာ အရှေ့အလယ်ပိုင်းဒေသဆီကို အင်အား ၂,၅၀၀ ရှိတဲ့အထူးရေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (31st MEU)နဲ့ ရေတိုက်ခိုက်ရေးသင်္ဘောအုပ်စုတွေကို စေလွှတ်ဖို့ အတည်ပြုလိုက်ပါတယ်။ ဒီတပ်ဖြန့်မှုကိုအမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth...

ဓာတ်ပုံ - စစ်ကော်မရှင်တပ်

​ပြည်တွင်းပဋိပက္ခ သက်ဆိုးရှည်ရတာဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ကိုယ်ကျိုးစီးပွားကြောင့်လို့ စစ်ခေါင်းဆောင်စွပ်စွဲ

Border NewsvAgencyနေပြည်တော်၊ မတ် ၁၄။ ​မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်သက်ဆိုးရှည်နေရတာဟာ လက်နက်ကိုင်အဖွဲ့အချို့ရဲ့ ကိုယ်ကျိုးစီးပွားအခြေခံတဲ့ လမ်းစဉ်တွေကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က နေပြည်တော်ဖိုရမ်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပဋိပက္ခတွေမချုပ်ငြိမ်းနိုင်တာဟာ စစ်တပ်ကအာဏာကိုလက်လွှတ်မခံဘဲ ဖိနှိပ်နေတာကြောင့်လို့ ပြန်လည်တုံ့ပြန်မှုတွေရှိနေပါတယ်။ ​စစ်ခေါင်းဆောင်က...

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

Border News Agency​မြောက်ဦး၊ မတ် ၁၄။ ​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့လေကြောင်းရန်ကို အထူးသတိပြုကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးနှိုးဆော်လိုက်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်နိုင်ဖို့အတွက် နေအိမ်ခြံဝန်းအတွင်း ဗုံးခိုကျင်းတွေကြိုတင်တူးထားကြဖို့နဲ့အရေးပေါ်ပုန်းခိုနိုင်ဖို့အတွက် အိမ်အနီးရှိရေမြောင်းတွေကိုလည်း ကိုယ်တိုင်တူးဖော်ရှင်းလင်းထားကြဖို့ တိုက်တွန်းထားပါတယ်။...

Page 2 of 132 1 2 3 132

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here