Border News Agency
မောင်တော၊စက်တင်ဘာ ၈။
ရိုဟင်ဂျာလူထုအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကိုချက်ချင်းရပ်တန့်ရန် အာရက္ခတပ်တော်(AA)ကို ကုလသမဂ္ဂကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာတွေရဲ့အမျိုးသားလက္ခဏာကို အသိအမှတ်ပြုပေးဖို့အတွက်လည်း ကုလသမဂ္ဂဘက်ကအသိ ပေးတိုက်တွန်းထားတာဖြစ်ပါတယ်။
နောက်ပြီးဘေးလွတ်ရာသို့ နေရပ်စွန့်ခွာပြေးနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေမူလနေရာတွေသို့ ဘေးကင်းလုံခြုံစွာပြန်လာနိုင်ရေးအတွက် ကူညီပေးဖို့လည်း တောင်းဆိုထားပါတယ်။
အဲဒီအပြင်အမျိုးသားညီညွတ်ရေးအစိုးရ(NUG )နဲ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတွေကို အပြည့်အဝလိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။
မိမိတို့ထိန်းချုပ်နယ်မြေတွေအတွင်း တာဝန်ခံမှု၊တာဝန်ယူမှုအပြည့်နဲ့အရပ်သားအကာအကွယ်ပေးရေးကို စံပြအဖြစ်ဆောင်ရွက်ပြကြဖို့ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။










