မြောက်ဦးခရိုင်

အာရက္ခအောင်ပွဲတွေကြား အရေးယူဖို့လိုနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ

မင်းသုရေးပါတယ်။ Border News Agencyမြောက်ဦး၊စက်တင်ဘာ ၈။ ​စစ်ပွဲရဲ့မီးဟုန်းဟုန်းတောက်လောင်နေတဲ့အရိပ်မည်းအောက်မှာ စစ်ဘေးနဲ့ဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံနေကြရတဲ့အထဲကအရဲရင့်ဆုံး၊ အလွယ်ကူဆုံးသားကောင်ဖြစ်နေကြရသူတွေကတော့ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေပဲဖြစ်ပါတယ်။ အာရက္ခဒေသစစ်ရေးနဲ့အုပ်ချုပ်ရေးအပြောင်းအလဲတွေကြားမှာ တရားဥပဒေစိုးမိုးမှုလစ်ဟာနေချိန်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊အဓမ္မပြုကျင့်မှုတွေနဲ့သတ်ဖြတ်မှုတွေဟာ တနေ့ထက်တနေ့ပိုဆိုးအမြစ်တွယ်လာနေပါတယ်။ ​၂၀၂၆ ခုနှစ်၊ဇန်နဝါရီလမှ ဩဂုတ်လထိရှစ်လတာကာလအတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေမှာ မုဒိမ်းမှုနဲ့သက်ငယ်မုဒိမ်းမှုအနည်းဆုံးဆယ့်လေးခုရှိခဲ့ပါတယ်။...

Read more

​ဒက်စတိုပီယန်းဘဝတွေ – ၇

Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၈။ အာရက္ခဒေသရဲ့လူမှုစီးပွားဘဝနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကိုကြည့်တဲ့အခါ အဲဒီလူမှုစီးပွားဘဝအကျပ်အတည်းဒုက္ခတွေကို အုပ်ချုပ်သူတွေကပြန်အမြတ်ထုတ်အသုံးချပြီး လူထုလည်မြိုကိုဆောင့်နင်းနေတာကိုတွေ့ရမှာပါ။ ​အာဏာသိမ်းစစ်တပ်ကတော့ ဖြတ်လေးဖြတ်ဗျူဟာနဲ့လူထုကိုပါ အစုလိုက်အပြုံလိုက်ပြစ်ဒဏ်ပေးထားပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြသူတွေဆီကိုမရောက်အောင်တားဆီးကန့်သတ်ထားသလို အရပ်ဘက်၊စစ်ဘက်မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပါတယ်။ ​ULA/AAက အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့ဥပဒေမဲ့မှုတွေကိုအကြောင်းပြပြီး သူရဲ့နိုင်ငံရေးအာဂျင်ဒါအတွက်...

Read more

မြောက်ဦးမြို့နယ် ကုလားပုန်းကျွန်းက ရေနစ်လယ်သမားတွေ အကူအညီလိုနေ

​Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ကုလားပုန်းတာတမံဟာ သြဂုတ်လ နောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းလို့ ရေတံခါးကတဆင့် မြစ်ရေဝင်ရောက်ခဲ့တာကြောင့် စပါးခင်းဧကတထောင်ကျော် ပျက်စီးသွားခဲ့တယ်လို့ လယ်သမားတွေကဆိုကြပါတယ်။ ​အဲဒီကုလားပုန်းတာတမံမှာ မိုးစပါးစိုက်ဧကရှစ်ထောင်ခုနှစ်ရာငါးဆယ်ခန့်ရှိပြီး တာတမံအတွင်းနတ်ချောင်းရွာဟောင်း၊နတ်ချောင်းရွာသစ်၊ဂျင်ချေ၊ညောင်ပင်လယ်နဲ့ဇီးပင်ကြီးစတဲ့ ကျေးရွာငါးရွာရှိနေပါတယ်။ ​"ပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးပတ်မှာ...

Read more

မြောက်ဦးကုလားပုန်းတာတမံရေဝင်ရောက်လို့ စပါးခင်းဧကတထောင်ကျော်ပျက်စီး

​Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ကုလားပုန်းတာတမံဟာ မိုးအဆက်မပြတ် ရွာသွန်းချိန် ရေတံခါးကတဆင့် မြစ်ရေဝင်ရောက်ခဲ့တာကြောင့် စပါးခင်းဧကတထောင်ကျော်ပျက်စီးသွားခဲ့ပါတယ်။ ​အဲဒီစပါးခင်းတွေပျက်စီးမှုဟာ ရေတံခါးမှာ ငါးပုဇွန်ဖမ်းသူတချို့က မြစ်ရေသွင်းခဲ့တာကြောင့်ဖြစ်ပြီး တိုက်နယ်ပါတီဥက္ကဋ္ဌရဲ့ကွင်းဆင်းမှာကြားမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့ကစလို့...

Read more

​ဒက်စတိုပီယန်းဘဝတွေ – ၆

Border News Agencyမြောက်ဦး၊ သြဂုတ် ၇။ အာရက္ခဒေသရဲ့စီးပွားရေးပြိုလဲမှုတွေဟာ လူမျိုးစုဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပြီး အာရက္ခဒေသရဲ့သရုပ်လက္ခဏာမတူသူတွေကို ထိခိုက်မှုတွေရှိနေသလို လူ့အဖွဲ့အစည်းအတွင်း ဆက်ဆံရေးတွေဟာလည်း အရင်ကထက်ပိုပြီးစိုးရိမ်စရာတွေရှိလာနိုင်တယ်လို့ UNDP က သတိပေးထားပါတယ်။ အဲဒီပဋိပက္ခအခြေအနေတွေ ပိုဆိုးလာတာနဲ့အရင်းအမြစ်တွေ၊အခွင့်အလမ်းတွေလည်း ပျောက်ကွယ်သွားပြီဖြစ်သလို ဒါတွေဟာ...

Read more

လိုင်စင်မရှိဘဲတရားမဝင်လူပို့ပေးတဲ့ အမျိုးသမီးနှစ်ဦးကို ဒီလပ်အမှုဖွင့်အရေးယူ

​Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၆။ ​မြောက်ဦးမြို့နယ်နဲ့ပလက်ဝမြို့နယ်မှ ပြည်ပသို့အလုပ်လုပ်ဖို့အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်လူပို့ပေးနေတဲ့ အမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက ဩဂုတ်လ ၃၀ ရက်နေ့မှာ အမှုဖွင့်အရေးယူထားပါတယ်။ ​အဲဒီပြစ်မှုကျူးလွန်သူတွေမှာ မြောက်ဦးမြို့နယ်အိုးထိမ်းကျေးရွာမှ အသက်သုံးဆယ်အရွယ်ယဉ်ယဉ်ဝင်းနဲ့ပလက်ဝမြို့နယ်၊ဟုန်းကျေးရွာမှ...

Read more

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

​Border News Agencyကျောက်တော်၊ စက်တင်ဘာ ၆။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ အသက်ဆယ့်လေးနှစ်အရွယ် မိန်းကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အသက်ငါးဆယ်ငါးနှစ်အရွယ် ဦးမောင်အေးလှကို မြောက်ဦးအထူးတရားရုံးကအလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်သုံးဆယ်ချမှတ်လိုက်ပါတယ်။ ​အဲဒီအမှုကို မြောက်ဦးအထူးတရားရုံးက စက်တင်ဘာလ ၅ ရက်နေ့မှာစစ်ဆေးပြီးနောက် တရားခံဦးမောင်အေးလှကို...

Read more

ဒက်စတိုပီယန်းဘဝတွေ – ၅

Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၆။ ​နိုင်ငံရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ်၊လူမှုရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ်၊လက်နက်ကိုင်တော်လှန်ရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ် တချို့ဟာ လူထုချစ်ခင်မှု၊လူထုကိုဗဟိုပြုမှုဆိုတာတွေထက် လူထုဆီကကြောက်ရွံ့ခန့်ညားမှုကို(Fear Over Love)အလုပ်ဖြစ်တယ်လို့ ထင်မြင်လာတာကို ပြန်သုံးသပ်စရာဖြစ်လာပါတယ်။ ဘာကြောင့်ဒီလိုလုပ်ကြလဲဆိုရင် အဖြေက ဖြတ်လမ်းနည်းကိုသုံးချင်လို့ပါလို့ပဲဖြေရမှာပါ။ မူဝါဒပိုင်းအရကို လူထုအကျိုးစီးပွားနဲ့ တထပ်တည်းကျတဲ့လုပ်ရပ်ကို မလုပ်နိုင်တဲ့အခါ...

Read more

​ဒက်စတိုပီယန်းဘဝတွေ- ၄

Border News Agencyမြောက်ဦး၊စက်တင်ဘာ ၅။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကြီးဟာ ဘေးကင်းလုံခြုံမှုကင်းမဲ့မှုနဲ့ စီးပွားရေးပြိုလဲရပ်ဆိုင်းသွားတဲ့ပြဿနာပါ။ အဲဒီဘေးကင်းလုံခြုံမှုကင်းမဲ့မှုနဲ့ စီးပွားရေးပြိုလဲရပ်ဆိုင်းမှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ကြည်း၊ရေ၊လေထိုးစစ်နဲ့ဖြတ်လေးဖြတ်ဗျူဟာတွေကြောင့်ဖြစ်ပါတယ်။ အာရက္ခဒေသကိုထိန်းချုပ်ထားသူတွေရဲ့ ကိုင်တွယ်ပုံနဲ့တင်းကျပ်ကန့်သတ်မှုတွေကြောင့်လည်းပါပါတယ်။ အဲဒီအရင်းခံပြဿနာဟာ နိုင်ငံရေးပြဿနာအပေါ်မှာ အခြေခံဖြစ်လာတာပါ။​စစ်ပုံသွင်းမှုနဲ့ဖိစီးမှုတွေ ​စစ်ပွဲတွေဟာ အရာအားလုံးကိုဝါးမြိုပါတယ်။ နိုင်ငံရေးအရလှုပ်ရှားဖို့ နယ်ပယ်ကျဉ်းလာလေ...

Read more

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

​Border News Agencyကျောက်တော်၊ စက်တင်ဘာ ၅။ ​အသက်မပြည့်သေးဘဲ မိမိသဘောထားဆန္ဒအရစစ်မှုထမ်းဖို့လာတဲ့ အသက်ဆယ့်သုံးနှစ်အရွယ်ကျောင်းသားလူငယ်တဦးကို အာရက္ခတပ်တော်(AA)က စက်တင်ဘာ ၄ ရက်နေ့မှာ မိဘတွေဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။ အဲဒီကျောက်တော်မြို့နယ်၊လမ်းမတော်ကျေးရွာမှ Grade-7 သင်ယူနေတဲ့ မောင်ဝေယံမင်းဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၂၅...

Read more
Page 3 of 65 1 2 3 4 65

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here