Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အာရက္ခအောင်ပွဲတွေကြား အရေးယူဖို့လိုနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

မင်းသုရေးပါတယ်။

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၈။

​စစ်ပွဲရဲ့မီးဟုန်းဟုန်းတောက်လောင်နေတဲ့အရိပ်မည်းအောက်မှာ စစ်ဘေးနဲ့ဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံနေကြရတဲ့အထဲကအရဲရင့်ဆုံး၊ အလွယ်ကူဆုံးသားကောင်ဖြစ်နေကြရသူတွေကတော့ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေပဲဖြစ်ပါတယ်။

အာရက္ခဒေသစစ်ရေးနဲ့အုပ်ချုပ်ရေးအပြောင်းအလဲတွေကြားမှာ တရားဥပဒေစိုးမိုးမှုလစ်ဟာနေချိန်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊အဓမ္မပြုကျင့်မှုတွေနဲ့သတ်ဖြတ်မှုတွေဟာ တနေ့ထက်တနေ့ပိုဆိုးအမြစ်တွယ်လာနေပါတယ်။

​၂၀၂၆ ခုနှစ်၊ဇန်နဝါရီလမှ ဩဂုတ်လထိရှစ်လတာကာလအတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေမှာ မုဒိမ်းမှုနဲ့သက်ငယ်မုဒိမ်းမှုအနည်းဆုံးဆယ့်လေးခုရှိခဲ့ပါတယ်။

အဲဒီစာရင်းအချက်အလက်တွေကိုကြည့်ရင် မြေပြင်မှာအမျိုးသမီးတွေလုံခြုံမှုဘယ်လောက်ထိ ကင်းမဲ့နေသလဲဆိုတာလက်တွေ့ပြသနေပါတယ်။

အသက်နှစ်နှစ်၊လေးနှစ်၊ခြောက်နှစ်၊ရှစ်နှစ်အရွယ်မှဆယ့်သုံးနှစ်၊ဆယ့်ခြောက်နှစ်နဲ့ဆယ့်ခုနှစ်နှစ်အရွယ်ကလေးငယ်တွေ၊မိန်းကလေးငယ်တွေအပေါ် အဓမ္မ ပြုကျင့်မှုတွေဟာ မိသားစုတွေရဲ့ရင်ကိုနင်းရာရောက်နေပါတယ်။

အဲဒီထဲမှာပိုရင်နာစရာကောင်းတာကသက်ကြီးရွယ်အိုတွေနဲ့ပတ်ဝန်းကျင်က လူအများအားကိုးရတဲ့သက်ကြီးတွေကပါ ကျူးလွန်သူတွေဖြစ်နေကြတာပါ။

အဲဒီမောင်တောမြို့နယ်၊အောင်သုခရွာမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်နေ့ကနေအိမ်အတွင်းကစားနေတဲ့ အသက်ခြောက်နှစ်အရွယ်မိန်းကလေးငယ်ကို အသက်ငါးဆယ်အရွယ်အိမ်နီးချင်းဦးလှသန်းဆိုသူက အဓမ္မပြုကျင့်ခဲ့ပါတယ်။

အဲဒီအပြင်မတ်လ ၁၆ ရက်နေ့မှာလည်းအဲဒီရွာမှာပဲ အသက်နှစ်နှစ်ကျော်အရွယ်ကလေးငယ်ကို အသက်ဆယ့်ခုနှစ်နှစ်အရွယ်မောင်ပေါက်စချေဆိုသူကအဓမ္မပြုကျင့်သတ်ဖြတ်ပြီး ဂုန်နီအိတ်နဲ့အလောင်းဖျောက်ဖို့ကြံစည်ခဲ့တဲ့ ရက်စက်လှတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

နောက်ပြီးမြောက်ဦးမြို့၊တေဇရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာအသက်ငါးဆယ်ခြောက်နှစ်အရွယ် ကျောင်းဆရာဦးမောင်ငယ်ဆိုသူက အသက်ခြောက်နှစ်မှရှစ်နှစ်အရွယ်ကလေးငယ်လေးဦးကို မုဒိမ်းပြုကျင့်ဖို့အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။

​သံတွဲမြို့နယ်၊ငပလီမှာလည်း မသန်စွမ်းအမျိုးသမီးတဦးနဲ့မေလ ၁ ရက်က ဂွမြို့နယ်၊ကြွီချိုင်ကျေးရွာမှာအသက်နှစ်ဆယ့်ငါးနှစ်အရွယ်မသန်စွမ်းအမျိုးသမီးကို င/အောင်နဲ့ စည်သူဝင်းဆိုသူတို့က အဓမ္မပြုကျင့်ခဲ့ကြပါတယ်။

အဲဒီအပြင်မြောက်ဦးမြို့နယ်၊ပေါက်ပင်ကွင်းကျေးရွာမှာ သြဂုတ်လ ၁၇ ရက်နေ့ကလည်း ကိုယ်ဝန်ကိုးလရှိတဲ့အမျိုးသမီးကို တရွာတည်းနေဇော်မင်းထွန်းဆိုသူက အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို အကြမ်းဖက်ပြီး အဓမ္မပြုကျင့်ဖို့ကြိုးစားတာဟာဖြစ်မြောက်သွားသည်ဖြစ်စေ၊မမြောက်သည်ဖြစ်စေပြစ်မှုမြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသမီးတွေကဆိုကြပါတယ်။

အဲ​ဒီလိုကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်မပေးနိုင်ရင် ပတ်ဝန်းကျင်မှာခုလိုမျိုးပြစ်မှုတွေပိုများလာနိုင်တယ်လို့ ခံရသူတွေထောက်ပြကြပါတယ်။

အဲဒီလိုအဖြစ်ဆိုးတွေခဏခဏဖြစ်လာရင် အမျိုးသမီးတွေဟာ အမျိုးသား ဒါမှမဟုတ် မိသားစုဝင်တွေဘေးနားမှာရှိနေရင်တောင်မှ မိမိတို့အိမ်ဝန်းထဲမှာတင် လုံခြုံမှုမရှိတော့တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့လည်း အမျိုးသမီးတွေကစိုးရိမ်တကြီးနဲ့ဆိုပါတယ်။

“ဒီကိစ္စက လက်ခံဖို့ခက်ပါတယ်။အဓမ္မပြုကျင့်မှုမြောက်သည်ဖြစ်စေ၊မမြောက်သည်ဖြစ်စေကိုယ်ဝန်ဆောင်တဦးကို အကြမ်းဖက်ပြီး အဓမ္မပြုကျင့်ဖို့လုပ်တယ်ဆိုတည်းက ဒီလူဟာပြစ်မှုမြောက်နေပါပြီ။ဒီလိုလူမျိုးကို ပြစ်ဒဏ်တစုံတရာကျခံနိုင်အောင်မလုပ်နိုင်ဘူးဆိုရင် ဒီလိုလူတွေကပတ်ဝန်းကျင်မှာ ပိုများလာနိုင်တာပေါ့။ဒီလိုလူတွေများလာရင် အခုကိုယ်ဝန်ဆောင်အမျိုးသမီးလိုမျိုး တခြားအမျိုးသမီးတွေဟာလည်းပဲ ကိုယ့်အိမ်ဝန်းထဲမှာ ကိုယ့်လင်ယောက်ျားဘေးနားမှာရှိရင်တောင် လုံခြုံမှုကိုမခံစားရနိုင်တဲ့အခြေအနေတွေပိုများလာတော့မှာပါ”။လို့ မြောက်ဦးမြို့ခံအမျိုးသမီးတဦးက ထောက်ပြပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်တွေဟာ ဖြစ်စဉ်အများစုမှာကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာကိုတွေ့ရပေမယ့် ဖမ်းဆီးရမိပြီးနောက်ပြန်လွတ်မြောက်သွားတာ ဒါမှမဟုတ် အမှုကြန့်ကြာနေတာတွေက အာရက္ခပြည်သူတွေကြားစိုးရိမ်မှုမြင့်တက်စေပါတယ်။

အဲဒီအပြင် မတ်လ ၃ ရက်နေ့က ပေါက်တောမြို့နယ်၊ဖဒူချေကျေးရွာက အသက်ရှစ်နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူဦးထွန်းအောင်ချေကို ဖမ်းဆီးခဲ့ပေမယ့် ပြန်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နောက်ပြီးမေလ ၁၇ ရက်နေ့ကလည်း မောင်တောမှာဖြစ်ခဲ့တဲ့ အသက်နှစ်နှစ်ကျော်ကလေးငယ်အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုမှာ ကြံရာပါမိခင်ဖြစ်သူဒေါ်လှမြသန်းပြန်လည်လွတ်မြောက်လာခဲ့တာကြောင့် နစ်နာသူမိသားစုတွေကိုမကျေမနပ်ဖြစ်စေခဲ့ပါတယ်။

​လူထုကြားရင်နင့်စရာဖြစ်ခဲ့ရတဲ့ မင်းပြားမြို့နယ်၊ဖားပြိုကျေးရွာက အသက်ကိုး​နှစ်အရွယ် မိန်းကလေးငယ်ကိုအသက်သုံးဆယ်ရှစ်နှစ်အရွယ်ဦးမောင်လှသန်းဆိုသူက အဓမ္မပြုကျင့်သတ်ဖြတ်ပြီးရုပ်အလောင်းကို သစ်ပင်မှာကြိုးဆွဲချထားခဲ့တဲ့အမှုမှာတနှစ်နဲ့ငါးလကျော်ကြာမြင့်လာပြီဖြစ်ပေမယ့် ဒီနေ့ထိ တရားမျှတမှု မရရှိသေးပါဘူး။

အဲဒီလိုကျူးလွန်သူကိုယ်တိုင် တရားခွင်မှာဝန်ခံထားပြီး သက်သေတွေစစ်ဆေးပြီးဖြစ်ပေမယ့် ပြစ်ဒဏ်အတည်မပြုနိုင်သေးတာဟာ နစ်နာသူမိသားစုအတွက်သာမကဘဲ ဒေသခံလူထုတရပ်လုံးအတွက် တရားဥပဒေအကာအကွယ်မဲ့နေတယ်ဆိုတဲ့ ခံစားချက်ကိုပိုမိုခိုင်မာစေပါတယ်။

တရားမျှတမှုကြန့်ကြာနေတာနဲ့ပတ်သက်လို့ အာရက္ခပြည်သူတွေဝေဖန်ပြောဆိုမှုတွေ ကျယ်လောက်နေပါတယ်။

​”တရားခွင်မှာကျူးလွန်သူကိုယ်တိုင်က သူလုပ်ခဲ့တာပါလို့ထွက်ဆိုထားပြီးပြီ။ သက်သေတွေကိုစစ်တာရော၊ကျူးလွန်သူကို စစ်တာရောအားလုံးလည်းပြီးစီးနေပြီ။ဒါပေမယ့် အချိန်တွေသာတ နှစ်နဲ့ငါးလကျော်ကြာသွားတယ်။အခုထိတရားမျှတမှုမရသေးပါဘူး”။လို့နစ်နာသူမိသားစုဝင်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရီးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ဟာ တရားမျှတမှုရရှိရေးအတွက်ကြိုးပမ်းမှုတွေရှိပေမယ့် မြေပြင်မှာ အားနည်းချက်တွေရှိနေတာကိုတော့ ငြင်းဆိုလို့မရပါဘူး။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်မှာ ဇူလိုင်လက အမျိုးသမီးတဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ မောင်တင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်နဲ့ ကျန်နှစ်ဦးကို ထောင်ဒဏ်နှစ်နှစ်ဆယ်ချမှတ်ခဲ့တဲ့အမိန့်မျိုးရှိခဲ့ပေမယ့်တခြား အမှုတွေမှာပြစ်ဒဏ်ချမှတ်မှုကြန့်ကြာနေတာက အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရာဇဝတ်မှုကျူးလွန်လိုသူတွေအတွက် ဟန့်တားမှုမဖြစ်စေဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုဖမ်းဆီးခံရသူ ဒါမှမဟုတ် ကြံရာပါတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပြန်လည်လွတ်မြောက်လာတာဟာ နစ်နာသူမိသားစုတွေရဲ့လုံခြုံရေးကိုခြိမ်းခြောက်နေပြီး ပြည်သူတွေရဲ့တရားဥပဒေအပေါ် ယုံကြည်မှုကိုကျဆင်းစေပါတယ်။

စစ်ပွဲကာလဖြစ်တယ်လို့ အကြောင်းပြချက်ပေးနိုင်ပေမယ့် သက်ငယ်မုဒိမ်းနဲ့မုဒိမ်းမှုတွေကို သာမန်ပြစ်မှုတွေလိုသဘောမထားဘဲ အထူးအလေးပေးကိုင် တွယ်ဖို့ လိုအပ်နေပါတယ်။

စစ်ပွဲကာလဖြစ်နေပေမယ့် အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ဥပဒေအရထိထိရောက်ရောက်အရေးယူပေးကြဖို့တောင်းဆိုနေ​ကြပါတယ်။

“စစ်ပွဲရဲ့ဖိစီးမှုတွေနဲ့အုပ်ချုပ်ရေးအကူးအပြောင်းကာလ တရားဥပဒေစိုးမိုးမှုလစ်ဟာချက်တွေကိုအခွင့်ကောင်းယူပြီး အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တာဟာ လူ့အသိုင်းအဝိုင်းတခုလုံးရဲ့ လုံခြုံရေးကိုစိန်ခေါ်နေတာပါ။စစ်ရေးအရှိန်အဟုန်မြင့်နေချိန်မှာဒါတွေကို ပေါ့ပေါ့ဆဆသဘောထားလို့မရပါဘူး။ကျူးလွန်သူတွေကို ပြတ်ပြတ်သားသားထိရောက်စွာမအရေးယူနိုင်ရင် အမျိုးသမီးတွေအတွက် ဘယ်နေရာမှလုံခြုံမှုမရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်သွားပါလိမ့်မယ်။”လို့ အမျိုးသမီးအရေးလှုပ်ရှားသူတဦးက ဝေဖန်ထောက်ပြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိမ်းမှု၊အဓမ္မပြုကျင့်လူသတ်မှုနဲ့လူသတ်မှုတွေလို ပြစ်မှုကြီးတွေကိုကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့အတွက် အထူးတရားရုံးဖွဲ့စည်းထားတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင်ပြောဆိုထားပါတယ်။

အဲဒီအထူးတရားရုံးကို ဩဂုတ်လကစတင်ဖွဲ့စည်းထားတာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊သက်ငယ်မုဒိမ်းမှု၊အဓမ္မပြုကျင့်မှုနဲ့လူသတ်မှုကျူးလွန်သူတွေကို ထိုက်တန်တဲ့ပြစ်ဒဏ်တွေအမြန်ဆုံးချမှတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

အဲဒီသက်ငယ်မုဒိမ်းမှုကြိုတင်ကာကွယ်တားဆီးရေးနဲ့လျော့ကျပပျောက်ရေးကို အထူးအလေးထားဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဆိုပါတယ်။

​”အာရက္ခတပ်တော်ရဲ့တရားရေးဌာနအနေနဲ့ကလေးတွေအပေါ် ကျူးလွန်နေတဲ့ ဘယ်ရာဇဝတ်မှုကိုမဆို အပြင်းထန်ဆုံးအရေးယူပေးရမယ်။ဒါမှလည်း နောက် ထပ် ပြစ်မှုတွေထပ်မဖြစ်လာအောင် တားဆီးနိုင်မယ်။ကလေးတွေအတွက်က လုံခြုံတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းမှပဲ အနာဂတ်မှာလူသားအရင်းအမြစ်ဖွံ့ ဖြိုးကောင်းမွန်မှာဖြစ်တာကြောင့် ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို အရေးတကြီးကိုင်တွယ်ဖို့လို အပ်တယ်။”လို့ ULA ပါတီဗဟိုရုံးမှဒေါ်လှမြခိုင်က သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

​စစ်တမ်းတွေအရသက်ငယ်မုဒိမ်းမှုကျူးလွန်သူကိုးဆယ်သုံးရာခိုင်နှုန်းဟာ ကလေးငယ်တွေနဲ့ရင်းနှီးကျွမ်းဝင်သူတွေဖြစ်ပြီး ကျန်ခုနှစ်ရာခိုင်နှုန်းသာတစိမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် မိသားစုဝင်တွေ၊ဆွေမျိုးသားချင်းတွေ၊အသိမိတ်ဆွေတွေနဲ့ယုံကြည်ရင်းနှီးသူတွေထံကနေလည်း ကလေးငယ်တွေကို အထူးကာကွယ်ဖို့လိုအပ်နေပါတယ်။

​ဥပဒေဆိုင်ရာသတ်မှတ်ချက်တွေအရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရီးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ဥပဒေဖွင့်ဆိုချက်မှာ အသက်ဆယ့်နှစ်နှစ်အောက် အမျိုးသမီးငယ်ကိုကျူးလွန်ရင် သက်ငယ်အဓမ္မပြုကျင့်မှုဖြစ်ပြီး အသက်ဆယ့်ခြောက်နှစ်အောက် အမျိုးသမီးကိုသဘောတူသည်ဖြစ်စေ၊မတူသည်ဖြစ်စေ လိင်ဆက်ဆံရင်မုဒိမ်းမှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။

ပုဒ်မ ၃၇၆ အရ ထောင်ဒဏ်ဆယ်နှစ်မှနှစ်ဆယ်နှစ်ထိ သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်ပြီး ကျူးလွန်ခံရသူဟာ မိမိမယားဖြစ်ပြီးအသက်ဆယ့်နှစ်နှစ်အောက် မဟုတ်ရင်ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ငွေဒဏ်ချမှတ်မယ်လို့ပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၉ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမှာတော့ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသူကို ကလေးသူငယ်ဟုသတ်မှတ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၅ အရအသက်ဆယ့်ခြောက်နှစ်အောက်ကို မုဒိမ်းမှုအဖြစ်လည်းကောင်း၊ပုဒ်မ ၃၇၆ (၂၀၁၉ ပြင်ဆင်ချက်)အရ အသက်ဆယ့်နှစ်နှစ်အောက် အဓမ္မပြုကျင့်ရင် ထောင်ဒဏ်တသက် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ချမှတ်ဖို့ သီးခြားပြဋ္ဌာန်းထားပါတယ်။

အာဆီယံဒေသတွင်းနဲ့နိုင်ငံတကာမှာလည်း အသက်ဆယ့်ခြောက်နှစ်မပြည့်သေးသူတွေအပေါ် စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားပါတယ်။

​အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့လူ့အဖွဲ့အစည်းတရပ်ထူထောင်နိုင်ဖို့ တရားဥပဒေနဲ့ မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို အရေးပေါ် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

အဲဒီသက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှုတွေကိုလပေါင်းများစွာကြာအောင်အချိန်ဆွဲမထားဘဲ သတ်မှတ်ချိန်အတွင်းထိရောက်စွာပြစ်ဒဏ်ချမှတ်နိုင်ဖို့ အထူးတရားရုံးတွေဖွဲ့စည်းပြီး အမြန်ဆုံးကြားနာစစ်ဆေးရပါမယ်။

အဲဒီအပြင် ကျူးလွန်သူတွေကိုဥပဒေအရ ထိရောက်စွာအပြစ်ပေးရုံမျှမကဖြစ်စဉ်နဲ့ ချမှတ်လိုက်တဲ့ပြစ်ဒဏ်တွေကို ပြည်သူတွေထံပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးတာနဲ့ အဲဒီလိုမှုခင်းတွေမဖြစ်အောင် အသိပေးဟန့်တားနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုကျူးလွန်သူတွေနဲ့အပေါင်းအပါတွေရဲ့ခြိမ်းခြောက်မှုမှနစ်နာသူမိသားစုတွေသာမက သက်သေတွေကိုပါအကာအကွယ်ပေးနိုင်မယ့် လုံခြုံရေးစနစ်တရပ်ကိုထူထောင်ဖို့လိုအပ်သလို ရဲတပ်ဖွဲ့နဲ့တရားသူကြီးတွေကိုလည်း စုံစမ်းစစ်ဆေးချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့သိက္ခာကိုမထိခိုက်စေဘဲ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ဖို့ ဥပဒေနဲ့အမျိုးသမီးအခွင့်အရေးဆိုင်ရာသင်တန်းတွေ စနစ်တကျပေးအပ်သွားရမှာဖြစ်ပါတယ်။

​အမျိုးသမီးတွေနဲ့တရားမျှတမှုရရှိရေးလိုအပ်ချက်တွေနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေတွေက ဝေဖန်ထောက်ပြကြပါတယ်။

​”အမျိုးသမီးနဲ့တရားမျှတမှုရရှိရေးဆိုတာ အမိန့်ဒီကရီတခုထုတ်ရုံနဲ့မပြီးပါဘူး။ မှုခင်းတခုဖြစ်ရင် အထူးတရားရုံးထောင်ပြီး မြန်မြန်ဆန်ဆန်ကြားနာရပါမယ်။နစ်နာသူနဲ့သက်သေတွေကို ခြိမ်းခြောက်မှုကအပြည့်အဝအကာအကွယ်ပေးရပါမယ်။အဲဒါမှ သူတို့ဘက်က ရဲရဲဝံ့ဝံ့ထွက်ဆိုရဲမှာပါ။”လို့ ရှေ့နေအမျိုးသားတဦးက ဆိုပါတယ်။

ပြီးတော့ပြစ်ဒဏ်တွေကိုလည်း ပြည်သူကိုပွင့်ပွင့်လင်းလင်းချပြမှ နောက်လူတွေမကျူးလွန်ရဲအောင်ဟန့်တားနိုင်မှာဖြစ်ပါတယ်။

အဲဒီအပြင် တရားသူကြီးနဲ့ရဲတွေကလည်း အမျိုးသမီးအခွင့်အရေးနဲပတ်သက်ရင် ပိုပြီးစာနာနားလည်တဲ့ကျွမ်းကျင်မှုရှိဖို့ အရေးကြီးပါတယ်။

​စစ်ရေးအောင်မြင်မှုတွေအရေးကြီးသလို ပြည်သူတွေအထူးသဖြင့် အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေ ဘေးကင်းလုံခြုံရေးနဲ့တရားဥပဒေအကာအကွယ်ရရှိရေးဟာလည်း အစိုးရ သို့မဟုတ် အဓိပတိအုပ်ချုပ်သူတွေရဲ့ပထမဦးစားပေးတာဝန်ဖြစ်ပါတယ်။

အမျိုးသမီးတဦးဟာ ကိုယ့်အိမ်တွင်းမှာပင်အဓမ္မပြုကျင့်ခံရမှာကို စိုးရိမ်နေရတဲ့အခြေအနေဟာ တရားဥပဒေစိုးမိုးမှုမရှိကြောင်း လှစ်ဟပြသနေတဲ့သာဓကပင်ဖြစ်ပါတယ်။

အဲဒါတွေကို တကယ်လို့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ၊မြန်ဆန်တဲ့တရားစီရင်မှုတွေကို အကောင်အထည်မဖော်နိုင်ရင်စစ်ပွဲအတွင်း ဒဏ်ရာရနေတဲ့ အာရက္ခပြည်သူတွေရဲ့လူမှုအသိုင်းအဝိုင်းဟာ ပိုမိုနက်ရှိုင်းတဲ့သားကောင်ဖြစ်မှုကွင်းဆက်ထဲသို့ ကျရောက်သွားမှာဖြစ်ပါတယ်။

PrevPrevious​ဒက်စတိုပီယန်းဘဝတွေ – ၇
Nextအာရက္ခတပ်တော်ဆီစစ်မှုထမ်းဖို့ရောက်လာတဲ့ လူငယ်သုံးဦးကို မိသားစုဆီပြန်အပ်Next
Previous Post

​ဒက်စတိုပီယန်းဘဝတွေ – ၇

Next Post

အာရက္ခတပ်တော်ဆီစစ်မှုထမ်းဖို့ရောက်လာတဲ့ လူငယ်သုံးဦးကို မိသားစုဆီပြန်အပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ  - AA Info Desk

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ အာဏာသိမ်းစစ်သားအများအပြားသေဆုံး

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

Releated Post

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026
ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026
​ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

September 20, 2026
​Photo - AFP/Reuters

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

September 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page