အာရက္ခဒေသ

ကျောက်ပန္ဒူ-စေတီပြင် မယူတောင်ကျော်လမ်းမှာ ပြည်သူတွေ ပြန်ပေးဆွဲခံရ

Border News Agencyမောင်တော၊ အောက်တိုဘာ ၂၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်ပန္ဒူ-စေတီပြင်မယူတောင်ကျော်လမ်းမှာ အောက်တိုဘာလ ၂၂ ရက်၊ဒီနေ့နေ့လည် ၁ နာရီကျော်အချိန်ခန့်က ပြည်သူတွေ ပြန်ပေးဆွဲခံလိုက်ကြရတယ်လို့ ဒေသခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီအရပ်သားပြည်သူတွေဟာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှစျေးဝယ်ပြီး မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာသို့ပြန်လာကြလို့...

Read more

မြေပုံမြို့နယ်မှာ ကားမှောက်လို့ တဦးသေပြီးတဦးဒဏ်ရာရ

Border News Agencyမြေပုံ၊ အောက်တိုဘာ ၂၂။ မြေပုံမြို့နယ်မှာ ကားမှောက်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရရှိသွားတယ်လို့ မြေပုံဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကားမှောက်မှုကြောင့် မင်းပြားမြို့ နယ်၊ မေလွမ်းကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ကိုမျိုးချစ်အောင်သေသွားပြီး ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာက အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ကိုမင်းမင်းဒဏ်ရာရသွားပါတယ်။...

Read more

မောင်တောမြို့နယ်မှာ အရပ်သားတဦးကို အကြမ်းဖက်သမားတွေပစ်သတ်

Border News Agencyမောင်တော၊ အောက်တိုဘာ ၂၂။ မောင်တောမြို့နယ်၊ တောင်ပြို - ကြိမ်ချောင်းကားလမ်းမှာ အောက်တိုဘာလ ၂၁ရက်၊ မနေ့က အရပ်သားတဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ပစ်သတ်လိုက်ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။ အဲဒီအပြင် အတူပါလာသူတဦးလည်းဒဏ်ရာရသွားပေမယ့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး...

Read more

အာရက္ခတပ်တော်ထိန်းချုပ်မြို့တချို့ကို စစ်ကော်မရှင်တပ် ပြန်သိမ်းဖို့ကြိုးစားနေ

Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့တချို့ကို စစ်ကော်မရှင်တပ် ပြန်သိမ်းဖို့ ကြိုးစားနေပြီး ထိုးစစ်ကြီးတွေပြုလုပ်ဖို့အချိန်ယူနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်မြို့တချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူရန်အတွက် စစ်ကော်မရှင်တပ်ပြင်ဆင်နေမှုတွေကို ခုရက်တွေအတွင်း ပိုမိုတွေ့ရှိလာရတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။ အာရက္ခတပ်တော်နဲ့စစ်ရေးအရ ထိပ်...

Read more

ဒေသထုတ်တောအရက်တွေကို စစ်ဆေးအတည်ပြုဖို့ လိုအပ်နေ

Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ဒေသထုတ်တောအရက်တွေ သောက်သုံးသင့်၊ မသင့်စစ်ဆေးအတည်ပြုဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။ အဲဒီဒေသထုတ်တောအရက်တွေကို သောက်သုံးကြလို့ သေဆုံးတာတွေ၊ ကျန်းမာရေးထိခိုက်တာတွေ ဖြစ်နေကြတာမို့ တာဝန်ရှိသူ​တွေ စစ်ဆေးအတည်ပြုသင့်တယ်လို့ အာရက္ခပြည်သူတွေက...

Read more

ဘူးသီးတောင်မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးနှစ်ဦးသေဆုံး

Border News Agencyဘူးသီးတောင်၊ အောက်တိုဘာ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးနှစ်ဦးသေဆုံးသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီဘူးသီးတောင်မြို့နယ်၊ နနွင်းတူးကျေးရွာက အသက်ဆယ့်ငါးနှစ်အရွယ် ဆော်တူလာနဲ့ကျောက်ဆိပ်ကျေးရွာက အသက်ဆယ့်လေးနှစ်အရွယ် မာမတ်ဖိုတ်ဆာရ်သေဆုံးသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ သူတို့နှစ်ဦးဟာ...

Read more

ပလက်ဝမြို့နယ်မှာ အမျိုးသားတဦး ရေနစ်သေဆုံး

Border News Agencyပလက်ဝ၊ အောက်တိုဘာ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ အမျိုးသားတဦးရေနစ်သေဆုံးခဲ့တယ်လို့ ပလက်ဝဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလက်ဝမြို့နယ်၊ပြင်ဒိုင်းရွာအနီးမှာ အောက်တိုဘာလ ၂၀ ရက်၊ဒီနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရေစီးနဲ့အတူမျောပါလာတဲ့အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတယ်လို့ ပလက်ဝဒေသခံတွေက ဆိုကြပါတယ်။...

Read more

အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေအနီး စစ်ကော်မရှင်တပ်စစ်ရေးလှုပ်ရှားမှုပိုလုပ်နေ

Border News Agencyဂွ၊ အောက်တိုဘာ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တချို့မြို့တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူဖို့ စစ်ကော်မရှင်တပ်ပြင် ဆင်နေတယ်လို့ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာ အာရက္ခတပ်တော်က သတိပေးထားပါတယ်။ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား စစ်ရေးအရထိပ်တိုက်ရင်ဆိုင်နေရတဲ့စစ်တွေနဲ့ကျောက်ဖြူသို့ စစ်အင်အားတိုးတာတွေကို ပင်လယ်ရေကြောင်းက ခပ်စိပ်စိပ်ပြုလုပ်လာနေတယ်လို့...

Read more

သံတွဲနဲ့ဂွအနီးပင်လယ်ပြင်မှာ ညအချိ န်ငါးမဖမ်းကြဖို့ အာရက္ခတပ်တော်အသိပေး

Border News Agencyသံတွဲ၊ အောက်တိုဘာ ၂ အာရက္ခတပ်တော်(AA)သိမ်ပိုက်ထိန်း ချုပ်ထားတဲ့သံတွဲနဲ့ဂွအနီးပင်လယ်ပြင်မှာ ည ၆ နာရီမှ နံနက် ၆နာရီထိ ညအ ချိန်ငါးမဖမ်းကြဖို့ အောက်တိုဘာလ ၁၉ ရက်၊မနေ့ကရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအသိပေးတားမြစ်လိုက်ပါတယ်။ အဲဒီတားမြစ်အမိန့်ထုတ်ပြန်လိုက်တဲ့နေ့မှပြန်လည်ရုပ်သိမ်းကြောင်းမထုတ်ပြန်မချင်း ရေလုပ်သားတွေဟာသံတွဲနဲဂွအနီးပင်လယ်ပြင်မှာညအချိန်ငါးဖမ်းတာ "လုံးဝ"...

Read more

မင်းပြားမြို့နယ်မှာ ကလေးငယ်တဦး ရေနစ်သေဆုံး

Border News Agencyမင်းပြား၊ အောက်တိုဘာ ၁၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ ကလေးငယ်တဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ မင်းပြားဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ငှက်တော်ရရပ်ကွက်က ဦးဇော်ဝင်းရဲ့သားဖြစ်သူ အသက်ခုနှစ်နှစ်အရွယ် မောင်ချစ်လင်းဇော်ဖြစ်ပါတယ်။ မောင်ချစ်လင်းဇော်ဟာ အောက်တိုဘာလ ၁၇ရက်၊...

Read more
Page 37 of 108 1 36 37 38 108

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here