Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၅။
ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးတွေအကြား အပြန်အလှန် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအပြင် စီးပွားရေး ပြိုလဲမှုကြောင့် အရပ်သား ပြည်သူလေးသန်းကျော်နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ဆယ့်ခြောက်သန်းကျော်မှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
အကူအညီလိုအပ်ချက်တွေ မြင့်မားနေပေမယ့်လည်း အာဏာသိမ်းစစ်တပ်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးပို့မှုတွေကို ကန့်သတ် ဟန့်တားနေတာကြောင့် အခြေအနေတွေ ပိုမို ဆိုးရွားနေတယ်လို့ဆိုပါတယ်။
ဘေးဒဏ်သင့်ဒေသတွေမှာရှိတဲ့ ပြည်သူတွေဆီ အကူအညီတွေ ပိုမိုရောက်ရှိစေဖို့ ကုလသမဂ္ဂအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တို့အကြား ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြေပြင်မှာ အကူအညီတွေ စဉ်ဆက်မပြတ် ပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP)ဆီရန်ပုံငွေတွေ ပိုမိုထည့်ဝင်ပေးကြဖို့ နိုင်ငံတကာကိုတိုက်တွန်းခဲ့ပါတယ်။









