Border News Agency
ယော၊ နိုဝင်ဘာ ၅ ။
ယောဒေသ လွတ်မြောက်ရေးနဲ့ ယောအမျိုးသားတပ်တွေပေါင်းစည်းနိုင်ရေးအတွက် ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA) တို့ အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ခုနှစ်ချက်ချမှတ်ခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ယောဒေသ လွတ်မြောက်ရေး၊ ယောကံကြမ္မာ ယောဖန်တီးခွင့် ရရှိရေးနဲ့ယောအမျိုးသားတပ် တခုတည်း တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တွေကို ချမှတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ယောအမျိုးသားတပ် တခုတည်း ပေါ်ပေါက်လာရေးအတွက် တပ်ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းတာ၊ ယောဒေသတွင်းရှိ အခြားတော်လှန်ရေး အင်အားစုတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တာနဲ့ အပြီးသတ် တပ်ပေါင်းစည်းနိုင်မယ့် အချိန်ကာလ သတ်မှတ်တာစတဲ့ အချက်သုံးချက်ပါဝင်ပါတယ်။
အဲဒီအပြင် ယောဒေသ လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တခုတည်းသော ယောအမျိုးသားတပ်အဖြစ် မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
နောက်ပြီးအနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာလည်း ပူးပေါင်း ပါဝင်သွားမယ်လို့ဆိုပါတယ်။







