Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ သတင်း အမျိုးသမီးကဏ္ဍ

နီပေါနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ်ကွယ်လွန်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

နီပေါနိုင်ငံရဲ့ဒီမိုကရေစီခရီးကြမ်းအစောပိုင်းကာလမှာ အမျိုးသမီးအခွင့်အရေးအတွက်ဦးဆောင်လမ်းပြဖြစ်ခဲ့တဲ့ကာမဲလ်ရာနာ(Kamal Rana)ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

သူမကွယ်လွန်ချိန်မှာအသက်ကိုးဆယ်ရှစ်နှစ်အရွယ်ရှိနေပါပြီ။

သူမဟာ နိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်(National decision- making)တွေ ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာလည်း စွမ်းရည်ရှိတယ်ဆိုတဲ့ ယဉ် ကျေးမှုအစဉ်အလာတွေကို အာခံပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူမကို နီပေါနိုင်ငံတန်ဆင် (Tansen) မြူနီစီပယ်နယ်မြေမှာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

သူမရဲ့ အကိုဖြစ်သူ ရီရှီခက်ရှ် ရှား ( Rishikesh Shah)ဟာလည်း နီပေါနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။

သူမဟာ အရွယ်ရောက်လာတဲ့နောက်ပို င်းမှာ အဲဒီအချိန်တုန်းက နီပေါတော်ဝ င်မိသားစုဝင်တဦးဖြစ်သူ မင်းရှုမ်ရှာ ဂျေဘီရာနာ(Meen Shumsher J.B. Rana)ဆိုတဲ့ စစ်ဗိုလ်တဦးနဲ့လက်ထက်ခဲ့ပါတယ်။

သူမဟာ ထရိဘူဝမ်တက္ကသိုလ် ( Tribhuvan University)မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မဟာတန်းကို သင်ယူခဲ့ပါတယ်။

၁၉၅၁ ခုနှစ်မှာ နီပေါကွန်ကရက်ပါတီကဦးဆောင်ပြီး ဒီမိုကရေစီတောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။ 

ဒီမိုကရေစီစနစ်ကို ပိုသွားဖို့နဲ့ဘုရင်စန စ်ကို ကန့်သတ်ဖို့အတွက် နီပေါဘုရင်နဲ့ ကွန်ကရက်ပါတီကြားမှာ သဘောတူညီချက်တချို့ရလာပြီး နီပေါနိုင်ငံရဲ့အ ပြောင်းအလဲအချိုးအကွေ့ဖြစ်လာခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ ရာနာဟာ အမျိုးသမီးစေတနာဝန်ထမ်းအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။

သူမကို အမျိုးသားလွှတ်တော် (National Assembly)မှာ ဒုဥက္ကဌအ ဖြစ်ခန့်အပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ၁၉၅၈ ခုနှစ်မှ၁၉၅၉ ခုနှစ်ထိ သူမဟာ အကြံပေးအတိုင်ပင် ခံလွှတ်တော်(Advisory Assembly) မှာ တာဝန်ဆက်ထမ်းခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲအတည်ပြုကြပြီးဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်အရ နီပေါမှာ လွှတ်တော်နှစ်ရပ်စနစ်(Bicameral Parliament)ကို ကျင့်သုံးလာပါတယ်။ 

အဲဒီလွှတ်တော်နှစ်ရပ်မှာ လူထုရွေး ကောက်တင်မြောက်ထားတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်(House of Representatives)ဖြစ်ပြီးခန့်အပ်ခံရတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့အထက်လွှ တ်တော်မဟာဆဘာ( Maha Sabha (Senate))ဖြစ်ပါတယ်။ 

ရာနာကို ဘုရင် မဟင်ဒရာက မဟာဆဘာမှာ အဖွဲ့ဝင်အမတ်အဖြစ် ခန့်အပ်ခံရပါတယ်။

House of Representativesထဲမှာတော့ အမျိုးသမီးတဦးဖြစ်သူ ဒွာရီက ဒေဗီ သာကုရာနီ(Dwarika Devi Thakurani ) က ရွေးကောက်ခံအမတ် ဖြစ်လာပြီး ရာနာနဲ့ ခေတ်ပြိုင်အမျိုးသမီးနိုင်ငံရေး သမားတဦးဖြစ်လာပါတယ်။

၁၉၅၉ ခုနှစ် ဇူလှိုင်မှာ ရာနာကို မဟာဆာဘာ လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြပါတယ်။ 

နောင်သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာတော့ သူမဟာ ကုလအထွေထွေညီလာ ခံကို နီပေါကိုယ်စားပြုသွားတက်ရပါတယ်။

၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်မှာတော့ သူမဟာ ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာကော်မရှင် (United Nations Commission on the Status of Women)ထဲမှာ ပါဝင်ခဲဲ့ပြီး ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအတွက် အသံတွေထုတ်ပေးခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက ကျား/မ တန်းတူရေးကိစ္စတွေမှာ နီပေါနိုင်ငံကို ကိုယ်စားပြုပြီး သူမရဲ့အသံဟာကျယ်လောင်လာခဲ့ပါတယ်။

သူမရဲ့နီပေါနိုင်ငံဟာ နိုင်ငံရေးအချိုးအကွေ့တွေနဲ့ ပဋိပက္ခတွေများပါတယ်။

၁၉၈၀ ခုနှစ်မှာတော့ နီပေါနိုင်ငံရဲ့ အုပ် ချုပ်ရေးအစိုးရ ဖွဲ့စည်းပုံစနစ် ( system of government)ကို လူထုဆ န္ဒခံယူပွဲလုပ်ခဲ့ပါတယ်။

အဲဒီကနေတဆင့် ဘုရင်က လူပုဂ္ဂိုလ် ၁၂ ဦးပါတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကော်မရှင်ကိုဖွဲ့စည်းတဲ့အခါ အဲဒီကော်မရှင်ထဲမှာ သူမပါဝင်ခဲ့ပါတယ်။

သူမရဲ့ဘဝတလျှောက်လုံးဟာ လူမှုရေး၊ ဥပဒေပြုပြင်ပြောင်းလဲရေး၊အ မျိုးသမီးအခွင့်အရေးတွေနဲ့ပဲ လုံးခြာလည်နေခဲ့ပါတယ်။

အဲဒီအချက်ကပဲ အုပ်ချုပ်ရေးလိုမျိုး စီမံခန့်ခွဲမှုနယ်ပယ်တွေမှာ အမျိုးသမီးများမှာလည်း လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကို နီပေါလူ့အဖွဲ့အစည်းအတွင်း ပုံပေါ်ပြသလိုဖြစ်နေပါတယ်။

ကမဲလ်ရာနာက ဘဝတပါးကို ကူးသွားခဲ့ပါပြီ။

ဒါပေမယ့် သူမချန်ထားပေးခဲ့တဲ့အမွှေတွေက သူမတည်ဆောက်ခဲ့တဲ့၊ သူမပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေလောက်သာမဟုတ်ပါဘူး။

ခေါင်းဆောင်မှုစီမံခန့်ခွဲမှု၊ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့နယ်ပယ်တွေမှာအမျိုးသမီးတွေဟာလည်း အရည်အချင်းရှိရင် လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့အချ က်ကို မျိုးဆက်သစ်အမျိုးသမီးတွေအတွက် တံခါးဖွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

PrevPreviousဘင်္ဂလားဒေ့ရှ်တသီးပုဂ္ဂလအမျိုးသမီးအမတ်တိုက်ခိုက်ခံရ
Nextမောင်တောမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုတွေလုပ်Next
Previous Post

ဘင်္ဂလားဒေ့ရှ်တသီးပုဂ္ဂလအမျိုးသမီးအမတ်တိုက်ခိုက်ခံရ

Next Post

မောင်တောမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုတွေလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

March 12, 2026
Photo - KNU

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

March 12, 2026

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

AA လေ့ကျင့်ပေးတဲ့ SRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

Releated Post

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

March 12, 2026
Photo - KNU

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

March 12, 2026
ဓာတ်ပုံ - SRA

AA လေ့ကျင့်ပေးတဲ့ SRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

March 12, 2026
ဓာတ်ပုံ - KNU

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

March 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page