Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဒက်စတိုပီယန်းဘဝတွေ – ၅

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၆။

​နိုင်ငံရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ်၊လူမှုရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ်၊လက်နက်ကိုင်တော်လှန်ရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ် တချို့ဟာ လူထုချစ်ခင်မှု၊လူထုကိုဗဟိုပြုမှုဆိုတာတွေထက် လူထုဆီကကြောက်ရွံ့ခန့်ညားမှုကို(Fear Over Love)အလုပ်ဖြစ်တယ်လို့ ထင်မြင်လာတာကို ပြန်သုံးသပ်စရာဖြစ်လာပါတယ်။

ဘာကြောင့်ဒီလိုလုပ်ကြလဲဆိုရင် အဖြေက ဖြတ်လမ်းနည်းကိုသုံးချင်လို့ပါလို့ပဲဖြေရမှာပါ။

မူဝါဒပိုင်းအရကို လူထုအကျိုးစီးပွားနဲ့ တထပ်တည်းကျတဲ့လုပ်ရပ်ကို မလုပ်နိုင်တဲ့အခါ လူထုပါဝင်လိုစိတ်နည်းမှုအပေါ် အပြစ်မြင်နေကြတာပါ။

မူဝါဒပိုင်းမှာ ယေဘူယျဆန်ဆန်အချက်တွေကို အော်ပြနေပေမယ့် မြေပြင်မှာ လူထုအကျိုးစီးပွား ဒါမှမဟုတ် လူထုအခက်အခဲကို ဖြေရှင်းနေမှသာ လူထုပါလာတတ်တာပါ။

​ပါတီအဖွဲ့အစည်းတွေနဲ့ လူမှုနိုင်ငံရေးအဖွဲ့အစည်းတွေရှိခဲ့ချိန်တုန်းက လူထုအကျိုးစီးပွား ဒါမှမဟုတ် လူထုအခက်အခဲအပေါ် ဦးဆောင်ပြီး အောင်မြင်အောင် ကာလရှည်ဘယ်လောက်ကြိုးစားခဲ့ဖူးသလဲဆိုတာက အဖြေပေါ်လာပါတယ်။

ပြဿနာတခု၊ခေါင်းစဉ်တခုကို မြေပြင်အနေအထားဗဟိုပြုပြီး အဲဒီလိုရှာဖွေရှင်းလင်းခဲ့တဲ့အတွေ့အကြုံရှိရင်တော့ လူထုကို အပြစ်တင်တတ်တဲ့ စိတ်သိပ်မဖြစ်ဘဲ လူထုနဲ့တသားတည်းကျမယ့်နည်းကိုပဲ ရှာဖွေသွားပါလိမ့်မယ်။

အဲဒီလိုမဟုတ်ဘဲ တော်တော်များများဟာ ပါတီအဖွဲ့အစည်းတွေ ဒါမှမဟုတ် လူမှုနိုင်ငံရေးအဖွဲ့အစည်းတွေမှာအချိန် တော်တော်များများရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်တော်တော်များများဟာ အုပ်စုဖွဲ့တာတွေ၊ဆရာမွေးတပည့်မွေးကြတာတွေ၊အချင်းချင်းခြေပုန်းခုတ်ဒေါက်ဖြုတ်ကြတာတွေ၊ဖင်ထိုင်ရာတခုရရင်သံမှိုနဲ့ စွဲနေသလို အကျင့် စာရိတ္တတွေ၊လုပ်ပိုင်ခွင့်နေရာကိုသာ အာရုံပြုနေကြတာတွေ၊လူထုအခက်အခဲအပေါ်မှာလည်း ပေါ်ပင်လိုက်နှမ်းဖြူးသဘောလောက် ရပ်တည်တာတွေစတာတွေနဲ့သာ နပန်းလုံးနေတဲ့အတွေ့အ ကြုံမျိုးသာရှိရင်တော့ (Fear Over Love)ကိုပဲ သဘောကျကြမှာပါ။

​လူထုအခက်အခဲကိုခေါင်းစားခံပြီး ဖြေရှင်းဖို့စိတ်မကူးရင် အာဏာပြဖို့ပဲ အရသာတွေ့လာနိုင်ပါလိမ့်မယ်။

လူထုအခက်အခဲကိုဖြေရှင်းတဲ့အခါမှာ ကိုယ်စိတ်ဝင်စားရာလုပ်ငန်းနယ်ပယ်အလိုက်ရှိပါတယ်။

ကိုယ်စိတ်ဝင်စားရာလုပ်ငန်းနယ်ပယ်ထဲက လူထုအခက်အခဲကို ပြန်ကြည့်နိုင်မှဗြူရိုကရေစီနဲ့ မူဝါဒတွေ၊ဥပဒေတွေရဲ့အားနည်းချက်တွေမြေပြင်လိုအပ်ချက်တွေကို ခံစားနိုင်မှာပါ။

မြန်မာ့နိုင်ငံရေးမှာ ကုန်ခဲ့တဲ့လွှတ်တော်သက်တမ်းဆယ်နှစ်အတွင်း တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ ဝန်ကြီးတွေလုပ်ကြတော့ အဲလိုဗြူရိုကရေစီနဲ့မူဝါဒတွေ၊ဥပဒေတွေရဲ့အားနည်းချက်တွေ၊မြေပြင်ရဲ့လိုအပ်ချက်တွေကို မသိတဲ့အခါ ဗြူရိုကရေစီထဲက စားဖားတွေပြောတဲ့အတိုင်းပဲ စီးမျောသွားပြီး လူထုဟာ စိတ်ပျက်ခဲ့ရတာတွေရှိပါတယ်။

မြန်မာနိုင်ငံရေးထဲမှာ ယုံကြည်ချက်အတွက် အသက်ပေးရဲသူ၊ထောင်ကျခံရဲသူတွေရှိပါတယ်။သူရဲကောင်းတွေရှိကြပါတယ်။

ဒါပေမယ့် လူထုအပေါ်စိတ်ရှည်ပြီး လူထုဒဏ်ရာကို ကုသပေးတဲ့လူနည်းပါတယ်။

အဲ​ဒီတော့ အုပ်ချုပ်ရေးဆိုင်ရာ၊မူဝါဒရေးရာကိစ္စတွေဟာ ဗြူရိုကရက်ထိုင်ခုံပေါ်မှာ အထိုင်ကျနေသူတွေ၊အာဏာဟာ အထက်ကအောက်ကိုစီးတယ်ဆိုတာကို အသားကျနေတဲ့သူတွေထဲမှာပြန်ရောက်သွားပါတယ်။

အဲဒီလိုဗြူရိုကရက်တွေနဲ့စောစောက ပြောတဲ့လူထုအခက်အခဲကို စိတ်မရှည်တဲ့ပေါ်ပြူလစ်တွေ စုသွားတဲ့အခါ လူ့အဖွဲ့အစည်းဟာ ဒက်စတိုပီယန်းဝေဒနာတွေကိုခံစားလာရတာ အဆန်းတော့ မဟုတ်ပါဘူး။

​မျိုးစေ့ဗီဇအဆင့်ကပင် ပျက်သုဉ်းခြင်း

​နိုင်ငံရေးဖြစ်စဉ်၊အာဏာဖြစ်စဉ်ဟာ လူထုနဲ့ကင်းကွာမှုဘယ်လိုရှိတယ်ဆိုတာကလည်း ခက်ခက်ခဲခဲရှာနေစရာမလိုပါဘူး။

အဲဒီနေရာမှာ”လူထုကို ဒက်စတိုပီယန်း ရှင်သန်မှုလိုလုပ်ထားတာဟာ မတော်တဆဖြစ်ရပ်မဟုတ်ပါဘူး။

အဲဒါဟာ​အကောင်အထည်ဖော်မှုပါ။ ထိပ်ပိုင်းက သမာသမတ်ကျသလိုလို အသံပစ်တာမျိုးရှိနေပေမယ့် အလည်အလတ်အဆင့်နဲ့အောက်ခြေအဆင့်မှာတော့ ညှင်းပန်းအာဏာပြခိုင်းထားတာမျိုးတွေပါ။

အောက်ခြေမှာ ဗရမ်းပတာဖြစ်မှုကို အပေါ်ကတမင်ခွင့်ပြုထားတာမျိုးပါ။” ဆိုတဲ့အချက်ကို အလေးထားသုံးသပ်ဖို့လိုပါတယ်။

​လူအဖွဲ့အစည်းကို ဒက်စတိုပီယန်းရှင်သန်မှုအောက်ထဲရောက်သွားဖို့အတွက် ကနဦးစတင်လာရတဲ့အရိပ်အယောင်တွေပြရပါတယ်။

ဥပမာ – လမ်းပေါ်မှာ စောင့်နေရတဲ့ဂိတ်တွေက လူထုကိုဘယ်လိုပြုမူနေသလဲ။

ရပ်ရွာအဆင့်ကသူတွေ လူထုကို ဘယ်လိုပြုမူနေသလဲဆိုတဲ့အချက်တွေနဲ့တင်ဆုံးဖြတ်လို့ရတာတွေ အများကြီးပါ။

အဲဒီလိုဂိတ်တွေအဆင့်၊ရပ်ရွာအဆင့်လောက်က လူထုအပေါ်ပြုမူတဲ့ မကောင်းတဲ့အချက်တွေကို ဟန့်တားလို့မရဘူးလားဆိုရင်ရပါတယ်။

ဟန့်တားဖို့အတွက်အကြောင်းပြချက်မလိုပါဘူး။ အဖြေက ရိုးရှင်းပါတယ်။

အဲဒါဟာ အောက်ခြေကပြဿနာမဟုတ်ပါဘူး။ အပေါ်ကအောက်ကို ခိုင်းထားတဲ့၊ခွင့်ပြုထားတဲ့ ပြဿနာပါ။

ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုရင် လူထုကိုအပြစ်မြင်လို့ပါ။

​အာဏာပြခြင်းနဲ့အာဏာတည်ခြင်းဟာ ကွာခြားပါတယ်။ အာဏာပြခြင်းက လူထုအပေါ် ကြမ်းကြုပ်ခြင်းပါ။ အာဏာတည်ခြင်း လူထုဆီက အတည်ပြုခြင်းပါ။

လူထုထောက်ခံမှုရှိနေချိန်မှာတောင် ငါတို့လိုအပ်ချက်၊ငါတို့ အခက်အခဲကို ပြည့်မှီအောင်မထောက်ခံရကောင်းလား။ ငါတို့အကြောင်းသိစေရမယ်ဆိုတဲ့ ကိုယ်အခက်အခဲကို ဗဟိုပြုချဉ်းကပ်မှုက အားကောင်းလာတဲ့အခါ အာဏာပြကြမ်းကြုပ်ခြင်းကိုပဲ အာဏာတည်ဖို့အတွက် လိုအပ်ချက်လို့ထင်နေတဲ့ကင်ဆာကိုလည်း မတားဆီးနိုင်ခဲ့ပါဘူး။

လေးငါးနှစ်ထဲဝင်လာတဲ့အခါ ကင်ဆာက မနည်းပျံ့နှံ့သွားပါပြီ။

​ဆက်ရန်…

PrevPreviousကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ
Nextထိုင်း-မြန်မာနယ်စပ်မှာ ဘတ်ငွေသန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးတသန်းနီးပါးဖမ်းမိNext
Previous Post

ကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ

Next Post

ထိုင်း-မြန်မာနယ်စပ်မှာ ဘတ်ငွေသန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးတသန်းနီးပါးဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026
(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

September 5, 2026

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

September 5, 2026

ကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ

​ဒက်စတိုပီယန်းဘဝတွေ- ၄

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

Releated Post

ကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page