BNA Author

BNA Author

Photo - TNLA

နမ္မတူမြို့မှာတအာင်းဥပဒေအဖွဲ့မှဒီပလိုမာဘွဲ့ပေး

​တအာင်းပြည် မန်တုံခရိုင်၊နမ္မတူမြို့မှာ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်တဲ့ တအာင်းဥပဒေအကယ်ဒမီကျောင်း၊အပတ်စဉ် ၂ ရဲ့ ဒီပလိုမာဘွဲ့အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​အဲဒီသင်တန်းမှာ တအာင်းလူငယ်တွေအပြင် ကယန်းပြည်က ကျောင်းသား၊ ကျောင်းသူ ၄ ဦး အပါအဝင် စုစုပေါင်း ၅၀ ဦး ဘွဲ့တက်ရောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ​အခမ်းအနားမှာ ဗိုလ်ချုပ်တားဘုန်းကျော်က အမှာစကားပြောကြားခဲ့ပြီး ဥပဒေပညာကို ဆက်လက်လေ့လာဖို့နဲ့ မိမိတို့တာဝန်တွေကို ကိုယ်ကျင့်တရားကောင်းမွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊သင်တန်းဆရာတွေနဲ့အတူ ရှမ်း၊ ဂေါ်ရခါး၊ တအာင်း၊ မုန်းဝန်း စတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်မှာစမယ်

​တတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို လာမယ့် မတ်လထဲမှာအသီးသီး စတင်ကျင်းပမယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ ​ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၆ ရက်၊ တနင်္လာနေ့ မနက် ၁၀ နာရီမှာ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ စတင်ကျင်းပမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာပါ။ အဲဒီအပြင် ​အမျိုးသားလွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပဖို့ ရက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ​တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ အစည်းအဝေးတွေကိုတော့ မတ်လ ၂၀ ရက်၊သောကြာနေ့မှာ သက်ဆိုင်ရာ လွှတ်တော်တွေအလိုက် တပြိုင်တည်း စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုတင်ပို့နေတဲ့အာရက္ခဒေသကဂဏန်းတွေ

​အာရက္ခဒေသက ဂဏန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြတာဟာစျေးကောင်းရနေကြပါတယ်။ ​အရင်တုန်းကဂဏန်းလုံးတကီလိုကိုကျပ်ငါးထောင်မှခုနှစ်ထောင်ထိသာရခဲ့ပေမယ့် ခုတော့ တကီလိုကိုတသောင်းငါးထောင်ကျပ်ထိဈေးကောင်းရနေတာပါ။ ​အရင်တုန်းက ဂဏန်းတွေကို မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံကို တိုက်ရိုက်တင်ပို့ခဲ့ကြပေမယ့် စစ်ရေးပဋိပက္ခကြောင့် လမ်းကြောင်းပြောင်းသွားခဲ့တာပါ။ အဲဒီအပြင် ​စစ်ကော်မရှင်တပ်က လမ်း ပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ ဘင်္ဂလားဒေ့ရှ်သို့သာတင်ပို့နေကြတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဂဏန်းဝယ်ယူနေတာမို့ ဂဏန်းရှာသူတွေများလာသလိုဝ င်ငွေလည်းတိုးလာနေတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြားတရားဝင်ကုန်သွယ်ရေးအားကောင်းလာဖို့မျှော်လင့်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။  အာရက္ခဒေသမှာအင်းအိုင်မြစ်ချောင်းတွေပေါများသလိုသားငါးပုစွန်တွေလည်းပေါများတာမို့ ဂဏန်းတွေရှာဖွေရတာပိုလွယ်ပိုများတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Photo - Golden Era Media

မောင်တောမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုတွေလုပ်

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ပြည်သူတွေယာဉ်အန္တရာယ်ကင်းဖို့အတွက် DLEPS ဌာနက ဦးဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေနေပါတယ်။ အဲဒီ ​မြို့ပေါ်လမ်းဆုံတွေနဲ့ ရပ်ကွက်တွေမှာလည်း အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်တွေကိုလည်း စိုက်ထူခဲ့ကြတယ်လိုသိရပါတယ်။ အဲဒီလို လှုပ်ရှားမှုတွေကို ဘူးသီးတောင်မြို့မှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အာရက္ခဒေသမှာ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရတာတွေကို လျှော့ချနိုင်ဖို့နဲ့ စည်းကမ်းလိုက်နာမှု အားကောင်းလာစေဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နီပေါနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ်ကွယ်လွန်

နီပေါနိုင်ငံရဲ့ဒီမိုကရေစီခရီးကြမ်းအစောပိုင်းကာလမှာ အမျိုးသမီးအခွင့်အရေးအတွက်ဦးဆောင်လမ်းပြဖြစ်ခဲ့တဲ့ကာမဲလ်ရာနာ(Kamal Rana)ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူမကွယ်လွန်ချိန်မှာအသက်ကိုးဆယ်ရှစ်နှစ်အရွယ်ရှိနေပါပြီ။ သူမဟာ နိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်(National decision- making)တွေ ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာလည်း စွမ်းရည်ရှိတယ်ဆိုတဲ့ ယဉ် ကျေးမှုအစဉ်အလာတွေကို အာခံပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမကို နီပေါနိုင်ငံတန်ဆင် (Tansen) မြူနီစီပယ်နယ်မြေမှာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အကိုဖြစ်သူ ရီရှီခက်ရှ် ရှား ( Rishikesh Shah)ဟာလည်း နီပေါနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်လာတဲ့နောက်ပို င်းမှာ အဲဒီအချိန်တုန်းက နီပေါတော်ဝ င်မိသားစုဝင်တဦးဖြစ်သူ မင်းရှုမ်ရှာ ဂျေဘီရာနာ(Meen Shumsher J.B. Rana)ဆိုတဲ့ စစ်ဗိုလ်တဦးနဲ့လက်ထက်ခဲ့ပါတယ်။ သူမဟာ ထရိဘူဝမ်တက္ကသိုလ် ( Tribhuvan University)မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မဟာတန်းကို သင်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ နီပေါကွန်ကရက်ပါတီကဦးဆောင်ပြီး ဒီမိုကရေစီတောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။  ဒီမိုကရေစီစနစ်ကို ပိုသွားဖို့နဲ့ဘုရင်စန စ်ကို ကန့်သတ်ဖို့အတွက် နီပေါဘုရင်နဲ့ ကွန်ကရက်ပါတီကြားမှာ သဘောတူညီချက်တချို့ရလာပြီး နီပေါနိုင်ငံရဲ့အ ပြောင်းအလဲအချိုးအကွေ့ဖြစ်လာခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ရာနာဟာ အမျိုးသမီးစေတနာဝန်ထမ်းအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ သူမကို အမျိုးသားလွှတ်တော် (National Assembly)မှာ ဒုဥက္ကဌအ ဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ၁၉၅၈ ခုနှစ်မှ၁၉၅၉ ခုနှစ်ထိ သူမဟာ အကြံပေးအတိုင်ပင် ခံလွှတ်တော်(Advisory Assembly) မှာ တာဝန်ဆက်ထမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲအတည်ပြုကြပြီးဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်အရ နီပေါမှာ လွှတ်တော်နှစ်ရပ်စနစ်(Bicameral Parliament)ကို ကျင့်သုံးလာပါတယ်။  အဲဒီလွှတ်တော်နှစ်ရပ်မှာ လူထုရွေး ကောက်တင်မြောက်ထားတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်(House of Representatives)ဖြစ်ပြီးခန့်အပ်ခံရတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့အထက်လွှ တ်တော်မဟာဆဘာ( Maha Sabha (Senate))ဖြစ်ပါတယ်။  ရာနာကို ဘုရင် မဟင်ဒရာက မဟာဆဘာမှာ အဖွဲ့ဝင်အမတ်အဖြစ် ခန့်အပ်ခံရပါတယ်။ House of Representativesထဲမှာတော့ အမျိုးသမီးတဦးဖြစ်သူ ဒွာရီက ဒေဗီ သာကုရာနီ(Dwarika Devi Thakurani ) က ရွေးကောက်ခံအမတ် ဖြစ်လာပြီး ရာနာနဲ့ ခေတ်ပြိုင်အမျိုးသမီးနိုင်ငံရေး သမားတဦးဖြစ်လာပါတယ်။ ၁၉၅၉ ခုနှစ် ဇူလှိုင်မှာ ရာနာကို မဟာဆာဘာ လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြပါတယ်။  နောင်သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာတော့ သူမဟာ ကုလအထွေထွေညီလာ ခံကို နီပေါကိုယ်စားပြုသွားတက်ရပါတယ်။ ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်မှာတော့ သူမဟာ ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာကော်မရှင် (United Nations Commission on the Status of Women)ထဲမှာ ပါဝင်ခဲဲ့ပြီး ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအတွက် အသံတွေထုတ်ပေးခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကျား/မ တန်းတူရေးကိစ္စတွေမှာ နီပေါနိုင်ငံကို ကိုယ်စားပြုပြီး သူမရဲ့အသံဟာကျယ်လောင်လာခဲ့ပါတယ်။...

ဘင်္ဂလားဒေ့ရှ်တသီးပုဂ္ဂလအမျိုးသမီးအမတ်တိုက်ခိုက်ခံရ

နိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်ပါတယ် ။  အဲဒီလိုနိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ရဲ့ဇစ် မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစခဲ့တာပါ။ ပါကစ္စတန်ကိုအာခံတဲ့ ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှု(Bangali Language Movement)ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အ မျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲက စခဲ့တာလို့ ပြောလို့ရပါတယ်။  အဲဒါကြောင့် နိုင်ငံတကာမိခင်ဘာသာ စကားနေ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။  အဲဒီနေ့ကိုရောက်တိုင်း ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှုနဲ့အမျိုးသားလွတ် မြောက်ရေးမှာ အသက်ပေးသွားခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်း အဝိုင်းဟာ ဂါဝရပြုလွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ်ဖော်လေ့ရှိကြပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့၁၃ ကြိမ်မြောက်ဂျာတီယာဆန်ဆတ်(Jatiya Sangsad) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရတသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana)ဟာ ပြီးခဲ့တဲ့သောကြာနေ့ ည ၁၂ နာရီမှာ အာ ဇာနည်အထိမ်းအမှတ်နေရာ ဗဟိုရှာဟီဒ်မိနာ(Central Shaheed Minar)ကို သွားပြီး ဂါဝရပြုခဲ့ပါတယ်။ ဂျာတီယာဆန်ဆတ်(Jatiya Sangsad) ဆိုတာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုး သားလွှတ်တော်ပါလီမန်ကိုခေါ်တာပါ။ တသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာနဲ့ သူမကို ဝိုင်းရံထောက်ခံသူတွေဟာ အာဇာနည်အထိမ်းအမှတ်နေ ရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။ သူမတို့ဟာ အာဇာနည်အထိမ်းအမှတ်နေရာကို ရောက်တာနဲ့တပြိုင်နက် ဒေ သခံ BNP ပါတီဝင်တွေဟာ သူမကို ပစ်မှတ်ထားပြီး အော်ဟစ်ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူမကိုဝိုင်းရံသူတွေနဲ့ ဒေ သခံ BNP ပါတီဝင်တွေကြားမှာ စကားများခဲ့ကြပါတယ်။ သူမယူဆောင်လာတဲ့လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။  သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက်မရနိုင်တဲ့အခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိ မ်းအမှတ်နေရာက ပြန်လည်ထွက်ခွာခဲ့ရပါတော့တယ်။ "ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ" ပြဿနာရဲ့ဇစ်မြစ်ကဘင်္ဂလားဒေ့ရှ်ရဲ့ ပါတီနိုင်ငံရေးဇာတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။  အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင်တဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေး မှူးလုပ်ခဲ့သူပါ။ ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် သူမက ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ ဝင်ရောက်အရွေးချယ်ခံဖို့အ တွက် BNP ပါတီကို အမည်စာရင်းပေးခဲ့ပါတယ်။ BNP ဟာ ဂျမတ်အီအူလမာအီ အစ္စလာမ်ဘင်္ဂလားဒေ့ရှ် (Jamiat-e-Ulama-e-Islam Bangladesh)ပါတီနဲ့ မဟာမိတ် (Alliance Partner)ပြုထားပါတယ်။  သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီအစ္စလမ်အီဘင်္ဂလားဒေ့ရှ်ပါတီ ဝင်ဂျူနာယဒ်အဲလ်ဟာဘဘ် ( Junayed Al Habib)ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။  အဲဒီလို အဆိုပြုရတဲ့အတွက် သူမကို အမည်စာရင်းက ပယ်လိုက်ရပါတယ်။ ...

ဓာတ်ပုံ - အိန္ဒိယအစိုးရသတင်းပြန်ကြားရေးဌာန

​အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားလမ်းပိုင်းကိုဖွင့်လှစ်

​အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံရဲ့ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားကို ဖွင့်လှစ်ပေးလိုက်ပြီး Delhi–Meerut လမ်းပိုင်းကို နိုင်ငံအတွက် အပ်နှံပေးလိုက်တယ်ပြီလို့ အိန္ဒိယအစိုးရသတင်းပြန်ကြားရေးဌာန(PIB) က ထုတ်ပြန်ထားပါတယ်။ ​ဒါဟာ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံ ခေတ်သစ်တခုရဲ့ အစဖြစ်သလို ဒေသခံတွေရဲ့လူနေမှုဘဝကို ပိုပြီး ချောမွေ့အဆင်ပြေစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်အမြန်ရထားနဲ့ မက်ထရိုဝန်ဆောင်မှုတွေကို ပလက်ဖောင်းတခု၊လမ်းကြောင်းတခုတည်းကနေ ပူးပေါင်းပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာတာဟာ 'ဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယနိုင်ငံ'ဖြစ်လာဖို့အတွက် အဓိကစွမ်းအားစုတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

Photo - Al Jazeera

အာဖဂန်မှာအရပ်သားအများအပြားသေဆုံးခဲ့တာကြောင့် နှစ်နိုင်ငံတင်းမာမှုမြင့်တက်နေ

​အာဖဂန်နစ္စတန်နိုင်ငံ၊ အရှေ့ပိုင်း နန်ဂါဟာ (Nangarhar) နဲ့ ပက်တီကာ (Paktika) ပြည်နယ်တွေထဲကို ပါကစ္စတန်နိုင်ငံက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်အရပ်သား အများအပြားသေဆုံးခဲ့တယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နန်ဂါဟာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Sayed Tayeeb Hammad က "အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ အိမ်တလုံးတည်းမှာတင်မိသားစုဝင် ၂၃ ဦးရှိနေပြီး ၅ ဦးကိုတော့ဒဏ်ရာတွေနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်။"လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်တာဟာ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို တိုက်ရိုက်ထိမှန်ခဲ့တာဖြစ်တယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ​ပါကစ္စတန်နိုင်ငံဘက်ကတော့ သူတို့နယ်မြေအတွင်း တိုက်ခိုက်မှုတွေလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဖဂန်နယ်မြေကို အသုံးချနေတာကြောင့် တိုက်ခိုက်ရတာလို့ဆိုထားပေမယ့် အာဖဂန်အာဏာပိုင်တွေကတော့ ဒီစွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပါကစ္စတန်ရဲ့ လုပ်ရပ်အပေါ် "သင့်တော်ပြီး တွက်ချက်ထားတဲ့တုံ့ပြန်မှုမျိုး ပြုလုပ်သွားမယ်။"လို့ သတိပေး ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ပါကစ္စတန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် အာဖဂန်အရပ်သား ၇၀ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ​ကုလသမဂ္ဂအဖွဲ့ (UN) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီ ကာတာ၊ တူရကီနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးတာတွေရှိနေပေမယ့် နှစ်နိုင်ငံနယ်စပ်တွေ လပေါင်းများစွာပိတ်ထားရတာကြောင့် ဒေသခံတွေမှာ လူမှုစီးပွားအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Photo - People's Defense Force - Mandalay

​ငါးဇွန်မှာ စစ်ကော်မရှင်တပ်ရိက္ခာယာဉ်တန်းတိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး

​မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ထဲမှာ ဆုံရွကနေ ဆီမီးခုံမြို့ဘက်ကို လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ရိက္ခာယာဉ်တန်းကိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ People's Defense Force - Mandalay က ဖေဖော်ဝါရီလ ၂၂ ရက်၊မနေ့ကထုတ်ပြန်ထားပါတယ်။ ​စစ်ကော်မရှင်တပ်ရဲ အင်အားနှစ်ဆယ်ပါတဲ့ ယာဥ်တန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊မနက်ပိုင်းက မန္တလေးခရိုင် အမှတ် ၃ တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သလို၊ဆီမီးခုံဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ ပျူစောထီးနဲ့ ရဲ ၄ ဦးလည်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ အဲ​ဒီတိုက်ပွဲအတွင်း G3 သေနတ် ၂ လက်၊ ကာဘိုင် ၁ လက်၊ကင်းထောက်ဒရုန်း ၁ စီးနဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရရှိခဲ့ပေမယ့် မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲဒီစစ်ကော်မရှင်တပ်တွေကို မန္တလေး PDF နဲ့အတူ ဆီမီးခုံ PDF၊ SRF၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့ အပါအဝင် ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ICJရစ်သမ်နှင့်အက်ကြားအိုဟာမိုနီ – နိဂုံး

Border News Agencyမောင်တော၊ဖေဖော်ဝါရီ ၂၃။ ICJ စီရင်ချက်ထွက်လာပြီးနောက် ဘာဖြစ်လာမည်နည်း။ ICJ စီရင်ချက်က ဥပဒေကြောင်းအရ လွမ်းခြုံမှုရှိသည်။သို့သော် ICJ တွင် အရေးယူရန်ရဲတပ်ဖွဲ့မရှိပေ။ သို့သော် ICJ ၏အမိန့်ကို ထိုအမိန့်နှင့်သက်ဆိုင်သော နိုင်ငံတနိုင်ငံက မလိုက်နာပါက...

Page 26 of 142 1 25 26 27 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here