Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၈။
အာရက္ခတပ်တော်(AA)ဆီစစ်မှုထမ်းဖို့ရောက်လာတဲ့ အသက်မပြည့်သေးတဲ့လူငယ်နှစ်ဦးနဲ့ ကျန်းမာရေးမကောင်းတဲ့ လူငယ် တဦးကိုမိသားစုဆီပြန်အပ်လိုက်ပါတယ်။
ကျောက်တော်မြို့နယ်၊ပြင်လှကျေးရွာက အသက်ဆယ့်ခြောက်နှစ်အရွယ် မောင်မင်းစိုးနိုင်၊ဆယ့်သုံးနှစ်အရွယ် မောင်ဝေယံမင်း နဲ့ ကျန်းမာရေးစစ်ဆေးမှုမအောင်မြင်တဲ့ အသက်နှစ်ဆယ်အရွယ် မောင်ထွီးချေတို့ဖြစ်ပါတယ်။
သူတို့သုံးဦးဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၃၁ ရက်နေ့က အာရက္ခတပ်တော်ဆီစစ်မှုထမ်းဖို့ရောက်လာကြတာဖြစ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်အပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ မိသားစုဆီပြန်အပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊လမ်းမတော်ကျေးရွာမှ Grade-7 သင်ယူနေတဲ့ အသက်ဆယ့်သုံးနှစ်အရွယ်မောင်ဝေယံမင်းဟာ အာရက္ခတပ်တော်ဆီစစ်မှုထမ်းဖို့လာခဲ့တာကြောင့် စက်တင်ဘာလ ၄ ရက်နေ့က မိဘတွေဆီပြန်အပ်ခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ ကလေးသူငယ်တွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကျောင်းသားတွေကိုစစ်မှုထမ်းဖို့ လုံးဝလက်မခံဘဲ နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွေကိုတိကျစွာလိုက်နာတယ်လို့ ဆိုပါတယ်။















