BNA Author

BNA Author

ကိုးကန့်မှာ စီးပွားရေးနဲ့အခွန်ကောက်ခံရေးသင်တန်းပြုလုပ်ခဲ့

Border News Agencyလောက်ကိုင်၊ ဩဂုတ် ၂၉။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထိန်းချုပ်နယ်မြေမှာ စီးပွားရေးနဲ့အခွန်ကောက်ခံရေးသင်တန်းပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၂၉ရက်၊ ဒီ​နေ့ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းကို သင်တန်းသားသုံးဆယ်ကိုးဦးက သင်ယူလေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသင်တန်းမှာ ဘဏ္ဍာရေးနဲ့အခွန်အခနယ်ပယ်ဆိုင်ရာအထူးဒေသကုန်သွယ်ရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် "ဘဏ္ဍာရေးအခြေခံ" ခိုင်မာစေဖို့ရွယ်ရည်တယ်လို့ဆိုပါတယ်။ အဲဒီသင်တန်းကို MNTJP...

မြောက်ဦးမှာ ကလေးသူငယ်တွေဗုံးကြဲခံရမှုအပေါ် အလွန်စိုးရိမ်ပူပန်ရကြော င်း UNICEF ပြော

Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၉။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့မှာ ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်လေကြော င်းတိုက်ခိုက်လို့ ကလေးသူငယ်တွေသေဆုံးဒဏ်ရာရပြီး နေအိမ်တွေပျက် စီးခဲ့ရတဲ့သတင်းတွေကြောင့် အလွန်အ မင်းစိုးရိမ်ပူပန်ရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဆိုပါတယ်။...

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အခြေခံစစ်သင်တန်းဆင်းပွဲ

Border News Agencyမန္တလေး၊ သြဂုတ် ၂၉။ မန္တလေးတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေတပ်မတော် "TRI" ဗျူဟာ၊ (ဗျူဟာအမှတ် ၉၃ )အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၂၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ဒီသင်တန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI"...

Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်ရေတပ်လက်နက်ကြီးပစ်လို့တဦးဒဏ်ရာရ

Border News Agencyကျောက်ဖြူ၊ သြဂုတ် ၂၈။ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘောင်ကြီးရွာကို သြဂုတ်လ ၂၇ ရက်နေ့က စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောကလက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရရှိသွားပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘောင်ကြီးရွာမှာကျရောက်ပေါက်ကွဲပြီးအသက်ငါးဆယ်တနှစ်အရွယ်ဦးမင်းမင်းကြီးမှာ ဦးခေါင်းနဲ့ဘယ်ဖက်တင်ပါးမှာဒဏ်ရာရရှိသွားတာပါ။ အဲဒီအပြင် သူရဲ့နေအိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောဟာ ဇင်ချောင်းရွာအောက်ဖက်ပင်လယ်ပြင်မှလက်နက်ကြီးတွေပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။...

ကလေးခရိုင်ကွပ်ကွဲရေးစစ်သင်တန်းဆင်းပွဲ

Border News Agencyစစ်ကိုင်း၊ဩဂုတ် ၂၈။ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်ကွပ်ကွဲရေးစစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ ပကဖအသံမှာ သြဂုတ်လ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်သင်တန်းကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းတွေနဲ့ မင်းကင်းမြို့နယ်ပကဖရဲဘော်တွေကပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီသင်တန်းဆင်းပွဲကိုမင်းကင်းမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်မှာ စစ်အုပ်စုကြောင့် တလနီးပါးအတွင်း အရပ်သား ၁၈ ဦးသေဆုံး

Border News Agencyစစ်တွေ၊ ဩဂုတ် ၂၈။ အာရက္ခဒေသမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၇ နေ့ထိ စစ်အုပ်စုလက်ချက်ကြောင့် အရပ်သား ၁၈ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးရသူတွေဟာ စစ်တွေမှာ ၁ ဦး၊ ကျောက်ဖြူမှာ...

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ စစ်ကော်မရှင်တပ်အရာရှိတချို့သေဆုံး

Border News Agencyပဲခူး၊သြဂုတ် ၂၈။ ပဲခူးတိုင်း၊တောင်ငူအခြေစိုက် စစ်ကော် မရှင်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်ကို ရှော့တိုက်ဒုံးငါးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) မှ သြဂုတ်လ ၂၈ ရက်၊ဒီနေ့ ဗီဒီယိုထုတ်ပြန်ပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို...

ဓာတ်ပုံ - စစ်ကော်မရှင်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကိုဒုတိယအကြိမ်သွားမယ်

Border News Agencyနေပြည်တော်၊ ဩဂုတ် ၂၈။ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကြာမီရက်ပိုင်းတရုတ်နိုင်ငံကိုသွားရောက်ပြီး တရုတ်သမ္မတရှီကျင့်ဖျန်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင် MRTV ရုပ်သံမှာ ဩဂုတ်လ ၂၈ ရက် ဒီနေ့ကြေညာပါတယ်။ တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။...

ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ကအရပ်သားနှစ်ဦးသတ်ဖြတ်ပြီး နေအိမ်ခုနှစ်ဆယ်ကျော်မီးရှို့

Border News Agencyကရင်ပြည်၊ သြဂုတ် ၂၈။ ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က အရပ်သားနှစ်ဦးကိုလည်လှီးသတ် ဖြတ်ခဲ့ပြီး နေအိမ်ခုနှစ်ဆယ်ခြောက်လုံးမီးရှုံ့ဖျက်စီးခဲ့တယ်လို့ ကေအဲန်ယူ - မြိတ်ထားဝယ်ခရိုင်မှ သြဂုတ်လ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကစယ်ဒိုမြို့နယ်တောင်ပျောက်‌ကျေးရွာအုပ်စုအတွင်းဩဂုတ်လ ၂၅...

(ဓာတ်ပုံ - စစ်ကော်မရှင်ရေတပ်စစ်သ င်္ဘောကြီး မယူမြစ်ထဲမှာတွေ့ရပုံ / BNA)

စစ်တွေမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်ကြား ပစ်ခတ်မှုတွေရှိနေ

Border News Agencyပုဏ္ဏားကျွန်း၊ဩဂုတ် ၂၇။ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကော်မရှင်တပ်ကြား နှစ်ဖက်ရင်ဆိုင်ပစ်ခတ်နေကြသလို လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီစစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာဝန်းကျင်မှာ ဩဂုတ် ၂၆ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့သလို...

Page 97 of 134 1 96 97 98 134

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here