Border News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဓားနက်ခုတ်ကြည့်ရာမှာ ပေါက်ကွဲလို့ အရပ်သားမူဆလင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီ သေဆုံးခဲ့သူတွေမှာ မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအာဒူလာမိန်၊ တန်းဆိပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမာ့မာတ်ယေနာ (ခ) မာ့အိုင်ရ်နက်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေအချိန်က မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးက ခုတ်ထားတဲ့ထင်းကိုသွားယူရာ စစ်ကျန်ဗုံးကိုတွေ့ကာ ဓားနဲ့ခုတ်မိရာကနေ ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီအပြင်ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရ ထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreအာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
Read moreအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယာဉ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။ ဒီလုပ်ငန်းစဉ်ကို DLEPS တပ်ဖွဲ့ဝင်တွေနဲ့ ULA/AA အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြို့ပေါ်က လမ်းဆုံလမ်းခွတွေ၊ဈေးတွေနဲ့ ကားဂိတ်၊ ဆိပ်ကမ်းတွေမှာ အသိပညာပေး ဗီနိုင်းတွေစိုက်ထူတာ၊ စာစောင်ဝေတာတွေ လုပ်ဆောင်နေတာပါ။ အဓိကကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ယာဉ်စည်းကမ်း ၁၀ချက်နဲ့ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်း ၁၉ ချက်ကို ပြည်သူတွေ သိရှိလိုက်နာဖို့အတွက် ကြပ်မတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူတွေဘေးကင်းလုံခြုံစေဖို့အတွက် လမ်းမတွေပေါ်မှာ ယာဉ်ကြောရှင်းလင်းတာနဲ့ အသိပညာပေးတာတွေကို အခုလို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ကျောက်တော်မြို့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ "နှစ်လုံးချတာပဲ ကြားရတယ်။ ည ၉ နာရီ ၂၅ မိနစ်လောက်မှ လေယာဉ်ပြန်ထွက်သွားတာ။ ဗုံးခိုကျင်းမရှိတော့ ကြောက်လွန်းလို့ကုတင်အောက်တွေမှာပဲ ဝင်ပုန်းနေကြရတယ်။" လို့ မြောက်ဦးဒေသခံတဦးက Border News Agency ကိုပြောပါတယ်။ လက်ရှိမှာ လေယာဉ်ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ထပ်ပြီးတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး ထိတ်လန့်နေကြရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
Read moreBorder News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်၊ လေးမြို့မြစ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ကလေးငယ်တဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ ဆပ်ကျာ (မူဆလင်) ကျေးရွာမှ ဦးအာဘူလုရဲ့သား အသက်ရှစ်နှစ်အရွယ် မာမတ်ခါးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဆပ်ကျာ (မူဆလင်) ကျေးရွာနေ မာမတ်ခါးဟာ မိဘတွေအလုပ်သွားနေချိန် ရွာအရှေ့ဘက်ရှိ လေးမြို့မြစ်ကမ်းစပ်မှာ တဦးတည်းရေချိုးနေချိန် ရေနစ်မြုပ်သွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ ရေနစ်မြုပ်သွားပြီးနောက် ဒေသခံတွေချက်ချင်းရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပေမယ့် မာမတ်ခါးကို အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ရေနစ်သေဆုံးသွားတဲ့ မာမတ်ခါးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းမှာမိသားစုဝင်တွေနဲ့ ရွာသားတွေကသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့ပါတယ်။ အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ရေနစ်သေဆုံးခဲ့တာပါ။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။ အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။
Read moreမြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။
Read moreHey! Don't Copy my content.