Border News Agency
မြောက်ဦး၊ သြဂုတ် ၇။
အာရက္ခဒေသရဲ့စီးပွားရေးပြိုလဲမှုတွေဟာ လူမျိုးစုဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပြီး အာရက္ခဒေသရဲ့သရုပ်လက္ခဏာမတူသူတွေကို ထိခိုက်မှုတွေရှိနေသလို လူ့အဖွဲ့အစည်းအတွင်း ဆက်ဆံရေးတွေဟာလည်း အရင်ကထက်ပိုပြီးစိုးရိမ်စရာတွေရှိလာနိုင်တယ်လို့ UNDP က သတိပေးထားပါတယ်။
အဲဒီပဋိပက္ခအခြေအနေတွေ ပိုဆိုးလာတာနဲ့အရင်းအမြစ်တွေ၊အခွင့်အလမ်းတွေလည်း ပျောက်ကွယ်သွားပြီဖြစ်သလို ဒါတွေဟာ လူငယ်တွေနဲ့ မိသားစုတွေကိုထွက်ခွာဖို့အတွက် တွန်းအားတွေဖြစ်စေတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀ ၂၄ ခုနှစ်၊နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီလိုအခြေအနေတွေဟာ မြန်မာနိုင်ငံထဲသာမက နယ်စပ်ဖြတ်ကျော်ပြီး တခြားနိုင်ငံတွေထိပါရိုက်ခတ်မှုတွေရှိလာလိမ့်မယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။
ဘေးကင်းလုံခြုံတဲ့ထွက်ပေါက်မရှိ
တကယ်လို့သာ ထွက်ခွာဖို့အတွက်ဘေးကင်းလုံခြုံတဲ့ထွက်ပေါက်တွေမရှိခဲ့ရင် လူကုန်ကူးခံရမှုတွေဟာ ပိုဆိုးလာနိုင်သလို ရိုဟင်ဂျာအပါအဝင် တခြားထိခိုက်လွယ်တဲ့အုပ်စုတွေအတွက် အခြေအနေဆိုးဝါးနိုင်တယ်လို့လည်း ကုလသမဂ္ဂသတိပေးထားပါတယ်။
အာရက္ခဒေသ သရုပ်လက္ခဏာမတူသူတွေ
အာရက္ခဒေသရဲ့စီးပွားရေးပြိုလဲမှုတွေဟာ လူမျိုးစုဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေတယ်လို့ UNDP က သတိပေးထားပါတယ်။
အဲဒီနေရာမှာ သရုပ်လက္ခဏာမတူသူတွေဆိုရာမှာ လေယူလေသိမ်းကွဲပြားသူတွေ၊သက်၊ခမီ၊မြို၊ဒိုင်းနက်၊ကမန်၊မရမာကြီး၊ချင်း၊ဟိန္ဒုဘာသာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။
အဲဒီလိုသရုပ်လက္ခဏာမတူသူတွေ၊ရိုဟင်ဂျာတွေအပေါ်မှာ လက်ရှိဖြစ်ပေါ် လာဆဲ ကုန်သွယ်ရေးအခွင့်အရေးတွေ၊ အရင်းအမြစ်တွေဟာ ပိုအကန့်အသတ်ရှိနေပါတယ်။
လူကုန်ကူးမှု
ကုလသမဂ္ဂက ရခိုင်ဒေသထဲမှာလူမှုစီးပွားဘဝပြိုလဲမှုတွေကြောင့် ထွက်ခွာမှုတွေရှိနေပြီး တကယ်လို့ အဲဒီလိုထွက်ခွာဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ထွက်ပေါက်တွေသာမရှိခဲ့ရင် လူကုန်ကူးခံရမှုတွေဟာ မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အဲဒီလူမှုစီးပွားဘဝပြိုလဲမှုကြောင့် ဖြစ်နေတဲ့ ထွက်ခွာမှုတွေဟာ ULA/AA ရဲ့ NDEP စစ်မှုထမ်းစနစ်ကို ကျင့်သုံးလိုက်တဲ့အခါ ပိုပြီးအရှိန်မြင့်သွားပါတော့တယ်။
အဲဒီမြေပြင်မှာ အာရက္ခဒေသကထွက်ခွာသူတွေအတွက် လူကုန်ကူးခံရမှု အန္တရာယ်ဟာရှိနေသလို မြန်မာစစ်တပ်ရဲ့ အဖမ်းအဆီးတွေ၊စစ်မှုထမ်းခိုင်းတဲ့ အခြေအနေတွေကလည်းရှိနေပါတယ်။
အသုံးချခံနေရတဲ့ဒုက္ခတွေ
အဲဒီလိုလူမှုစီးပွားဘဝပြိုလဲမှုနဲ့ပြည်နယ်အတွင်း တင်းကြပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ လူကုန်ကူးခံရမှုနဲ့ မြန်မာစစ်တပ်ဆီမှာ ဖမ်းဆီးခံရမှုတွေရှိနေပါတယ်။
အဲဒီအခက်အခဲတွေကို နိုင်ငံရေးအရအသုံးချအမြတ်ထုတ်ခံလာရတာလည်း စိတ်မချမ်းမြေ့စရာပါ။
ULA/AAက လူတွေကို သူတို့ထိန်းချုပ်နယ်မြေတွေက တခြားနေရာသို့ထွက်ခွာမှုကို ပိတ်ပင်ထားပါတယ်။
အဲဒီလိုပိတ်ပင်မှုကိုယ်တိုင်ကပင် ထွက်ခွာတဲ့အခါ ဘေးကင်းလုံခြုံမှုကင်းမဲ့စေပြီး ထွက်ခွာမှုအတွက် ခြိမ်းခြောက်မှုကို ပိုဖြစ်စေပါတယ်။
အဲဒီအပြင် လူကုန်ကူးမယ့်သူတွေရဲ့ သားကောင်ဘဝကို အလိုလိုနေရင်းတွန်းပို့လိုက်သလိုလည်း ဖြစ်နေပါတယ်။
ULA/AA ကိုယ်တိုင် လူမှုစီးပွားဘဝပြိုလဲမှုတွေကြောင့် ထွက်ခွာမှုနဲ့လူကုန်ကူးမှုကို ရောကြိတ်ပြီး စစ်မှုထမ်းအတွက် အသုံးချလာတာကိုတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့က အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက နေရပ်စွန့်ခွာမှုတွေနဲ့ပတ်သက်ပြီး ULA/AA ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီထုတ်ပြန်ချက်ကို အနှစ်ချုပ်ကြည့်ရင်တော့ ULA/AAက လူကုန်ကူးမှုအပြင် အကြောင်းအမျိုးမျိုးနဲ့အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ထွက်ခွာရန်ကြိုးစားသူတွေကို ဖမ်းဆီးနေတယ်။
အဲဒီထဲက NDEP အရ အကျုံးဝင်သူတွေကို စစ်မှုထမ်းပို့နေပြီး အကျုံးမဝင်သူတွေကို ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်နေတယ်လို့ ဆိုထားပါတယ်။
အဲဒီလူကုန်ကူးမှုအပေါ် တိုက်ဖျက်တယ်ဆိုတဲ့အကြောင်းပြချက်အောက်မှာ NDEP စစ်မှုထမ်းအစီအစဉ်ကို တဖက်သတ်အကောင်အထည်ဖော်ဖို့အတွက် အမဲလိုက်သလိုလုပ်နေတာကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေဟာ လူသားချင်းစာနာမှုအခြေအနေပိုမိုဆိုးလာစရာရှိနေပါတယ်။
အပြစ်အဖြစ်သတ်မှတ်ခြင်း
ဒေသတခုမှာစီးပွားရေးပြိုလဲရင် လူမှုရေးပေါ်မှာပါ တောက်လျှောက်လာပြီး ရိုက်ခတ်တာသဘာပါ။
အာရက္ခဒေသထဲမှာ လူမှုစီးပွားဘဝပြိုလဲမှုတွေကြောင့် ထွက်ခွာမှုတွေရှိနေရပေမယ့် အဲဒီလိုထွက်ခွာမှုကိုပဲ ULA/AAက အပြစ်လို့ သတ်မှတ်ပါတယ်။
ဒါပေမယ့် ULA/AA အရာရှိတချို့ရဲ့မိသားစုဝင်တွေဟာ မြို့သိမ်းတိုက်ပွဲကာလနဲ့ မြို့သိမ်းပြီးနောက်မှာ အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေကို အေးဆေးထွက်ခွာသွားကြပါတယ်။
အဲဒီ ULA/AA မိသားစုဝင်တွေဟာ အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ အေးဆေးနေထိုင်နေကြသလိုသားသမီးတွေကိုလည်း ပညာသင်ကြားနေတာကို တွေ့မြင်နေရပါတယ်။
ဒုက္ခသည်တွေရဲ့လည်မျိုကို စစ်ဖိနပ်နဲ့ဖိနင်းခြင်း
ULA/AA ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေပြင်ပကို ထွက်ခွာဖို့ကြိုးစားလို့ အဖမ်းခံရတဲ့သူအများစုဟာ လူငယ်တွေနဲ့မိန်းကလေးငယ်တွေ ဖြစ်နေတာကိုတွေ့ရမှာပါ။
အဲဒီဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရဆိုရင် ဖမ်းဆီးရတဲ့ မိန်းကလေးငယ်ပေါင်းဟာ ငါးဆယ်နီးပါးရှိမယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီဖမ်းဆီးခံရသူအများစုဟာအတင်း အကျပ်စစ်မှုထမ်းခိုင်းမှုနဲ့ရင်ဆိုင်ရဖို့များနေပါတယ်။
အဲဒီလိုဖမ်းဆီးခံရတာတွေမှာ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေရှိနေပါတယ်။
အဲဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့အဆက်အသွယ်မရတာမျိုးတွေ၊ဘယ်မှာ ထားမှန်းမသိတာမျိုးတွေစတဲ့ စိုးရိမ်ပူပန်မှုတွေကို အစုလိုက်၊အပြုံလိုက်ခံစားရအောင်ပြစ်ဒဏ်ပေးမှုတွေ ရှိနေပါတယ်။
အဲဒါဟာ လူထုကို နောင်ကျဉ်သွားအောင်လုပ်ခြင်းလို့ပဲ သတ်မှတ်ရမှာပါ။
အဆိုးဝါးဆုံးခြိမ်းခြောက်ခံရမှုက အမျိုးသမီးငယ်တွေအပေါ်မှာ ပိုလို့ရှိနေပါတယ်။
အဲဒီလမ်းခရီးရဲ့မလုံခြုံမှုနဲ့အပြစ်သားအဖြစ် ချိုးနှိမ်သတ်မှတ်ခံရမှုတွေအပါအဝင် တချို့အမျိုးသမီးငယ်တွေဟာ လမ်းခရီးမှာ ဖမ်းဆီးသူတွေရဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ခြိမ်းခြောက်မှုတွေကိုပါရင်ဆိုင်ရတာ ဆိုးဆိုးဝါးဝါးရှိနေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဆင်းရဲငတ်ပြတ်မှုနဲ့အကျပ်အတည်းကြောင့် ထွက်ပေါက်ကို ရှာကြပါတယ်။
အဲဒီလိုထွက်ပေါက်ရှာမှုဟာ နိုင်ငံရေးအာဂျင်တာရဲ့အပြစ်အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။
အဲဒီအခြေအနေက ဆင်းရဲကျပ်တည်းလို့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ပြင်ပကို ထွက်ခွာရုံရဲ့ အဲဒီဒုက္ခဟာ လူသားဂုဏ်သိက္ခာကို စော်ကားခံရတဲ့၊အမဲလိုက်ခံရမယ့်အနေအထားမျိုး ဖြစ်နေပါတယ်။
ကိုးကား…









