Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

​ဒက်စတိုပီယန်းဘဝတွေ – ၆

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ သြဂုတ် ၇။

အာရက္ခဒေသရဲ့စီးပွားရေးပြိုလဲမှုတွေဟာ လူမျိုးစုဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပြီး အာရက္ခဒေသရဲ့သရုပ်လက္ခဏာမတူသူတွေကို ထိခိုက်မှုတွေရှိနေသလို လူ့အဖွဲ့အစည်းအတွင်း ဆက်ဆံရေးတွေဟာလည်း အရင်ကထက်ပိုပြီးစိုးရိမ်စရာတွေရှိလာနိုင်တယ်လို့ UNDP က သတိပေးထားပါတယ်။

အဲဒီပဋိပက္ခအခြေအနေတွေ ပိုဆိုးလာတာနဲ့အရင်းအမြစ်တွေ၊အခွင့်အလမ်းတွေလည်း ပျောက်ကွယ်သွားပြီဖြစ်သလို ဒါတွေဟာ လူငယ်တွေနဲ့ မိသားစုတွေကိုထွက်ခွာဖို့အတွက် တွန်းအားတွေဖြစ်စေတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀ ၂၄ ခုနှစ်၊နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီလိုအခြေအနေတွေဟာ မြန်မာနိုင်ငံထဲသာမက နယ်စပ်ဖြတ်ကျော်ပြီး တခြားနိုင်ငံတွေထိပါရိုက်ခတ်မှုတွေရှိလာလိမ့်မယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။
​
ဘေးကင်းလုံခြုံတဲ့ထွက်ပေါက်မရှိ

တကယ်လို့သာ ထွက်ခွာဖို့အတွက်ဘေးကင်းလုံခြုံတဲ့ထွက်ပေါက်တွေမရှိခဲ့ရင် လူကုန်ကူးခံရမှုတွေဟာ ပိုဆိုးလာနိုင်သလို ရိုဟင်ဂျာအပါအဝင် တခြားထိခိုက်လွယ်တဲ့အုပ်စုတွေအတွက် အခြေအနေဆိုးဝါးနိုင်တယ်လို့လည်း ကုလသမဂ္ဂသတိပေးထားပါတယ်။

အာရက္ခဒေသ သရုပ်လက္ခဏာမတူသူတွေ

အာရက္ခဒေသရဲ့စီးပွားရေးပြိုလဲမှုတွေဟာ လူမျိုးစုဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေတယ်လို့ UNDP က သတိပေးထားပါတယ်။

အဲဒီနေရာမှာ သရုပ်လက္ခဏာမတူသူတွေဆိုရာမှာ လေယူလေသိမ်းကွဲပြားသူတွေ၊သက်၊ခမီ၊မြို၊ဒိုင်းနက်၊ကမန်၊မရမာကြီး၊ချင်း၊ဟိန္ဒုဘာသာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။

အဲဒီလိုသရုပ်လက္ခဏာမတူသူတွေ၊ရိုဟင်ဂျာတွေအပေါ်မှာ လက်ရှိဖြစ်ပေါ် လာဆဲ ကုန်သွယ်ရေးအခွင့်အရေးတွေ၊ အရင်းအမြစ်တွေဟာ ပိုအကန့်အသတ်ရှိနေပါတယ်။

လူကုန်ကူးမှု

​ကုလသမဂ္ဂက ရခိုင်ဒေသထဲမှာလူမှုစီးပွားဘဝပြိုလဲမှုတွေကြောင့် ထွက်ခွာမှုတွေရှိနေပြီး တကယ်လို့ အဲဒီလိုထွက်ခွာဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ထွက်ပေါက်တွေသာမရှိခဲ့ရင် လူကုန်ကူးခံရမှုတွေဟာ မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အဲဒီလူမှုစီးပွားဘဝပြိုလဲမှုကြောင့် ဖြစ်နေတဲ့ ထွက်ခွာမှုတွေဟာ ULA/AA ရဲ့ NDEP စစ်မှုထမ်းစနစ်ကို ကျင့်သုံးလိုက်တဲ့အခါ ပိုပြီးအရှိန်မြင့်သွားပါတော့တယ်။

အဲဒီမြေပြင်မှာ အာရက္ခဒေသကထွက်ခွာသူတွေအတွက် လူကုန်ကူးခံရမှု အန္တရာယ်ဟာရှိနေသလို မြန်မာစစ်တပ်ရဲ့ အဖမ်းအဆီးတွေ၊စစ်မှုထမ်းခိုင်းတဲ့ အခြေအနေတွေကလည်းရှိနေပါတယ်။

​အသုံးချခံနေရတဲ့ဒုက္ခတွေ

​အဲဒီလိုလူမှုစီးပွားဘဝပြိုလဲမှုနဲ့ပြည်နယ်အတွင်း တင်းကြပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ လူကုန်ကူးခံရမှုနဲ့ မြန်မာစစ်တပ်ဆီမှာ ဖမ်းဆီးခံရမှုတွေရှိနေပါတယ်။

အဲဒီအခက်အခဲတွေကို နိုင်ငံရေးအရအသုံးချအမြတ်ထုတ်ခံလာရတာလည်း စိတ်မချမ်းမြေ့စရာပါ။

ULA/AAက လူတွေကို သူတို့ထိန်းချုပ်နယ်မြေတွေက တခြားနေရာသို့ထွက်ခွာမှုကို ပိတ်ပင်ထားပါတယ်။

အဲဒီလိုပိတ်ပင်မှုကိုယ်တိုင်ကပင် ထွက်ခွာတဲ့အခါ ဘေးကင်းလုံခြုံမှုကင်းမဲ့စေပြီး ထွက်ခွာမှုအတွက် ခြိမ်းခြောက်မှုကို ပိုဖြစ်စေပါတယ်။

အဲဒီအပြင် လူကုန်ကူးမယ့်သူတွေရဲ့ သားကောင်ဘဝကို အလိုလိုနေရင်းတွန်းပို့လိုက်သလိုလည်း ဖြစ်နေပါတယ်။

ULA/AA ကိုယ်တိုင် လူမှုစီးပွားဘဝပြိုလဲမှုတွေကြောင့် ထွက်ခွာမှုနဲ့လူကုန်ကူးမှုကို ရောကြိတ်ပြီး စစ်မှုထမ်းအတွက် အသုံးချလာတာကိုတွေ့နေရပါတယ်။

​ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့က အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက နေရပ်စွန့်ခွာမှုတွေနဲ့ပတ်သက်ပြီး ULA/AA ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီထုတ်ပြန်ချက်ကို အနှစ်ချုပ်ကြည့်ရင်တော့ ULA/AAက လူကုန်ကူးမှုအပြင် အကြောင်းအမျိုးမျိုးနဲ့အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ထွက်ခွာရန်ကြိုးစားသူတွေကို ဖမ်းဆီးနေတယ်။

အဲဒီထဲက NDEP အရ အကျုံးဝင်သူတွေကို စစ်မှုထမ်းပို့နေပြီး အကျုံးမဝင်သူတွေကို ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်နေတယ်လို့ ဆိုထားပါတယ်။
​
အဲဒီလူကုန်ကူးမှုအပေါ် တိုက်ဖျက်တယ်ဆိုတဲ့အကြောင်းပြချက်အောက်မှာ NDEP စစ်မှုထမ်းအစီအစဉ်ကို တဖက်သတ်အကောင်အထည်ဖော်ဖို့အတွက် အမဲလိုက်သလိုလုပ်နေတာကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေဟာ လူသားချင်းစာနာမှုအခြေအနေပိုမိုဆိုးလာစရာရှိနေပါတယ်။

​အပြစ်အဖြစ်သတ်မှတ်ခြင်း

​ဒေသတခုမှာစီးပွားရေးပြိုလဲရင် လူမှုရေးပေါ်မှာပါ တောက်လျှောက်လာပြီး ရိုက်ခတ်တာသဘာပါ။

အာရက္ခဒေသထဲမှာ လူမှုစီးပွားဘဝပြိုလဲမှုတွေကြောင့် ထွက်ခွာမှုတွေရှိနေရပေမယ့် အဲဒီလိုထွက်ခွာမှုကိုပဲ ULA/AAက အပြစ်လို့ သတ်မှတ်ပါတယ်။

ဒါပေမယ့် ULA/AA အရာရှိတချို့ရဲ့မိသားစုဝင်တွေဟာ မြို့သိမ်းတိုက်ပွဲကာလနဲ့ မြို့သိမ်းပြီးနောက်မှာ အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေကို အေးဆေးထွက်ခွာသွားကြပါတယ်။

အဲဒီ ULA/AA မိသားစုဝင်တွေဟာ အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ အေးဆေးနေထိုင်နေကြသလိုသားသမီးတွေကိုလည်း ပညာသင်ကြားနေတာကို တွေ့မြင်နေရပါတယ်။

​ဒုက္ခသည်တွေရဲ့လည်မျိုကို စစ်ဖိနပ်နဲ့ဖိနင်းခြင်း

ULA/AA ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေပြင်ပကို ထွက်ခွာဖို့ကြိုးစားလို့ အဖမ်းခံရတဲ့သူအများစုဟာ လူငယ်တွေနဲ့မိန်းကလေးငယ်တွေ ဖြစ်နေတာကိုတွေ့ရမှာပါ။

အဲဒီဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရဆိုရင် ဖမ်းဆီးရတဲ့ မိန်းကလေးငယ်ပေါင်းဟာ ငါးဆယ်နီးပါးရှိမယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီဖမ်းဆီးခံရသူအများစုဟာအတင်း အကျပ်စစ်မှုထမ်းခိုင်းမှုနဲ့ရင်ဆိုင်ရဖို့များနေပါတယ်။

​အဲဒီလိုဖမ်းဆီးခံရတာတွေမှာ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေရှိနေပါတယ်။

အဲဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့အဆက်အသွယ်မရတာမျိုးတွေ၊ဘယ်မှာ ထားမှန်းမသိတာမျိုးတွေစတဲ့ စိုးရိမ်ပူပန်မှုတွေကို အစုလိုက်၊အပြုံလိုက်ခံစားရအောင်ပြစ်ဒဏ်ပေးမှုတွေ ရှိနေပါတယ်။

အဲဒါဟာ လူထုကို နောင်ကျဉ်သွားအောင်လုပ်ခြင်းလို့ပဲ သတ်မှတ်ရမှာပါ။

​အဆိုးဝါးဆုံးခြိမ်းခြောက်ခံရမှုက အမျိုးသမီးငယ်တွေအပေါ်မှာ ပိုလို့ရှိနေပါတယ်။

အဲဒီလမ်းခရီးရဲ့မလုံခြုံမှုနဲ့အပြစ်သားအဖြစ် ချိုးနှိမ်သတ်မှတ်ခံရမှုတွေအပါအဝင် တချို့အမျိုးသမီးငယ်တွေဟာ လမ်းခရီးမှာ ဖမ်းဆီးသူတွေရဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ခြိမ်းခြောက်မှုတွေကိုပါရင်ဆိုင်ရတာ ဆိုးဆိုးဝါးဝါးရှိနေပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ​ဆင်းရဲငတ်ပြတ်မှုနဲ့အကျပ်အတည်းကြောင့် ထွက်ပေါက်ကို ရှာကြပါတယ်။

အဲဒီလိုထွက်ပေါက်ရှာမှုဟာ နိုင်ငံရေးအာဂျင်တာရဲ့အပြစ်အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။

အဲဒီအခြေအနေက ဆင်းရဲကျပ်တည်းလို့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ပြင်ပကို ထွက်ခွာရုံရဲ့ အဲဒီဒုက္ခဟာ လူသားဂုဏ်သိက္ခာကို စော်ကားခံရတဲ့၊အမဲလိုက်ခံရမယ့်အနေအထားမျိုး ဖြစ်နေပါတယ်။

​ကိုးကား…

​https://news.un.org/en/story/2024/11/1156676?hl=en-GB

PrevPreviousလိုင်စင်မရှိဘဲတရားမဝင်လူပို့ပေးတဲ့ အမျိုးသမီးနှစ်ဦးကို ဒီလပ်အမှုဖွင့်အရေးယူ
Nextဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတွေကို ကူညီပေးမယ်လို့ မင်းအောင်လှိုင်ပြောNext
Previous Post

လိုင်စင်မရှိဘဲတရားမဝင်လူပို့ပေးတဲ့ အမျိုးသမီးနှစ်ဦးကို ဒီလပ်အမှုဖွင့်အရေးယူ

Next Post

ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတွေကို ကူညီပေးမယ်လို့ မင်းအောင်လှိုင်ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

October 4, 2026
ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု ဦးဆောင်အဖြေရှာရေးကူညီဖို့ အာဆီယံဥက္ကဋ္ဌပြော

October 4, 2026

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

Releated Post

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

October 4, 2026
ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ-ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

October 4, 2026
ဓာတ်ပုံ - သရက်ခရိုင် အမှတ် ၄ တပ်ရင်း

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

October 4, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

October 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page